Mei Awm Law

Sunday, August 14, 2011

ဆလိုင်း – မိုင် အမေးအဖြေ


၁။ “ဆလိုင်း” ရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။
ဖြေ = “ဆလိုင်း” ဆိုတဲ့ ချင်းဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ “ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သားကောင်းယောက်ျား” ပဲ ဖြစ်ပါတယ်။

၂။ “မိုင်” ရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။
ဖြေ = “မိုင်” ဆိုတာကတော့ “သားကောင်း ရတနာများကို မွေးဖွားပေးမည့် မွေးဖွားပေးသော မိန်းမမြတ်” လို့ ချင်းလို အဓိပ္ပါယ် ရပါတယ်။

၃။ “ဆလိုင်း – မိုင်” ဆိုတာ ဘာလဲ။
ဖြေ = “ဆလိုင်း – မိုင်” ဆိုတာကတော့ ဒီနေ့ခေတ် ချင်းလူငယ် မျိုးဆက်သစ်တွေရဲ့ အမည်နာမ အရှေ့မှာ “အမျိုးသားယဉ်ကျေးမှု သစ်” တစ်ရပ်အနေနဲ့ အသုံးပြုလာကြတဲ့ “အမျိုးသားသင်္ကေတ” တစ်ရပ်ပဲ ဖြစ်ပါတယ်။ ချင်းလူငယ် ယောက်ျားများရဲ့ အမည်နာမ ရှေ့မှာ “ဆလိုင်း”၊ ချင်းလူငယ် အမျိုးသမီးရဲ့ အမည်နာမအရှေ့မှာ “မိုင်” ရယ်လို့ “ချင်း” အမျိုးသား/အမျိုးသမီး အမှတ်သင်္ကေတအဖြစ် သုံးစွဲကြခြင်း ဖြစ်ပါသည်။

၎။ “ဆလိုင်းနဲ့ မိုင်” ကို ချင်းလူငယ်တွေရဲ့ အမည်နာမအရှေ့မှာ အသုံးပြုလာကြခြင်းအားဖြင့် ဘယ်လို ထူးခြားမှုရှိပါသလဲ။
ဖြေ = ယနေ့ချင်းလူငယ်မျိုးဆက်သစ်တွေဟာ “ဆလိုင်းနဲ့ မိုင်” ကို အသုံးပြုကြခြင်းအားဖြင့် ကျယ်ဝန်းလှတဲ့ ဒေသအသီးသီးမှာ ပြန့်နှံ့နေထိုင်ကြပြီး၊ အမည်မှည့်ခေါ်ပုံနဲ့ ဘာသာစကား သုံးနှုန်းမှုခြင်း မြောက်မြားစွာ ကွဲပြားနေခဲ့ကြတဲ့ ချင်းမိသားစုဝင် တစ်ဦးနဲ့တစ်ဦး “တစ်မိသားစုဝင်တည်းဖြစ်ကြောင်း” အလွယ်တကူ သိရှိနိုင်ကြပါတယ်။
ယခင်ကဆိုယင် ချင်းအမျိုးသားရဲ့ အမည်မှည့်ခေါ်ပုံ ကွဲပြားခြားနားမှု၊ ဘာသာ စကားကွဲပြားမှု၊ နေရာဒေသ ကွဲပြားမှုတွေ ကြောင့်၊ မိမိတို့ရဲ့ အမျိုးသားအချင်းချင်း မသိရှိခဲ့ကြတဲ့အဖြစ်တွေ မကြာခဏကြုံတွေ့ခဲ့ရပါတယ်။
ဆလိုင်း-မိုင်ဆိုတာ ချင်းမျိုးဆက်သစ်တွေရဲ့ အမည်ရှေ့မှာ “ယဉ်ကျေးမှု” အသစ်အနေနဲ့ အသုံးပြုလာတဲ့ အမျိုးသား သင်္ကေတတစ်ခု ဖြစ်တယ်။


ချင်းလူမျိုးတိုင်း ဆလိုင်း-မိုင်ကို လေးလေးနက်နက် သုံးစွဲလာကြတဲ့အချိန်မှာတော့ အားကစားလောက၊ ဂီတလောက၊ အနုပညာနယ်ပယ်၊ ကျောင်းသားလောက၊ ၀န်ထမ်းလောက အစရှိတဲ့ အသိုင်းအ၀ိုင်း အသီးသီးမှာ တစ်ဦးနဲ့တစ်ဦး အမျိုးသားချင်း အလွယ်တကူ သိရှိနိုင်ကြပြီး အားပေးစရာ၊ ဂုဏ်ယူစရာ၊ ယိုင်းပင်းစရာ ရှိရင်လည်း တစ်ဦးနဲ့တစ်ဦး ပိုမိုလွယ်ကူစွာ သိရှိနီးစပ်ခွင့်ကို ရရှိနိုင်ကြပါတယ်။

၅။ “ဆလိုင်းနဲ့ မိုင်” ကို သုံးစွဲခြင်းအားခြင့်၊ ချင်းလူငယ်တွေရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ကျူးတယ်လို့ ဆိုနိုင်ပါသလား။
ဖြေ = ဟုတ်ပါတယ်၊ ဒေသအသီးသီးမှာ ကွဲကွဲပြားပြား နေထိုင်ကြ ရတဲ့ ချင်းမိသားစုဝင်တွေကို “ဆလိုင်း-မိုင်” ဝေါဟာရ ၂ ခုက စုစည်း ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒီဝေါဟာရ ၂ ခုကို သုံးစွဲရုံနဲ့ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးကို မရရှိနိုင်သေးပါဘူး။
“ဆလိုင်း-မိုင်” ကို ဒီနေ့ချင်းလူငယ်တွေ အသုံးပြုလာ ခြင်းဟာ ချင်းလူငယ်တွေအတွက် ဘုံဝေါဟာရအသုံးအဆောင် တစ်ရပ်ကို ပိုင်ဆိုင်လာတဲ့ “ပထမ” အဆင့်မှာပဲ ရှိပါတယ်။ တနည်း အားဖြင့် “ဆလိုင်း-မိုင်” ဆိုတာ (UNIFORM) (တသမတ်တည်း ဖြစ်ပေါ်မှု) ဒါမှမဟုတ် (UNIFORMITY) (တသမတ်တည်းဖြစ် ခြင်း တဆင်တည်းတူညီခြင်း) ဆိုတဲ့ တဆင့်မှသာ ရှိပါတယ်။ ဒီပထမအဆင့်မှာ ချင်းလူငယ်တွေ အနေနဲ့ (UNIFORMITY) အဆင့်ကို ရယူပိုင်ဆိုင်ပြီးတဲ့အပြင်၊ ဒုတိယအဆင့်ဖြစ်တဲ့ “ဆလိုင်းမိုင် စိတ်ဓာတ်” ကို ပိုင်ဆိုင်ရယူနိုင်ကြမှ သာလျှင် တကယ်နက်ရှိုင်းတဲ့ စည်းလုံးညီညွတ်ရေး (UNITY) ကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။

၆။ “ဆလိုင်း-မိုင် စိတ်ဓာတ်” ဆိုတာဘာလဲ။
ဖြေ = ဒီမေးခွန်းကို ရှင်းရှင်းလင်းလင်း ဖြေဆိုနိုင်ဖို့အတွက် “ဒေသစွဲ မျိုးနွယ်စွဲ စိတ်ဓာတ်” ဆိုတာတွေ အရင်ရှင်းရပါလိမ့်မယ်။ ဒေသစွဲ စိတ်ဓာတ်ဆိုတာ မိမိရဲ့နေထိုင်ရာ မိမိမျိုးနွယ်တို့ရဲ့ ကျက်စား ရာဒေသ သေးသေးနုပ်နုပ်ကိုသာ မြင်ပြီး မိမိရဲ့ဒေသ ကောင်းစား ရေးတစ်ခုထဲကိုသာ ပဓာနထားအာရုံစူးစိုက်တဲ့ စိတ်ဓာတ်ဖြစ်ပါ တယ်။ တနည်းဆိုရရင် တစ်စုတစ်ဝေးတည်းဆိုတဲ့ ချင်းတစ်မျိုးသားလုံးရဲ့ မိသားစုအမြင်တွေကို မဆုပ်ကိုင်ပဲ မေ့လျော့ဖယ်ရှားထားပြီး၊ ချင်းမိသားစုဝင်တွေရဲ့တိုးတက်မှု၊ စည်းလုံးမှုကို မိုက်မိုက်မဲမဲ ဟန့်တားနေတဲ့သမိုင်းရဲ့ ဆိုးမွေအမြင်ဟောင်းပဲ ဖြစ်ပါတယ်။
ဒီဒေသစွဲ/မျိုးနွယ်စွဲ စိတ်ဓာတ်ဟာ “ဆလိုင်းမိုင် စိတ်ဓာတ်” ဆိုတဲ့ ချင်းမိသားစုဝင် စိတ်ဓာတ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း လုံးလုံးလျားလျား ကွဲပြားဆန့်ကျင်နေပါတယ်။ ဒီမတူညီတဲ့အမြင် (စိတ်ဓာတ်) နှစ်ခုဟာ တစ်ခုက စိတ်ဓာတ်ရေးရာ၊ အတွေးအခေါ်ရေးရာဆုတ်မှုကို ပြညွှန်းနေပြီး၊ တစ်ခုက စိတ်ဓာတ် ရေးရာ အတွေးအခေါ်ရေးရာ တိုးတက်မှုကို ဖော်ကျူးနေပါတယ်။ ဆလိုင်းမိုင်စိတ်ဓာတ်ဟာ ချင်းမိသားစုဝင်အားလုံးရဲ့ တိုးတက်ဖွံ့ဖြိုးမှု၊ စည်းလုံးညီညွှတ်မှုကိုလိုလားတဲ့ “တိုးတက်တဲ့” စိတ်ဓာတ်ပဲဖြစ် ပါသည်။
ဆလိုင်းမိုင်စိတ်ဓာတ်ဟာ ခေတ်ဟောင်းကိုချန်ထားပြီး ခေတ်သစ်ကို တောင်းဆိုဦးတည်ပြုနေတဲ့ စိတ်ဓာတ်သာ ဖြစ်ပါတယ်။

၇။ ဆလိုင်းမိုင် စိတ်ဓာတ်ဟာ ချင်း သမိုင်းရဲ့တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာတယ်လို့ အခိုင်အမာ ပြောလို့ရပါသလား။
ဖြေ = ရပါတယ်။ ပဝေသဏီ ရှေးချင်းဘိုးဘေးတွေခေတ်မှာ ပိုင်ဆိုင်လာခဲ့တဲ့ “တစ်မိ တစ်ဝမ်း စိတ်ဓာတ်တွေ”၊ ဘာသာစကား တစ်ခုတည်းကိုသာ ပြောဆိုသုံးနှုန်းခဲ့တဲ့ လှပမွန်မြတ်တဲ့ အတိတ်ခေတ်တွေဟာ – တောတောင်ရေမြေ ပထ၀ီအနေအထားနဲ့ ပတ်ဝန်းကျင် ပရောဂ အသီးသီးကြောင့်၊ မိသားစု အစည်းပြေခဲ့ပြီး ဘာသာစကားမှအစ စိတ်ဓာတ်၊ အမြင်ရေးရာ တွေမှာလည်း တစ်မျိုးတစ်ဘာသာ တရွာတပုတ်ဆန်းခဲ့ကြပါတယ်။
အရင်ကပိုင်ဆိုင်ခဲ့တဲ့ “တစ်မိတစ်ဝမ်း စိတ်ဓာတ်” တွေ ပျောက်သုဉ်းပြီးတဲ့ ခေတ်ကာလဟာ အကျည်းတန်ဆိုးဝါးပြီး ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ရပ်ကို ချင်းမိသားစုဝင်တွေ ဖြတ်သန်း ခဲ့ကြရတာပါ။
ချင်းလူ့သမိုင်း တစ်လျှောက်မှာ ပြန်လည်စုစည်းဖို့ အတွက် သူ့ခေတ်သူ့အခါ သူ့အခြေအနေအရ အမျိုးမျိုးကြိုးပမ်းခဲ့ကြ ပါတယ်။ ပဝေသဏီက ပိုင်ဆိုင်ခဲ့တဲ့ မိသားစုစိတ်ဓာတ်ကောင်း တွေကို ပြန်လည်ဖော်ထုတ်ဖို့ သမိုင်းတစ်လျှောက်မှာ “လိုအပ်” နေခဲ့ပါ တယ်။
ဒီ “လိုအပ်မှု” သည်ပင်လျှင် သမိုင်းရဲ့တောင်းဆိုမှု ဖြစ်တယ်လို့ အခိုင်အမာ ဆိုနိုင်ပါတယ်။ ဒီသမိုင်းရဲ့ တောင်းဆိုမှုကို ဖြည့်စည်းနိုင်ရေးအတွက် ဒီကနေ့ “ဆလိုင်း-မိုင်” လူငယ်မျိုးဆက်တွေက “ဆလိုင်းမိုင်စိတ်ဓာတ်” ဆိုတဲ့ ချင်းမိသားစုဝင် စိတ်ဓာတ်ကို ပြန်လည်ပြုစုပျိုးထောင်နေတာဖြစ်ပါတယ်။ “ဆလိုင်း-မိုင် စာပေ” တွေဟာ လွဲပျက်သုဉ်းခဲ့တဲ့ မိသားစုစိတ်ဓာတ်တွေ ပြန်လည်ရှင်သန် ကြီးထားဖို့အတွက် သမိုင်းရဲ့တောင်းဆိုမှုအရ ပေါ်ထွန်းလာရပါတယ်။

၈။ “ဆလိုင်းမိုင်စာပေ” ဆိုတာဘာလဲ။
ဖြေ = “ဆလိုင်း-မိုင်စာပေ” ဆိုတာကတော့ ချင်းမိသားစုစိတ်ဓာတ် ပြန်လည်ရှင်သန်ရေးအတွက် အတွေးအမြင်သစ်တွေကို ဖေါ်ထုတ်တဲ့ စာပေဖြစ်ပါတယ်။ မည်သည့် ဘာသာစကား (ချင်း၊ မြန်မာ၊ အင်္ဂလိပ်…) နဲ့ပဲ ရေးသည်ဖြစ်စေ “ချင်းမိသားစုဝင်တွေ ပြန်လည်စုစည်းရေး၊ “ချင်းမိသားစုစိတ်ဓာတ်” ရှင်သန်ကြီးထွားရေး အတွက် ရေးသား၊ လှုံ့ဆော်၊ တိုက်တွန်းတဲ့-ဆောင်ပါး၊ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ စာညွှန့်စတဲ့စာပေအားလုံးကို ခြုံငုံပြီး “ဆလိုင်းမိုင်စာပေ” လို့ တင်စား ခေါ်ဝေါ်ကြတာဖြစ်တယ်။

၉။ “ဆလိုင်း” နဲ့ “မိုင်” ဝေါဟာရဟာ မည်သည့် ချင်းအမျိုး နွယ်တို့ရဲ့ ဘာသာစကားဖြစ်ပါသလဲ။
ဖြေ = မြေပြန့်ဒေသနေ အရှိုချင်း ညီအစ်ကိုတို့ရဲ့ ဝေါဟာရပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ် (ဆလိုင်းမိုင်ခေတ်) အနေနဲ့ပြောမယ် ဆိုရင် “ဆလိုင်းမိုင်” ဆိုတဲ့ဝေါဟာရဟာ ချင်းမိသားစုဝင်အားလုံး ပိုင်ဆိုင်တဲ့ ဝေါဟာရပဲဖြစ်ပါတယ်။
ဒီဝေါဟာရကို တောင်ပေါ် – မြေပြန့် – တောင်ပိုင်း မြောက်ပိုင်း နေရာအနှံ့ အသုံးပြုလာကြတဲ့ အချိန်ကစပြီး၊ ဒီဝေါဟာရ ကို ချင်းမိသားစုဝင်အားလုံးရဲ့ ဘုံပိုင်ဝေါဟာရအဖြစ် သိမ်းကြုံးလိုက် တယ်လို့ ဆိုရပါလိမ့်မယ်။
ဒီနေ့ဆလိုင်းမိုင် လူငယ်တွေဟာ “ဆလိုင်းမိုင်” အတွေးအခေါ်ကို စွဲကိုင်ကြပြီး မြေပြန့်ရယ်၊ တောင်ပေါ်ရယ်၊ တောင်ပိုင်းရယ်၊ မြောက်ပိုင်းရယ်-ဟိုဖက်ဒီဖက်ကစ ခွဲခြားတဲ့ စိတ်ဓာတ် (ဒေသစိတ်ဓာတ်)ကို တစ်စတစ်စ ဖယ်ရှားလာ ကြပြီး ဖြစ်တဲ့အပြင်၊ သမိုင်းက တောင်းဆိုနေတဲ့ ဘုံဘာသာစကား (ဘုံစကား)ကိုလည်း အမြင်သစ်တွေနဲ့ ချဉ်းကပ် ရှာဖွေနေကြပါပြီ။

၁၀။ “ဆလိုင်းမိုင်စိတ်ဓာတ်” ရဲ့အရင်းအမြစ်ဟာဘာလဲ။
ဖြေ = ချင်းလူ့အဖွဲ့အစည်းမှာ ဘာသာ မျိုးကွဲပေါင်းမြောက်မြားစွာ ရှိတဲ့အလျှောက် ၁၉၆၅ ခုနှစ်ပတ်ဝန်းကျင်မှာ တောင်ပေါ်ချင်းဒေသ တွေ အလိုက်မိမိတို့ရဲ့ ဘာသာစကားအရ ကျား/မ အမည်ရှေ့မှာ သင်္ကေတမျိုးကွဲတွေ အမျိုးမျိုးပေါ်ပေါက်ခဲ့ပါတယ်။
(Taang-Lia, Pa-Nu, Val-Leng) … စသည်ဖြင့် ဒေသအလိုက် အကွဲကွဲအပြားပြား စတင်အသုံးပြုလာ ကြသည်။ ၁၀ နှစ်ခန့်ဖြတ်သန်းခဲ့ပြီး ၁၉၇၃ ခု နှစ် ရန်ကုန်တက္ကသိုလ် ခ-စ-ယ အစည်းအဝေးတစ်ခုမှာ ဒီလိုမျိုးကွဲ သင်္ကေတတွေကို အသုံးပြုမဲ့အစား အားလုံးဘုံအဖြစ်အသုံးပြုနိုင်မဲ့၊ “အသုံးပြုသင့်တဲ့” ကျား/မ သင်္ကေတတစ်ခုခုကို သတ်မှတ်ဖို့ ဆွေးနွေးခဲ့ကြတယ်…။
အဲ့ဒီအစည်းအဝေးမှာ (Salai-Mai) သာလျှင် ချင်းလူငယ်တွေရဲ့ “ဘုံ” ပိုင်ဆိုင်မှု ဝေါဟာရ သင်္ကေတဖြစ်သင့်တယ် ဆိုတာကို အများစုက လက်ခံခဲ့ကြပါတယ်။ ၁၉၇၄-ခုနှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲမှာ စတင်အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် တရားဝင်မကြေငြာနိုင်ခဲ့ပါဘူး။ ၁၉၇၇ -ခုနှစ် ခစယ အစည်းအဝေး ဆုံးဖြတ်ချက်မှာမှ ပီပီပြင်ပြင် ဖြစ်လာပြီး ကြေးမုံသတင်းစာမှာ သတင်းတစ်ခုအဖြစ် တိတိကျကျ ပီပီပြင်ပြင် ဖြစ်လာခဲ့ပါတယ်။
အရင်က (Taang-Lia, Pa-Nu, Val-Leng) … စသည်ဖြင့် ဒေသအလိုက် သုံးစွဲကြတဲ့ “ဒေသသုံး” သင်္ကေတ ဝေါဟာရတွေကို “စွန့်လွှတ်ပြီး (Salai-Mai) ကို တခဲနက် ထောက်ခံအသုံးပြုလာကြပါတယ်။
မိမိတို့ရဲ့ ဒေသသုံး သင်္ကေတတွေ၊ မိမိတို့အသီးသီးရဲ့ ဒေသစွဲနှစ်သက်မှုတွေကို စွန့်လွှတ်ပြီး “ဘုံစိတ်ဓာတ်” စခန်းကို ရောက်လာနိုင်ကြတာမို့ ဒေသစွဲသမိုင်းအမွေဟောင်းတွေကို ပြတ်ပြတ်သားသား တွန်းလှန်စွန့်လှူနိုင်တဲ့ “ဆလိုင်း မိုင်စိတ်ဓာတ်” ကို ပိုင်ဆိုင်စွဲကိုင်နိုင်လာကြတာဖြစ်တယ်။
ဒီလို ဒေသစွဲကြိုက်နှစ်သက်မှု၊ ရွေးချယ်မှုတွေကို စွန့်လွှတ်နိုင်တဲ့ “စိတ်ဓာတ်သစ်”ကို အစွဲပြုပြီး၊ ဒီလိုစိတ်ဓာတ်မျိုးကို ဒီနေ့ချင်း လူငယ်မျိုးဆက်သစ်တွေက “ဆလိုင်းမိုင်စိတ်ဓာတ်” လို့ တင်စားခေါ်ဝေါ်သမုတ် လိုက်တာပါပဲ။
တနည်းအားဖြင့် ချင်းလူငယ်မျိုးဆက်သစ်တွေဟာ ချင်းလူ့သမိုင်းမှာ ကဏ္ဍသစ်တရပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ချင်းလူ့ အဖွဲ့အစည်းရဲ့ (Renaissance) “ဥာဏ်သစ်လောင်း” ခေတ်တစ်ခု အစချီခဲ့တာပါပဲ။

၁၁။ “ဆလိုင်းမိုင်စိတ်ဓာတ်” ပေါ်ထွန်းလာတာကို ချင်းလူ့အဖွဲ့အစည်းရဲ့ (Renaissance) လို့ အမှန်တကယ် ခိုင်ခိုင်မာမာ သတ်မှတ်လို့ရသလား။
ဖြေ = ဒီလိုပဲ အခိုင်အမာ သတ်မှတ်နိုင်ပါတယ် (Renaissance) ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကိုက (Rebirth) ပြန်လည်မွေးဖွားခြင်း ဖြစ်ပါတယ်။
ဆလိုင်းမိုင်စိတ်ဓာတ်ဆိုတာ ရှေးချင်းဘိုးဘေးခေတ် မိသားစုစိတ်ဓာတ်၊ တခုတည်းသောစိတ်ဓာတ်၊ တစ်မျိုးတည်းသော ဘာသာစကား ထွန်းကားခဲ့တဲ့ သမိုင်းခေတ်ဦးကာလ၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးခေတ်မှာရှိခဲ့ပြီးသား ပိုင်ခဲ့ပြီးသား “ဘုံစိတ်ဓာတ်၊ ဘုံဘာသာစကား” ဆိုတာတွေ ပြန်လည်မွေးဖွား ရှင်သန်လာတာပဲ ဖြစ်ပါတယ်။
ဒီစိတ်ဓာတ်ဟာ အသစ်တွေ့ရှိချက်၊ အသစ်တီထွင်မှု မဟုတ်ဘူး၊ မတော်တဆ ပေါ်ပေါက်လာတဲ့ ကိစ္စလဲ မဟုတ်ပါဘူး။
အိပ်မက်ယောင်ပြီး ထအော်တာလဲ မဟုတ်ပါဘူး။ ရှေးချင်းဘိုးဘေးတွေရဲ့ တစ်မိတစ်ဝမ်းတည်း “မိသားစုစိတ်ဓာတ်” ပြန်လည်မွေဖွားခြင်း (Rebirth, Renaissance) ဥာဏ်သစ် လောင်းခြင်းပဲ ဖြစ်ပါတယ်။
ရှေးချင်းဘိုးဘေးတွေ ပိုင်ဆိုင်ခဲ့တဲ့ စိတ်ဓာတ်နဲ့ အခြေခံအားဖြင့် ဘာမှကွာခြားမှုမရှိပါဘူး၊ တစ်ခုပဲခြားနား၊ ထူးခြားတာ ရှိပါတယ်။ ဒီစိတ်ဓာတ်ကို “ဆလိုင်းမိုင် စိတ်ဓာတ်” ရယ်လို့ တင်စားပြီး ဝေါဟာရတခုအားဖြင့် သတ်မှတ် သမုတ်ခေါ်ဝေါ်ခဲ့ကြတဲ့ အချက်တစ်ခု၊
ဘုံစိတ်ဆိုတာ လူမျိုးတိုင်းမှာ ကိုယ်စီရှိတဲ့သဘာဝ ပိုင်ဆိုင်မှုဖြစ်တဲ့အလျှောက်
“အသင်းအဖွဲ့ကမဟုတ်။
ဦးဆောင်သူရယ်လို့လဲမလိုမရှိ။
ဖွဲ့စည်းခြင်းလဲမမည်” တဲ့ ခေတ်သမိုင်းရဲ့ မွေးထုတ်ပေးတဲ့ အရာကိစ္စ(ရိုးရိုးစင်းစင်း) တစ်ခုပဲ ဖြစ်ပါတယ်။

၁၂။ “ဆလိုင်းမိုင်” ဆိုတာ အစအဦးက မြေပြင်နေ “အရှိုချင်းအနွယ်ဝင်” တို့ရဲ့ ဝေါဟာရဖြစ်ပြီး၊ အခုခေတ်မှာတော့ ချင်းအမျိုးသားအားလုံးပိုင် ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ ဒါကို ပီပီပြင်ပြင် သိလိုပါတယ်။
ဖြေ = ၁၉၃၅ ခုနှစ်တုန်းက သရက်မြို့မှာ မြေပြန့်ချင်း ညီအစ်ကိုတို့ရဲ့ “နယ်ပေါင်းစုံအစည်းအဝေးတစ်ခု” ခေါ်ယူကျင်းပပြီး၊ ချင်းတွေရဲ့ အမည်နာမရှေ့မှာ ချင်းမှန်းသိအောင် (တစ်မိသားစုဝင်ဖြစ်ကြောင်း အမှတ်သင်္ကေတ တစ်ခုသတ်မှတ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။)
“ဆလိုင်းမိုင်”ဆိုတဲ့ သင်္ကေတဝေါဟာရကို ချင်းတို့ရဲ့ ကျား/မ သင်္ကေတအဖြစ် နာမည်ရှေ့မှာ အသုံးပြုမှုဟာ၊ ဒီအစည်းအဝေးကြီးကနေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီဝေါဟာရဟာ၊ အရှိုချင်းတွေရဲ့ ဘာသာစကားမှာ အရင့်အရင် (ရှေး) ကတည်းက ရှိပြီးသားဖြစ်ပေမဲ့၊ နာမည်ရှေ့မှာ အသုံးပြုခဲ့ခြင်း မရှိခဲ့ကြပါဘူး။ တောင်ပေါ်ဒေသမှာ ဒီလိုသင်္ကေတ အသီးသီးစတင်တဲ့ ၁၉၆၅-ခုနှစ်ထက် အနှစ် ၃၀ စောပါတယ်။ ချင်းလူငယ်များရဲ့ “ဘုံ” သုံးဝေါဟာရ တစ်ခုရှာဖွေကြတဲ့ ၁၉၇၃ ခုနှစ်နဲ့ စာရင် အနှစ် ၄၀ စောပါတယ်။
အဲဒီအနှစ် ၄၀ ကာလမှာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအ၀ှမ်းမှာ “ဆလိုင်းမိုင်” ဆိုရင် ချင်း (မြေပြန့်ချင်းမှန်း) လူတိုင်းသိနေကြပါပြီ။ အနှစ် ၄၀ ဆိုတာ ရာစုနှစ်တခုရဲ့ “ထက်ဝက်” နီးနီးရှိပါတယ်။
အများသိပြီး နားလည်ပြီးဖြစ်တဲ့ “ဆလိုင်း-မိုင်” ကို အားလုံး “ဘုံ” သုံးအဖြစ် သတ်မှတ်နိုင်မှ သဘာဝကျ မယ်ဆိုတာကို နားလည်သဘောပေါက်ကြတဲ့အလျောက် “ဆလိုင်းမိုင်” ဆိုတဲ့ သင်္ကေတကို “ဘုံ” ပိုင်အဖြစ် သိမ်းပိုက်လိုက်ကြတာပါပဲ။ ဒါကြောင့် ဒီဝေါဟာရဟာ ချင်းအမျိုးသားအားလုံးတို့ရဲ့ ပိုင်ဆိုင်မှု “အမျိုးသားပိုင်” ဖြစ်ပါတယ်။

၁၃။ “ဆလိုင်းမိုင်လှုပ်ရှားမှု” ဟာ ချင်းလူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ရေးရာ ကွဲပြားမှုတွေကို စုစည်းပေးတယ်လို့ဆိုပေမဲ့ ၁၉၇၇ ခု၊ ပတ်ဝန်းကျင်မှာ ဆလိုင်းမိုင်ပြဿနာကြောင့် စည်းရုံးမှု တော်တော်ပျက်ပြားခဲ့ရတယ်လို့ သိရပါတယ်။ မှန်ပါသလား။
ဖြေ = ဂ မှားတယ်။
ဂ ဆလိုင်းမိုင်ပြဿနာ လုံးဝမရှိခဲ့ပါဘူး။
တဦးနဲ့တဦး နားလည်မှုကွာခြားတာတော့ ရှိခဲ့ပါတယ်။ အငြင်းပွားမှုကလေးတွေလည်း ရှိခဲ့ပါတယ်။
ဒီလို အဖြစ်အပျက်တွေဟာ ကမ္ဘာ့အတွေးအခေါ် သမိုင်းနဲ့ ကြည့်မယ်ဆိုရင် အသေးအဖွဲ့ ကိစ္စပါပဲ။ အတွေးအခေါ် သစ်တစ်ခု ပေါ်ထွန်းတိုင်း ပေါ်ထွန်းတိုင်း ဒီလိုကိစ္စမျိုး ရှိစမြဲ ဓမ္မတာပါပဲ။
ဒါပေမဲ့ အဲဒီအသစ်တွေဟာ မှန်ကန်တယ်၊ ရိုးသား တယ်၊ တကယ်တမ်း လူသားဝန်းကျင်ကို အကျိုးပြုတယ် လက်တွေ့ ကျတယ်ဆိုရင် တစ်နေ့တစ်ချိန်မှာ အားလုံးက လက်ခံလာကြတာ ချည်းပါပဲ။
ဒီနေ့ “ဆလိုင်း-မိုင်” တိုးတက်မှုကို လိုလားတဲ့ စည်းလုံးမှုကို လိုလားတဲ့၊ ရိုးသားစွာ တွေးခေါ်မြော်မြင် တဲ့ ချင်းလူငယ်တိုင်းက (အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ) နားလည် သဘောပေါက်ကြပါမယ်။
ဒါတင်မကပါဘူးကျွန်တော်တို့ အမိပြည်ထောင်စု အတွင်းနေထိုင်ကြတဲ့ အခြားတိုင်းရင်းသား ညီအစ်ကို တွေကိုယ်တိုင်က “ဆလိုင်း-မိုင်” ဆိုရင် “ချင်း” ဆိုတာကို လက်ခံ နေကြပါပြီ။
အခုကျွန်တော်တို့ရဲ့ဘ၀ကို စာနာထောက်ထားတဲ့ မြေပြန့် ညီအစ်ကိုတွေကိုယ်တိုင်ရဲ့ အားပေးကူညီမှုကို ခံယူနေပါပြီ။
ဒါကြောင့် “ဆလိုင်း-မိုင်” လှုပ်ရှားမှုဆိုတာ ချင်းလူ့အဖွဲ့အစည်းထဲမှာ “ပြဿနာတစ်ခုအဖြစ် ပေါ်ထွန်းလာတာ မဟုတ်ပဲ” နာတာရှည်ဒေသစွဲ သမိုင်းပြဿနာများပေးတဲ့ “သော့ချက်” သာလျှင် ဖြစ်ပါတယ်။
ကျဉ်းမြောင်းတဲ့ ဒေသစွဲစိတ်ဓာတ်ကိုသာမက၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး အမြင်တွေကိုပါ အမြစ်ပါ တွန်းလှန်နေတဲ့ “ဆလိုင်းမိုင်လှုပ်ရှားမှု” ဟာ စည်းလုံးမှု ပျက်ပြားခွင့်ပေးမှာ မဟုတ်ပါဘူး။

၁၄။ “ဆလိုင်း-မိုင် အတွေးအခေါ်” ကို လေ့လာဖို့ လိုပါသလား။
ဖြေ = “ဆလိုင်း-မိုင် အတွေးအခေါ်” ဆိုတာ စာတစ်စောင်တစ်တွဲ ကျမ်းဝန်တခုအဖြစ် ပေထက်အက္ခရာ တင်ရလောက်အောင် မရှိပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အတွေးအခေါ်လဲ မဟုတ်ပါဘူး၊ ဒီအတွေးအခေါ်ကို လေ့လာဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ဆလိုင်း-မိုင် ချင်းမျိုးနွယ်ဝင်တွေရဲ့ နှလုံးသားထဲကို နက်နက်ရိုင်းရိုင်း ၀င်ရောက်ဖို့ လိုအပ်ပါတယ်။
“ဆလိုင်း-မိုင် အတွေးအခေါ်”ဆိုတာဦးနှောက်ထဲ ယိုစီးတဲ့ အရာကိစ္စမဟုတ်ပဲ ဒီနေ့ခေတ် ချင်းလူငယ် မျိုးဆက်သစ် တွေရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ စိတ်ဓာတ်သာလျှင် ဖြစ်ပါတယ်။ ဆလိုင်းမိုင်အတွေးအခေါ်ဟာ ထာဝရရှင်သန်နေမှာ ပါပဲ။

၁၅။ ချင်းတွေရဲ့ နာမည်ရှေ့မှာ ဘုံသင်္ကေတအဖြစ် “ဆလိုင်း၊ မိုင်”လို့ အသုံးပြုခြင်းဟာ အခြားဝေါဟာရတွေဖြစ်တဲ့ (Taang Lia, Pa Nu, Val Leng) တွေကိုသုံးဖို့ မသင့်တော်လို့ လား၊ မကောင်းလို့လား။
ဖြေ = ၁၉၇၃-ခုနှစ် ရန်ကုန်တက္ကသိုလ် ခ.စ.ယ အစည်းအဝေးမှာ ဘုံဝေါဟာရကို စတင်ဆွေးနွေးခဲ့တုန်းက မည်သည့်ချင်းဝေါဟာရကို သတ်မှတ်အသုံးပြုရမယ်ဆိုပြီး၊ မူသေသတ်မှတ်ရန် ရည်ရွယ်မှု မရှိခဲ့ပါဘူး။ မည်သည့်ချင်းဝေါဟာရကိုမဆို တစ်ခုခုကိုသာ သင့်တော်ရင်သင့်တော်သလို ဘုံဝေါဟာရ၊ ဘုံသင်္ကေတအဖြစ် အခြေခံပြီး သတ်မှတ် သုံးစွဲကြဖို့ အခြေခံထား ဆွေးနွေးခဲ့တာသာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကြီးမှာအခြေအတင် အပြန်အလှန် တင်ပြ၊ ညှိနှိုင်းဆွေးနွေး၊ ငြင်းခုံကြပြီး ချင်းမျိုးနွယ်စုတွေရဲ့ နာမည် ရှေ့မှာ အသုံးပြုနေကြတဲ့ အမှတ်သင်္ကေတတွေ အသီးသီးအနက် “ဆလိုင်း-မိုင်” ကို ချင်းတစ်မျိုးသားလုံးရဲ့ သင်္ကေတအဖြစ် အသုံးပြုသင့်ကြောင်း အများက သဘောတူလက်ခံ ဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ချင်းမျိုးနွယ်တစ်ခုရဲ့ အမည်သင်္ကေတဟာ သက်ဆိုင်တဲ့မျိုးနွယ်စု တစ်ခုထဲရဲ့ ပိုင်ဆိုင်မှုဆိုတဲ့ အဆင့်ကနေ အမျိုးသားသင်္ကေတ (တစ်မျိုးသားလုံးရဲ့ ပိုင်ဆိုင်မှု) အဖြစ် အဆင်မြင့် ကျယ်ဝန်းလာခဲ့ပြီး၊ ကျန်တဲ့အခြားမျိုးနွယ် ၀င်အသီးသီးရဲ့အမည် သင်္ကေတတွေဟာ မြို့နယ်၊ မျိုးနွယ်၊ ဒေသကို လိုက်ပြီး အသုံးပြုကြတဲ့ သင်္ကေတအဆင့်မှသာ ကျန်ရစ်ခဲ့ကြပါတယ်။
မျိုးဆက်သစ် တော်တော်များများဟာလည်း မျိုးနွယ်စွဲ အသုံးပြုမှုတွေကို ချန်ရစ်ခဲ့ပြီး၊ ဆလိုင်းမိုင်ဆိုတဲ့ ဝေါဟာရနဲ့အတူ အရှေ့ကို တစ်လှမ်းတိုးနိုင်ခဲ့ကြပါတယ်။
ဒီနေရာမှာ “ဆလိုင်းမိုင်” ဆိုတဲ့ ဝေါဟာရသည်သာ “အကောင်း” ဖြစ်မယ်၊ အခြား ဝေါဟာရတွေဟာ မကောင်းဘူးလို့ ဆိုလိုရင်း လုံးဝမရှိပါဘူး၊ ဆလိုင်းမိုင်ဆိုတာ ဝေါဟာရလုပွဲလည်း မဟုတ်ဘူး။ အထက်ကပြောခဲ့တဲ့ အစည်းအဝေးအရ ဘုံအဖြစ် အသုံးပြုမယ့် ဝေါဟာရတစ်ခုကို အများသဘောတူညီမှုနဲ့ မဆုံးဖြတ် နိုင်တဲ့ကာလတခုလုံး (အသီးသီး)ဟာ မျိုးနွယ်အလိုက် အသုံးပြုမှုဆိုတဲ့ အဆင့်တန်းတူအဆင့်တန်းမှာပဲ ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ “ဆလိုင်းမိုင်” ဟာ အများသဘောတူ ဘုံပိုင်ဆိုတဲ့ နေရာကို ရရှိနိုင်ခဲ့တဲ့အတွက် “ချင်းတစ်မျိုးသားလုံးပိုင်” သင်္ကေတအဖြစ် အဆင့်မြင့်ကျယ်ပြန့်လာရပါတယ်။ ဒါကြောင့် ကောင်း/မကောင်းဆိုတာဟာ ဝေါဟာရစကားလုံးအရ၊ ခွဲခြားပြောဆို သတ်မှတ်လို့မရပါဘူး။ ဘုံပိုင်ဖြစ်လား၊ မဖြစ်ဘူးလား၊ အများသုံးလား၊ မျိုးနွယ်သုံးလား၊ ညီညွတ်ရေးလား၊ ကွဲပြားရေးလား ဆိုတာပေါ်မှာသာ ကောင်း/မကောင်းဆုံးဖြတ်ခွဲခြား ဝေဖန်ရမှာ ဖြစ်ပါတယ်။
ဒီအမြင်ရှုဒေါင့်အရ “ဆလိုင်း-မိုင်” (ဘုံဝေါဟာရ သင်္ကေတ) သာလျှင် ချင်းလူမျိုးအတွက် အကောင်းဆုံး အသင့်တော်ဆုံးသုံး ရမဲ့ ဝေါဟာရဖြစ်ကြောင်း ထင်ရှားပါတယ်။

၁၆။ အရှိုချင်းနွယ်ဝင်တို့ရဲ့ ပါးစပ်သမိုင်းအရ (Salai Mai) ဆိုတဲ့ ဝေါဟာရဟာ ချင်းအမျိုးသားတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အသုံးပြုကြဖို့ (Mother God) က ပေးလာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုနားလည် လက်ခံထားကြပါသလဲ။
ဖြေ = ဘာသာ ဗေဒပညာရှင်တို့ရဲ့အဆိုအရ စကားလုံး ဝေါဟာရတွေဟာ ၎င်းင်းတို့ရဲ့ ကိုယ်ပြုရာ အရာဝတ္ထု (သို့မဟုတ်) စိတ်၊နာမ် ခံစားမှုဖြစ်စဉ်တို့နဲ့ သီးခြားကင်းလွတ်ပြီး ပေါ်ပေါက်လာ တယ်လို့ ဆိုကြပါတယ်။ စကားလုံး ဝေါဟာရတွေဟာ အမှတ် အသား၊ သင်္ကေတသက်သက်သာလျှင်ဖြစ်ကြောင်း ဖွင့်ဆိုကြပါ တယ်။ ဒါဟာ ဒီနေ့ခေတ်သစ် ဘာသာဗေဒ ပညာရှင်တို့ရဲ့ အဆိုဖြစ် ပြီး အထက်ပါအဆိုဟာ ဒဏ္ဍရီဆန်တဲ့ အဆိုသာ ဖြစ်ပါတယ်။
ဒဏ္ဍာရီပုံပြင်တွေဟာလည်း၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ဘဏ်တိုက်ထဲက ကျောက်မျက်ရတနာ တပါးပါပဲ။
ဒါပေမဲ့ ဒီနေ့မျိုးဆက်သစ်တွေက “ဆလိုင်းမိုင်” ဆိုတာကို ဝေါဟာရအရသော်လည်းကောင်း၊ အဓိပ္ပါယ် အရသော်လည်းကောင်း၊ အခြေခံပြီး လက်ခံသုံးစွဲကြတာ မဟုတ်ပဲ “အသုံးပြုမှု” အတိုင်းအတာနဲ့ ဖြစ်တဲ့ “ဘုံသုံး (ညီညွတ်ရေး) ဝေါဟာရဖြစ်ခြင်း” ဆိုတဲ့အပေါ်မှာ မူတည်ပြီး အလေးအနက်ထား သုံးစွဲကြတာ ဖြစ်ပါတယ်။

၁၇။ “ဆလိုင်းမိုင်” အသုံးပြုမှု အတိုင်းအတာနဲ့ အလားအလာ ဘယ်လိုရှိပါသလဲ။
ဖြေ = စာရင်းဇယားအရ အရေအတွက် ကောက်ယူတင်ပြဖို့ မဖြစ်နိုင်ပေမဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ်တိုင်းမှာ ဆလိုင်းမိုင်ကို လက်ခံအသုံးပြုသူတွေ ရှိနေကြပါတယ်။ အသုံးပြုမှု အနည်းအများ ကွာခြားမှုရှိတာကလွဲရင်လုံးဝသုံးစွဲ သူမရှိတဲ့ မြို့နယ် မရှိပါဘူး။
ဒါပေမဲ့ ဆလိုင်းမိုင် လှုပ်ရှားမှု စတင်ခဲ့တဲ့ ဒီ(၁၀) စုနှစ်အတွင်း သဘောပေါက် လက်ခံအသုံးပြုမှုဟာ တစ်စတစ်စ ကျယ်ပြန့်နေတာကို လက်တွေ့သိရှိမြင်တွေနေရပါတယ်။
အချိန်ဆိုတာ အယူအဆသစ်ရဲ့ ဘက်တော်သားအဖြစ် သစ္စာရှိရှိ ထာဝစဉ် ရပ်တည်လေ့ရှိပါတယ်။
လောလောဆယ်အားဖြင့် ခေတ်ဟောင်း အမွေဆိုးရဲ့ လောင်းရိပ် အောက်ကနေ မရုန်းထွက်နိုင်ကြသေး တဲ့ မျိုးဆက်ဟောင်း (OLD GENERATION) နဲ့ အဲဒီမျိုးဆက် ဟောင်းရဲ့ တားဆီး ပိတ်ဆို့ဟန့်တားမှုကို ခံနေကြရတဲ့ ရိုးသားတဲ့ မျိုးဆက် သစ်တွေဟာ “ဆလိုင်း-မိုင်” ရဲ့ အနှစ်သာရကို မသိကျိုးကျွန် ပြုလို့မရ၊ တစ်စတစ်စသိရှိလာကြပြီ ဖြစ်တဲ့အတွက် “ဆလိုင်းမိုင်” အသုံးပြုမှု အတိုင်းအတာဟာ နောင် အသစ်အသစ်သော ပေါ်ထွန်းဦးမဲ့ မျိုးဆက်သစ်တွေ အထိ ကောင်းမွန်တောက်ပတဲ့ အလားအလာ တွေကို မျှော်လင့်နိုင်ကြပါပြီ။
ဆလိုင်းမိုင်စိတ်ဓာတ်ရဲ့ မွန်မြတ်မြင့်မားတဲ့ အရှိန် အဟုန်တွေဟာ လာလတ္တံ့သော အနာဂတ်ချင်း လူ့အဖွဲ့အစည်း အတွက် သစ်လွင်တဲ့ ဖြစ်ပေါ်တိုးတက်မှုပေါင်း မြောက်မြားစွာကို မုချမလွဲ ဆောင်ကျဉ်းပေးမယ်ဆိုတာကို အခိုင်အမာ ယုံကြည်လို့ရပါ ပြီ။

(အောက်ချင်းငှက် (VAKOK) စာစဉ် အတွဲ (၂) အမှတ် (၃) (၃၄-နှစ်မြောက် ချင်းအမျိုးသားနေ့အထူး ထုတ်) အတွဲ (၃) အမှတ် ၁း၂ တွင် ဖေါ်ပြခဲ့သော ဆလိုင်-မိုင် အမေးအဖြေကို ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂ တွင် ပြန်လည် ဖြည့်စွတ်၍ တင်ပြခြင်း ဖြစ်သည်။ )

Source...Chinmagazine
မှတ်ချက်။ ။ပုံကတော့ ကူကယ်က ရတဲ့ ပုံကိုထည့်တာပါ... မူရင်းပုံ မဟုတ်ပါဘူး...

Saturday, August 13, 2011

ကျွဲရိုင်း

လမ်း မရှိ
ကား မရှိ
ငွေ မရှိ
အိမ် မရှိ

အလင်း မရှိ
လျှပ်စစ်မီး မရှိ
စားစရာ မရှိ
အားကိုးစရာ မရှိ

စည်း မရှိ
ကမ်း မရှိ
ဥပဒေ မရှိ
ကိုယ့်အဖို့ဘာမှ မရှိ

အစိမ်းရင့်ရောင်
ဝတ်စုံနဲ့
ကျွဲရိုင်းတွေ
ကခုန်နေတဲ့
အမိချင်းလျန်ကို
ကျွန်တော် အဘယ့်ကြောင့်
အမြဲတမ်း
လွမ်းမိပါသနည်း...?

ZP.Lintan

Friday, August 12, 2011

Gmail အသုံးပြုနည်း


Source...စကားဝါမြေ

Photoshop Degsign Drawing(Basic)



ကျနော် Photoshop လေ့လာချင်တာနဲ့ http://ghostgovern.weebly.com ဆီက ယူလာတာပါ...လေ့လာချင်သူရှိရင် အလွယ်တကူလေ့လာ လို့ရအောင် တင်ထားပါတယ်။

Thursday, August 11, 2011

ကလေးတွေရဲ့ မေးခွန်း

ချင်းပြည်နယ် ရှိနွားနောက် ပုံ

ကလေးတွေရဲ့ မေးခွန်းလို့ ပြောလိုက်ရသော်လဲ ငါ့အသက်နဲ့ လှမ်းကြည့်ပြီး ပြောလိုက်ရတာပါ။ တကယ်ဆိုတော့ လူပျိုပေါက် ကာလသားအရွယ်တွေ များပါတယ်။ ဆရာတော် ရှင်မဟာရဋ္ဌသာရရဲ့ လမ်းညွှန်
ပညာရှာနည်းဖြစ်တဲ့ သု-စိ-ပု-ဘာ-ဝိ-လိ-သိ-ဓာ ဆိုတဲ့ လင်္ကာလေးကို မင်းတို့လဲ
တွေ့ဖူး ကြမှာပေါ့။ ဒီလိုပဲ သူများပြောတာ၊ ဆိုတာကို နားထောင်မှတ်သား၊
ကိုယ်မသိတာ သူများကိုမေး လုပ်ကြရ တာကိုး။ ငါတို့လဲ ဒီလိုပဲ
ဆည်းပူးခဲ့ကြရတာပဲ။ ဒီတော့ ငါက ကလေးတွေလို့ ဆိုခဲ့တဲ့ ကောင်လေး၊
ကောင်မလေး တွ မေးတာကိုလဲ တတ်အားသမျှ၊ ကိုယ်သိ သမျှ
ပြန်ပြီးပြောခဲ့ရတာပါပဲ။ မဖြေတတ်၊ မပြောတတ်တာတွေလဲ ရှိသပေါ့ကွယ်။
အခုတော့ဖြင့် ငါပြော ခဲ့သမျှလေးတွေကို ပြန်ပြီးေ ရးလိုက်ရ ပါဦးမယ်။

နွားနောက်
မေး။ ။ ဆရာ နွားနောက် ဆိုတာကို ခဏခဏ တွေ့ရတယ်။ ချင်းပြည် နယ်မှာဆိုရင် နွားနောက် မွေးမြူရေး ခြံတောင် နိုင်ငံတော်က ဖွင့်ပေးထားတယ်လို့
သတင်းစာထဲမှာ တွေ့ရတယ်။ သတင်းဓာတ်ပုံ ကြည့်လိုက်တော့လဲ
ရိုးရိုးနွားတွေလိုပါပဲ။ ဘာကြောင့် နွားနောက်ခေါ်တာလဲ။ သူတို့က
နွားတစ်မျိုးလား။

ဖြေ။ ။ မင်းမေးမယ်ဆိုလဲ မေးစရာပဲ။ ငါလဲမင်းလိုပဲ ဝေ့လည်လည်ဖြစ် ခဲ့ဖူးပါတယ်။ မင်းက နွားနောက်လို့ အသံထွက်တယ်။ သူတို့က အထူးသဖြင့် မုဆိုးတွေက နွားလို့ မထွက်ဘူး။ နွားထီး၊ နွားမ၊ နွားသိုး ဆိုတာကို နထီး၊
နမ၊ နသိုးလို့ ထွက်ကြသလို နွားနောက်ကိုလဲ နနောက်လို့ အသံထွက်ကြတယ်။

ဘာကြောင့်နွားနောက်လို့ ခေါ်တာကို မေးကြည့်တော့ နွားနောက်၊ ရှေ့ ကျွဲလို့ ပြောတယ်။ ရှေ့ကကြည့်ရင် ကျွဲနဲ့တူတယ်။ နောက်က ကြည့်ရင် နွားနဲ့တူတယ်။ ဒါကြောင့် နွားနောက်၊ ရှေ့ ကျွဲလို့ ခေါ်ခဲ့ကြတာ။ အဲဒီက
နွားနောက်ပဲ ကျန်ရစ်ခဲ့တာလို့ ပြောကြတယ်။ ဒီသတ္တဝါကို ကြည့်ပြီး ရှေ့က
မြင်တဲ့သူက ကျွဲလို့ပြော၊ နောက်ကမြင်လိုက်တဲ့သူက နွားပါပဲလို့
ငြင်းကြသလို ဆိုတာကို ဥပမာပေးထားတာတောင်ရှိတယ်။ ငါ မှတ်မိသလောက်တော့
ကင်းဝန် မင်းကြီး ရေးတဲ့ နေမိရကန်ထဲမှာ ထင်တာပဲ။

ဒါပေမယ့် ဒီကောင်တွေက ရိုင်းတယ်။ ကျွဲလို၊ နွားလို ခိုင်းလို့ မရဘူး မဟုတ်လား။ ဒါနဲ့ မုဆိုးတွေကို မေးကြည့်တော့ သူတို့ ပြောတာက ”ဘယ်ခိုင်းလို့ ရမလဲ။ သူတို့က တောကျွဲနဲ့ တောနွားစပ်ပြီး မွေးလာတဲ့ကောင်တွေ။
ပြောင်နဲ့စိုင် စပ်ပြီး ကျထားတဲ့ ကောင်တွေဆရာရဲ့။ ပြောင်ကို တောကျွဲလို့
ခေါ်တာပဲ။ စိုင်ကို တောနွားလို့ ခေါ်တာပဲ။ ဒီတော့ နွားနောက်က တောရိုင်းသတ္တဝါ
သက်သက်ပဲ။ အခု သူတို့ မွေးထားတာက အသားစားဖို့ သက်သက်ပဲ။
ချင်းပြည်နယ်မှာလဲ အသားစားဖို့ သက်သက်ပဲ မွေးကြတာပါ။ အဲဒါ
ငါကြားဖူးနားဝရှိသမျှ ပြန်ပြောခဲ့တာပါပဲ။ မှားတာရှိရင်၊ ဖြည့်စွက်ချင်ရင်
ဈေးကွက်ကို လှမ်းပြီး စာရေးလိုက် ကြပေါ့ကွယ်။

ဒေါင်းတောက်
မေး။ ။ ဆရာ ဒေါင်းတောက်အောင် ရှာရတယ်ဆိုတာ လူတွေပြောတာကို မကြာခဏကြားဖူးတယ်။ ဒေါင်းတောက်အောင် ဆိုတာဘာလဲမေး ကြည့်တော့လဲ ဘယ်သူမှ
ရေရေရာရာ မပြောနိုင်ကြဘူး။ ဒေါင်းတောက် အောင်ဆိုတာကို ဘာကြောင့် ပြောကြ
တာလဲ။ ဘာအဓိပ္ပာယ်လဲဆရာ။

ဖြေ ။ ။ အေးမင်းတို့လိုပဲ ငါလဲ အူလည်လည် ဖြစ်ခဲ့ဖူးတယ်။ သို့သော်လဲ ငါက ကံအားလျော်စွာ ရင်းမြစ် အဖြေကို သိလာရတယ်။ ငါက စာပေဟောပြောပွဲတွေသွားရင်း တော ခေါင်ခေါင် ကျေးရွာလေးတစ်ခုကို ရောက်သွားခဲ့ပါတယ်။ ငါမှတ်မိ
သလောက်တော့ဖြင့် တောင်တွင်းကြီး နဲ့ နေပြည်တော် ပျဉ်းမနားကြား မီးရထား
ဘူတာလေးရှိတဲ့ မင်းပြင်ဆိုတဲ့ ရွာကလေး ထင်မိတာပဲ။ တောအုပ် မြိုင်အုပ်
အလွန်ကြီးတဲ့ နေရာတွေပေါ့။ အဲဒီမှာက ညနေပိုင်းဆိုရင် နေစောင်းတာနဲ့
မှောင်ရီပျိုးလာတာပဲ။ အဲဒီလို မှောင်ရီပျိုးစအချိန် ညစာအတွက်
ထမင်းပွဲပြင်နေကြတုန်းမှာ တောထဲက ဒုတ်ဒုတ်နဲ့ သစ်ခုတ်သံ ကြားရတာကိုး။
ဒါနဲ့ပဲ ငါက နားစွင့်နေလိုက်ရင်း ”ဒီအချိန်မှာတောင် သစ်ခုတ်တဲ့လူ
ရှိသေးသလား”လို့ မေးလိုက်တော့ အိမ်ရှင်ကပြုံးပြီး ”သစ်ခုတ်တာမဟုတ်ဘူး။
ဒေါင်းတောက်နေတာပါ”တဲ့။ ငါလဲ အံ့အားသင့်ပြီး ”ဒေါင်းက သစ်ပင်ကို
နှုတ်သီးနဲ့ ပေါက်နေတာလား”လို့ မေးတော့ ”မဟုတ်ဘူး ဆရာ။ အဲဒီအတိုင်း
ဒေါက်ဒေါက်နဲ့ မြည်နိုင်ပါတယ်။ ဒီလိုပါပဲ နေဝင်ချိန်
အိပ်တန်းတက်တော့မှာမို့ သားသမီးတွေကို လိုက်ရှာအသံပေးပြီး စုခေါ်တာပေါ့
ဆရာရယ်”တဲ့။ ငါ့စိတ်ထဲမှာ လုံးဝ မထင်မှတ်တာမို့ အံ့အား
တောင်သင့်သွားမိတယ်။ အသံက ဒေါက်ဒေါက်နဲ့ မာလွန်းလို့ ဒေါင်းတွန်တာနဲ့
ဆက်စပ်လို့ကို မရနိုင်လောက်အောင်ပါပဲ။ ဒေါင်းမိခင်၊ ဖခင်က သားသမီးတွေကို
အိပ်တန်းတက်ချိန်မှာ ရှာကြ၊ ဖွေကြတာကိုးကွယ့်။ အဲဒါကို ဥပမာပေးပြီး
ပြောတာမို့ ဒေါင်းတောက်သလို ရှာတယ်လို့ ပြောခဲ့ကြတာ။ စဉ်းစားကြည့်တော့
ဒေါင်းတောက်သလိုလို့ သုံးခဲ့ကြတာဖြစ်မှာပေါ့။ ခုတော့ ဒေါင်းတောက်
အောင်လို့ ပြောနေ ကြတယ်။ ငါလဲ ဒီလိုပဲ ပြောမိခဲ့တာပါပဲ။ တကယ်ဆိုတော့
ရင်းမြစ်ကို မသိကြလို့ ဒီလို ပြောနေကြတာပါ။ ကဲ-ဒေါင်းတောက်တာကို နားလည်
ရော့ပေါ့။ ဒေါင်းတွန်တာကိုကော သိရဲ့လား။ ဘယ်လိုတွန်သလဲ။

”အိုးဝေလို့ တွန်တာပေါ့ ဆရာ”

”မင်းကြားဖူးသလား”

”မကြားဖူးဘူးဆရာ”

”အေး-ဟုတ်လိမ့်မယ်။ ဘယ် ကြားဖူးမလဲ။ တောကြီးမြိုင်ကြီးထဲ မှာ ဆိုရင်တော့ တောလုံးဟိန်းသွား အောင် မြည်တာပေါ့။ ဒါပေမယ့် အသက်ကြီးလာတော့ အိုးဝေလို့ မမြည်နိုင်တော့ဘူး။ အိုးဝေထိအောင် မရောက်တော့ဘဲ အွတ်လို့ပဲ
မြည် နိုင်သတဲ့။ ဒါကြောင့် ဒေါင်းကြီး တော့အွတ်၊ ကြောင်ကြီးတော့ ညွတ် လို့
ပြောကြတယ်။

”ကြောင်ကြီးတော့ ညွတ်ဆိုတာက”

”ကြောင်ဆိုတာ ညောင်လို့ မြည်တတ်ကြတာ မဟုတ်လား။ ဒါပေမယ့် အသက်ကြီးလာတော့ ညောင်လို့ မြည်ပေမယ့် ညောင့်ညွတ်လို့ပဲ အသံထွက်နိုင်တော့တယ်။ ဒါကြောင့် ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်။ လူပျိုကြီးတော့ ဇွတ်တဲ့။
မင်းတို့လို ကောင်မျိုး တွေပေါ့ကွာ”

”ဟာ- ဆရာကလဲ ထားပါ တော့။ အပျိုကြီးတော့ကော”

”အပျိုကြီးတော့ ရွှတ်တဲ့”

”ဟာ-ဆရာကတော့ ပြောပြီ။ ရွှတ်ဆိုတာ ဘာလဲဆရာရဲ့”

”ရွှတ်တီး ရွှတ်တောက် ပေါက်တတ်ကရ ရယ်စရာတွေ လုပ်တတ်တာကို ပြောတာကွယ့်။ ဒီကောင် လေးနော် မျက်စိနောက်လာပြီ။ ငါတော့နင့်ကို ဖက်နမ်းမိတော့မှာပဲ ဆိုတာမျိုး လူကြား သူကြားထဲမှာ ပြောချင်ပြောပစ်တာ။ ကောင်လေး ပေါက်စတွေက
အပျိုတွေ ဝိုင်းရယ်တော့ ရှက်ကြတာပေါ့”

”ဆရာကတော့ ပေါက်တတ် ကရတွေ စုံနေအောင်ပြောတာပဲ”

”အေးလေကွာ၊ ငါက ထွင် တာမဟုတ်ပါဘူး။ လူကြီးတွေ ပြောတာကို မှတ်ထားရတာပါ။ မင်းလဲ မှတ်သွားပေါ့ကွာ”

”မှတ်မိပါတယ်ဆရာ။ ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်၊ လူပျိုကြီးတော့ ဇွတ်၊ အပျို ကြီးတော့ ရွှတ်”

”ဟကောင်ရ ဒေါင်းတောက်တော့ကော”

”မှတ်မိပါတယ် ဆရာရဲ့”

အောင်သင်း

Source... www.aungthin.com

ချင်းပြည်နယ် ခရီးစဉ် ခရီးသွားမှတ်တမ်း




Source....http://www.heintintzaw-library.com/ မှ ဆွဲလာတာပါ... ချင်းပြည် အကြောင်းသိ ချင်ရင် ဖတ်ကြည့်ပါ..

ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (၁)


(ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈)

“အရှို″ ချင်းတို့၏ ပြောဆိုသော ဘာသာစကားသည် ချင်းဝိသေသတိုင်းရှိ ချင်းတို့၏စကားများနှင့် တူညီသည်ကိုတွေ့ရ၏။ တနယ်တွင်ရှိသော စကားနှင့်မတူပါက အခြားတနယ်တွင်ရှိသော စကားနှင့် တူညီနေ၏။ အထူးသဖြင့် မင်းတပ်နယ်ဖက်မှ ချင်းတို့၏ စကားနှင့် များစွာတူညီနေသည်ကို တွေ့ရပါသည်။ ဤသို့ဘာသာ စကားတူညီနေမှုကို ထောက်ရှုခြင်းအားဖြင့် “အရှို″ ချင်းများသည် ချင်းဝိသေသတိုင်းမှ ဆင်းသက်၍ မြေပြန့်သို့ ရောက်ရှိလာကြ သည်ဆိုသော အဆိုကို များစွာထောက်ခံနိုင်စရာရှိပေသည်။ … (စာ ၃-၄) မှ ဆလိုင်းစောဖေ (ရန်ကုန်တက္ကသိုလ်) ၏ ချင်းလူမျိုး အကြောင်းလေ့လာချက် ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈

ဤအချိန်များတွင် ချင်းဝိသေသတိုင်း တလျှောက် နေထိုင်ကြသည့် ချင်းတိုင်းရင်းသားများက အနောက်ဥရောပ ၀တ်စုံကို မြတ်နိုးပြီး ပို၍ ၀တ်ဆင်ကြသည်ကို တွေ့ရလေသည်။ ထိုနည်းတူ မြန်မာနိုင်ငံမြေပြန့် တလျှောက်နေထိုင်ကြသည့် အရှိုချင်းများသည်လည်း ဗမာ့ဓလေ့ ယဉ်ကျေးမှုနှင့် ထိစပ်ရောနှောမှုကြောင့် ဗမာ့ဝတ်စုံကို ဆင်မြန်းဝတ်ဆင်သူက များလေသည်။ နောက်တွင်လည်း ဆက်လက်၍ ဥရောပ၀တ်စုံနှင့် ဗမာ့ဝတ်စုံကို ခင်တွယ်ဝတ်ဆင်နေကြဦး မည်ဆိုလျှင် ကျွန်တော်တို့၏ ရိုးရာအ၀တ်အစားများ ပျောက်ကွယ်ကုန်ပြီး သင်တို့သည် အဘယ် လူမျိုးပေနည်းဟု လူမျိုးတကာအမေးကို ခံရပေမည်။ … (စာ ၇-၈) မှ ဆလိုင်းတင်မောင်ဆွေ၏ ချင်းတိုင်းရင်းသား လူမျိုးများ စာပေနှင့် ယဉ်ကျေးမှု တိုးတက် ဖွံ့ဖြိုးရေး ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈

၁၉၂၀ ခုနှစ်လောက်တွင် ခရစ်ယာန်သာသနာပြု ဆရာကြီးဖြစ်သော Rev. Carson က မြောက်ပိုင်း ချင်းတောင် ဟားခါးမြို့တွင် ပထမဦးဆုံး ချင်းစာပေကျောင်းကို တည်ထောင် ပေးခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ဗြိတိသျှအစိုးရပိုင်ကျောင်းအဖြစ် သိမ်းပိုက်လိုက်လေသည်။ ထိုခေတ်ထိုအချိန်တွင် ကိုလိုနီပညာရေး စနစ်သည် ညီမျှမှုမရှိခဲ့ပေ၊ လူနေမှုအဆင့်အတန်းကွဲပြားခြင်းနှင့် လူတို့၏ အသိဥာဏ်နည်းပါးမှုကြောင့် အထက်တန်းလွှာ အမျိုးသားများသာ ပညာဆည်းပူးခဲ့ကြပြီး အောက်တန်းလွှာဖြစ်သော ဆင်းရဲသားများနှင့် အမျိုးသမီးများမှာမူကား ပညာဆည်းပူးလေ့လာခွင့် လုံးဝမရရှိခဲ့ကြပေ။ …

(စာ ၂၁) မှ ဘက်တီလင်း (မန်းတက္ကသိုလ်) ၏ ယနေ့ ချင်းအမျိုးသမီးတို့၏ ဘ၀ကြေးမုံ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈

၁၉၅၇ ခု၊ ချင်းတောင် မင်းတပ်နယ်၏ တောင်ကျချောင်းရေများသည် တဝေါဝေါစီးမြဲစီးနေ ကြ၏။ စိမ်းပြာသော တောင်ယံဝယ်၊ တောင်ယာစိုက်ခင်းများကို တွေ့နေ ရ၏။ ဟောင်းအိုဆွေးမြေ့နေသော ဓလေ့ဆိုးများသည် ရှိမြဲနေ သေး၏။ တောင်ယံဝယ် ခြိမ့်ခြိမ့်ညံမျှ နတ်ပွဲတော်များကျင်းပဆဲ၊ လက်စားခြေလူသတ်မှု ရံဖန်ရံခါကြားရဆဲ၊ အမျိုးသမီးများ၏ မျက်နှာဝယ် ပါးရဲစိမ်းစိမ်းများ ချယ်သထားကြဆဲ။ လူသွားလမ်း၊ လားသွားလမ်း အဆင့်မှ မကျော်လွန်နိုင်သေး။ …

(စာ – ၃၅-၃၆) မှ ဘုန်းနီ (မင်းတပ်)၏ တောင်တန်းပြာမှ လူငယ်များ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈

ဥပမာ ဒေသအလိုက်အသုံးပြုသော ဘာသာစကား၊ နေထိုင်မှုမှအစ အတွေးအခေါ် အယူအဆများသည် အပေါ်ယံအား ဖြင့်ကြည့်လျှင် တရွာတဘာသာ၊ တရွာတဓလေ့ကျစီ အဖြစ် ကွဲပြားပုံရနေပါသည်။ ထို့ကြောင့် ယင်းအနက်အဓိပ္ပါယ်ကို သေချာဂနစွာ မစဉ်းစား မကြည့်ရှုသူများအတွက် ယင်းအပေါ်ယံကွဲပြားမှုကို အစွဲပြုပြီး တဘက်မှ ချင်းအမျိုးသားများ သည် ကျန်တဘက် ချင်းအမျိုးသားများကို မသိရှိနားမလည် ဖြစ်ကြသူများလည်း ရှိကြပါသည်။ ထို့ကြောင့် ချင်းအမျိုးသားတိုင်း တဘက်နှင့်တဘက်၊ တဦးနှင့်တဦး တသွေးတသားတည်း (သွေးချင်းအစစ်အမှန်) ဖြစ်မှန်းကိုပင် သဘောမပေါက်နိုင်ခဲ့ကြရပါသည်။ ဤသည် (William Shakespeare) ၏ (Twelfth Night or What you will) ၀တ္ထုတွင် အမွှာပူးမောင်နှမရင်းဖြစ်မှန်း အချင်းချင်း မသိခဲ့သော နှစ်ပေါင်းအကြာကွဲသည့် (Sabastian) ဆိုသူ လူငယ် တယောက်နှင့် သူ့ညီမ (Viola) နှင့် တူနေပေသည်။ အမှန်မှာ ချင်းအမျိုးသားများ၏ ဒေသသုံးဘာသာစကားနှင့် ဓလေ့ ထုံးစံများတွင် မူရင်းအားလုံးတူညီနေသည်ကို မသိမမြင်နိုင် သောကြောင့်ပင် ဖြစ်နေပါ သည်။ … (စာ ၄၃) မှ လျန်အုပ်၏ မနုဿဗေဒရှုထောင့်နှင့် ချင်းအနွယ်ဝင် များ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈

ထိုနည်းတူ နာဂတွင်သုံးသော ဘာသာစကားတွင် လည်း အခြားချင်းအနွယ်စု ဘာသာစကား တိုင်းစသော တိုင်းများ တွင်သုံးသော ချင်းဘာသာစကားတွင်လည်း အခြားအနွယ်စု ဘာသာစကား မြောက်များစွာရောနှော၍ ဖြစ်ပေါ်သော ဘာသာစကားဖြစ်နေပါသည်။ ဥပမာ – ရေကို “သွီး” “Tui” ဟု (အရှို၊ တီးတိန်၊ လူရှိုင်း၊ ပလက်ဝတို့က ခေါ်သည်။ သေသည် ကို (ဆီ Si ဟု မေထချင်း၊ တီးတိန်ချင်း၊ ဆွမ်မရာ) နာဂတို့က ခေါ်သည်။ “သစ်သီး” ကို ထင်ထေ (Thingthei) ဟု အူရ်ခူလ်နာဂ (Urkhul) နာဂ၊ မင်းတပ်နယ်ချင်း၊ ဟားခါး၊ ဖလမ်းချင်းတို့က ခေါ်သည်။ ဆွမ်မရာနာဂ (Sumra Naga) က (Chingthe) “ချင်းထေ” ဟု ခေါ်ပြီး၊ အရှို၊ ပလက်ဝ၊ ဟားခါးနယ်အချို့က (Stingthaih) “ထင်ထိုက်” ဟု ခေါ်သည်။ … (စာ ၄၅) မှ လျန်အုပ်၏ မနုဿဗေဒရှုထောင့်နှင့် ချင်းအနွယ်ဝင်များ ဆောင်းပါး …မှ။
http://chinmag.freevar.com/ မှ

မှတ်ချက်။ ။ပုံတွေကတော့ ကျွန်တော်ကြိုက်တဲ့တွေ ထပ်ထည့်ထား ခြင်းသာ ဖြစ်ပါတယ်။ မူရင်း စာမျက်နှာမှာ ပုံမပါ ပါ။ စာဖတ်သူအတွက် စိတ်အနှောက် အယှက် ဖြစ်မှာ ကိုစိုးရိမ်လို့ပါ။

ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (2)


ချင်းမဂ္ဂဇင်း ၁၉၇၃-၇၄

“ယနေ့ချင်းပြည်နယ်သည် မနက်ဖြန်အတွက် ဘာတွေများလုပ်နေသနည်း။” “ချင်းပြည်မှာ လူဖြစ်လာတာ သိပ်ကံဆိုးတယ်ဗျာ၊ တွင်းထွက်သတ္တုဆိုလဲ ဘာမှမရှိ၊ စက်ရုံအလုပ်ရုံဆိုလဲ နတ္ထိဘဲ မက်မောစရာ တွယ်တာစရာဆိုလို့ ဘာမှမရှိဘူး” ဤသို့သော ငြီးတွားသံများကို လူကြီးရော လူငယ်ဆီကပါ မကြာခဏ ကြားနေရ သည်။ တကယ်ပင် ချင်းပြည်တွင် လူဖြစ်လာတာ ကံဆိုးသလော။ ဤအဆိုကို လက်ခံသင့်ပါသလား။ စက်ရုံအလုပ်ရုံ၊ တွင်းထွက်သတ္တု၊ မက်မောစရာ တွယ်တာစရာတို့ နတ္ထိဆိုတာကော မှန်ကန်ပါ ၏လော။ ဤမေးခွန်းများက ယနေ့ ချင်းလူငယ် လူရွယ်များဆီမှ အဖြေကို ဆက်ခါဆက်ခါ တောင်းဆိုနေပေပြီ။ … (စာ ၁၈၆) မှ


ကျွန်တော်တို့တွင် စာပေရှိလာသည်မှာ နှစ်ပေါင်း ၆၀ ကျော် ၇၀ ခန့်သာ ရှိသေး၏။ တိုတောင်းသောနှစ်များအတွင်း ဘွဲ့ရဦး ရေ ၅၀၀ကျော်၊ သင်တန်းတက်နေဆဲ ၈၀၀ ခန့်၊ မဟာ ၀ိဇ္ဇာဘွဲ့ရ ၂၀ ခန့်၊ ပါရဂူဘွဲ့ရ ၆ ဦး စသဖြင့် ဤမျှလျင်မြန်စွာ တိုးတက်လာ နိုင်ခြင်းက ချင်းလူမျိုးဟူသည် တီထွင်ကြံဆ တတ်သောလူမျိုး၊ ခေတ်နှင့်အမီ လိုက်နိုင်သောလူမျိုး၊ ဥာဏ်ပညာ ထက်မြက်သော လူမျိုး၊ ပြောင်းလဲတိုးတက်မှုကိုလိုလားသော လူမျိုးဖြစ်ကြောင်းကို ပြ၏။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင် ကျော်မှစ၍ စာပေ ယဉ်ကျေးမှု ထွန်းကားလာခဲ့သော လူမျိုးများနှင့် ယှဉ်နိုင်၏။ … (စာ ၁၈၇-၁၈၈) မှ ရွှေခွားမိုးလင်း၏ တိုက်ပွဲခေါ်သံ ဆောင်းပါး …မှ။

ချင်းမဂ္ဂဇင်း ၁၉၇၃-၇၄ထို့အတူ ကျွန်တော်တို့ ချင်းလူမျိုးတွင်လည်း စာပေ မထွန်းကားခဲ့သော ဘိုးဘေးများ လက်ထက် မဆိုထားဘိ။ ယခုထက်တိုင် ဒိုင်ယာရီရေးခြင်း အလေ့အထ မထွန်းကားသေးရကား ချင်းလူမျိုးများ၏သမိုင်းသည် မယ်မယ်ရရ လက်ဆုပ်လက်ကိုင်မရှိသော ဒိုင်ယာရီဆန်ဆန်ဖြင့် မည်မျှကြာ ရေစုန်မျှောနေဦးမည် မသိပေ။တောတောင်များဖြင့်သာ ပြည့်နှက်၍ လွန်စွာမှ ကြမ်းတမ်းခက်ထန်သော အမိချင်းတောင်တန်းကြီးတွင် လူတလုံးသူတလုံးအဖြစ် နှစ်ရှည်လများ ရပ်တည်နိုင်စွမ်းသော ချင်းလူမျိုး၏ သမိုင်းသည် တချိန်က ထွန်းပြောင်ခဲ့ရမည်မလွှဲ။ သို့သော်သမိုင်းအထောက်အထားပြစရာ ဘာများမယ်မယ်ရရ ရှိပါသနည်း။ ကြီးမားလှသော ရင်နာဖွယ် ဆုံးရှုံးမှုကြီးတစ်ရပ် မဟုတ်ပါလော။ (စာ ၁၉၅) မှ ပေါင်ပီး (ဖလမ်း) ၏ သင်ရေးသောသမိုင်းမှတ်တမ်း လွှာဆောင်းပါး …မှ။


ချင်းမဂ္ဂဇင်း ၁၉၇၃-၇၄

နံနက်မိုးလင်းမှ နေ၀င်မိုးချုပ်အထိ တစ်နေကုန် တစ်နေခမ်းနှင့် တောင်ယာကို တစ်သက်လုံး လုပ်ကိုင်ပါလျက် မည်သည့်အခါမျှ ပိုပိုလျှံလျှံရသည်မရှိ၊ ၀မ်းစာအတွက်ပင် လုံလုံ လောက်လောက်မရနိုင်ရှာသော ပြည်နယ်လူဦးရေ၏ ၉၅ရာခိုင်နှုန်းမျှသော တောင်သူလယ်သမားတို့၏ အခြေခံစားဝတ်နေရေး ဖူလုံမှုရှိအောင် ကြိုးပမ်းဆောင်ရွက်ထားခြင်း၊ နည်းသစ်လမ်းသစ်များ ရှာဖွေခြင်းနှင့် ဘိနပ်မပါ အ၀တ်ဗလာနှင့် မိဘသွားရာ တောင်ယာ လိုက်ပြီး မိုးထဲလေထဲ မြက်နုတ်ရသော ဘ၀မျှော်လင့်ချက်ဟူ၍ မရှိလှသည့် ထောင်ချီမည့် လူငယ်လူရွယ် လူမမယ်များ၏ ဘ၀ ပြဿနာ ဖြေရှင်းပေးနေခြင်း အစရှိသည်တို့လည်း မတွေ့ရသေး။ … (စာ ၁၉၇) မှ ရဲဘော် ဂင်ဇဒိုး၏ ၀ိသေသတိုင်းမှ ပြည်နယ်သို့ ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၇၃-၇၄

သို့ဖြစ်ရခြင်းမှာ ဗုဒ္ဓဘာသာဝင် အရှိုချင်းများက ဗုဒ္ဓယဉ်ကျေးမှုကို လက်ခံ၍ ခရစ်ယာန်ဘာသာဝင် အရှိုချင်းများက ခရစ်ယာန်ယဉ်ကျေးမှုကို လက်ခံသောကြောင့် ဖြစ်ပါသည်။ ဤသို့ ပြောခြင်းမှာ အကြောင်းမဲ့မဟုတ်ပါ။ ကျွန်တော့်အဖိုးသည် ဗုဒ္ဓဘာသာဖြစ်သောကြောင့် သူ၏ အသက်မျှရှိသော အရှို အဖိုးကြီး တိုင်းကသိသည့် မျိုးနွယ်စဉ်လိုက် (ခွန်ခွန်) ကို မသိပါ။ ကျွန်တော်က အခြားဆွေမျိုးတစ်ဦးထံမှ ရေးမှတ်ထားရပါသည်။ ယုံကြည်ကိုးကွယ်သည့်ဘာသာတရားနှင့် ယဉ်ကျေးမှု အစဉ်

အလာကို မရောထွေးသင့်ပါ။ ခွဲခြား၍ နားလည်သင့်ပါပြီ။ … (စာ ၂၀၀-၂၀၁) မှ ဆလိုင်းတင်အေး၏ ချင်းစာပေ၊ ယဉ်ကျေးမှုနှင့် ရှေ့သို့အမြင် ဆောင်းပါး …မှ။
http://chinmag.freevar.com/ မှ

ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (3)


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

ကျွန်တော်တို့မြန်မာနိုင်ငံတွင် မြန်မာစာပေသည် ရုံးသုံးဘာသာစကား ဖြစ်သကဲ့သို့ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးအသီးသီးက လက်ခံသုံးစွဲနေသော အများသုံးစာပေလည်း ဖြစ်သည်။ ဤသို့ တစ်ခုတည်းသော စာပေသုံးစွဲခြင်းကြောင့်

တိုင်းရင်းသားလူမျိုးစု အသီးသီးတို့သည် တစ်ဦး၏ဓလေ့ထုံးစံ ယဉ်ကျေးမှုဘာသာစကားကို ကျန်တစ်ဦးက သိရှိနားလည်နိုင်ရန် လေ့လာနိုင်ရန်

တင်ပြနိုင်ခဲ့ကြသည်။ ဖော်ထုတ်နိုင်ခဲ့ကြသည်။ ဤသို့အားဖြင့် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှု ထုံးစံဓလေ့များကို အပြန်အလှန်အားဖြင့် နားလည်သဘောပေါက်လေးစားကာ အကျိုးတူကိစ္စရပ်များတွင် စည်းလုံးညီညွှတ်စွာ

ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြသည်။ ဤသည်ကို မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းက သက်သေခံလျက် ရှိပေသည်။ ဤသည်မှာ တစ်ခုတည်းသော စာပေကို အသုံးပြုခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးတစ်ရပ်ပင် ဖြစ်သည်။ … (စာ ၅) မှ


အရေးကြီးဆုံးသော အချက်မှာ ချင်းအမျိုးသားများ၏ တစ်ခုတည်းသော စာပေ
ရွေးချယ်ရေးကဏ္ဍပင်ဖြစ်သည်။ ဤကဏ္ဍ တွင် နှစ်ပိုင်းရှိပေလိမ့်မည်။ အသစ်ဖော်ထုတ်ရေး အပိုင်းနှင့် ရှိပြီးသား ချင်းမျိုးနွယ်စုတို့၏ စာပေကို လက်ခံသုံးစွဲရေး အပိုင်းဖြစ်သည်။ … (စာ ၇) မှ ဆလိုင်းအောင်လှ၏ ချင်းအမျိုးသားများ၏ တစ်ခုတည်း သော စာပေဖော်ထုတ်ရေး ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

ဤကဲ့သို့ ချင်းမျိုးချစ်တပ်များသည် အင်္ဂလိပ်တို့ကို ပြန်လည်ခုခံတိုက်ခိုက်ရန် ဆယ်လုမ်းခံတပ်တွင် အခိုင်အမာ တပ်စွဲ ထားကြောင်း နယ်ချဲ့အင်္ဂလိပ်တို့ သိသောအခါ ဆယ်လုမ်းခံတပ်သို့ လူတစ်ယောက် စေလွှတ်ပြီး စစ်ပြေငြိမ်းရန် စကားကမ်းလှမ်းစေ သည်။ ထိုအခါ ချင်းမျိုးချစ်တို့ကလည်း ]]ငါတို့သည် မင်းတို့ လက်အောက်သို့ ကျွန် မခံနိုင်ပါ}} ဟု စကားပြန် ကြားလိုက် လေသည်။ အင်္ဂလိပ်တို့ကလည်း ရက်ချိန်းပေးလိုက်ပြီး တိုက်ခိုက် ချေမှုန်းပစ် မယ်ဟု ကြုံးဝါးပြန်လေသည်။ ဤတွင် ချင်းမျိုးချစ် များကလည်း ]]အမြန်ဆုံးလာတိုက်ကြပါ။ ငါတို့ကလည်း မင်းတို့ကို သတ်ပစ်ချင်လှ ပါပြီ}} ဟု စကားပြန်ကြားလိုက်လေသည်။ …(စာ ၁၀) မှ ဆလိုင်းဝီလျံချန်ခိုလျံ၏ ချင်းမျိုးချစ်ရဲဘော်တို့၏ နောက်ဆုံးခံတပ်ကြီး ဆောင်းပါး …မှ။


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

ရောမအက္ခရာတင် ချင်းစာပေသည် ချင်းလူ့အဖွဲ့ အစည်း၏ တိုးတက်မှုကို များစွာ အထောက်အကူပြုခဲ့သည်ကိုကား အသိအမှတ်ပြုခဲ့ပေမည်။ သို့ရာတွင် ပြည်ပနယ်ချဲ့ ကိုလိုနီ ကျွန်သဘောက်ဘ၀မှ လွတ်မြောက်ပြီး၍ ဆယ်စုနှစ်သုံးစုအထိ ဖြတ်သန်းခဲ့ပြီးဖြစ်သော်လည်း၊ ချင်းလူ့အဖွဲ့အစည်းသည် တကွဲတပြားစီ ဖြစ်နေသော ချင်းစာပေခေတ်မှ တစ်ခုတည်းသော ]]ဘုံစာပေ}} ခေတ်ဆီသို့ ယနေ့ထက်တိုင် မတက်လှမ်းနိုင်ခဲ့သဖြင့် ချင်းလူ့အဖွဲ့အစည်း၏ သမိုင်းလမ်းကြောင်းသည် ထစ်ငေါ့ကွေ့ ကောက်လျက်၊ ချောမွတ်ပြေပြစ်ခြင်း မရှိနိုင်ခဲ့ပေ။ ဤသည်မှာ ချင်းလူ့အဖွဲ့အစည်း၏ ကြီးမားသော ]]ဟာကွက်}} တစ်ရပ်ပင် ဖြစ်ပေသည်။ … ]]ဘုံစာပေ}} ဖော်ထုတ်ရေး ]]စာပေတော်လှန်ရေး}} တည်းဟူသော စာပေတာဝန်ကို ကျွန်ုပ်တို့ လျစ်လျူရှုထားခဲ့ကြလျှင် သမိုင်းသည် ကျွန်ုပ်တို့အား ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။ စာပေလှုပ်ရှားမှုမရှိလျှင် မည်သည့် စာပေမှ မရှင်သန်နိုင်ပေ။ … (စာ ၁၂-၁၃) မှ ဆလိုင်းကစ်(ပ်) (ချင်းပြည်) ၏ စာပေသစ်၏ အရုဏ်ဦးကာလ ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

ရိုးမ၏ ဆိုးဝါးသောသဘောဝါဒကား တောတောင် ထူထပ်မြင့်မား၍ လမ်းပန်းဆက်သွယ်မှုကို ခဲယဉ်းစေခြင်း၊ စိုက်ပျိုးရေး ညံ့၍ စားဝတ်နေရေးကို မဖွံ့ဖြိုးစေခြင်း၊ အဓိက ထိုနှစ်ချက်ကြောင့်၊ ချင်းအမျိုးသားတို့သည် ရိုးမ၏ ချယ်လှယ်ဖိနှိပ်မှုကို ခံနေကြရသည်။ ၎င်းင်းကို အခြေခံ၍လည်း တစ်မျိုးတစ်နွယ်တည်းသော အမျိုးချင်း သားတို့ အစုစုကွဲကြသည်။ ဘာသာစကား ကွဲကြသည်။ ရိုးရာဓလေ့ ထုံးစံကွဲကြသည်။ ချင်းအမျိုးသားမှန်းမသိအောင် ပတ်ဝန်းကျင် လွှမ်းမိုးမှုကို ခံကြရသည်။ ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေ၍၊ မညီမျှသော ဖွံ့ဖြိုးမှုဖြစ်လာသည်။ အချုပ်အားဖြင့် ရိုးမကြောင့် ချင်းအမျိုးသားတို့ ကွဲပြားကြသည် စည်းရုံးမှု ကင်းလာသည်၊ ဆင်းရဲ နွမ်းပါးမှု ခံစားနေရသည်။ …

(စာ ၂၃) မှ ဆလိုင်းအိုက်ဆွေ (ပလက်ဝ)၏ ရိုးမကို တော်လှန်ကြစို့ ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

လူဦးရေနည်းပါးလှသော ဤဒေသတွင် ဘာသာစကား နှင့် လူမျိုးစု ဤမျှ အမျိုးအမည်များပြားနေသည်မှာ ကောင်းသော လက္ခဏာ မဟုတ်ပါချေ။ ချင်းပြည်တစ်ခုလုံး၏ နယ်မြေနှင့် လူမျိုး တိုးတက်ရေးအတွက် သစ္စာရှိသော၊ သတ္တိရှိသော၊ တော်လှန်သော၊ အမြော်အမြင်ကြီးသော ချင်းအမျိုးသား

အမျိုးသမီးတို့ ကြိုးပမ်းရမည့် ညီညွှတ်ရေးလမ်းစဉ် (၂) ခုကို တင်ပြလိုပေသည်။ ယင်းတို့မှာ – (၁) နယ်မြေရောနှော လက်ထပ်ခြင်း (ူသခေူ ဃမသျ မြေမငေါန) (၂)

ဘုံဘာသာစကားကို တီထွင်ခြင်း (ဃမနအေငညါ ဃသာာသညူညေါကေါန)။ နယ်မြေရောနှော လက်ထပ်ခြင်း (ူသခေူ ဃမသျ မြေမငေါန) ဆိုသည်မှာ တီးတိန်နယ်မှ အမျိုးသားနှင့် ဖလမ်းနယ်မှ အမျိုးသမီးတို့ လက်ထပ်ခြင်း၊ ဟားခါး၊ အရှိုနယ်မှ အမျိုးသားနှင့် မင်းတပ်နယ်မှ အမျိုးသမီးတို့ လက်ထပ်ခြင်း၊ ကန်ပက်လက်နယ်မှ အမျိုးသားနှင့် မီဇို (လူရှိုင်း) မှ အမျိုးသမီးတို့ လက်ထပ်ခြင်းကို

ဆိုလိုပါသည်။ … (စာ ၂၉) မှ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အထဲတွင် ဘာသာစကား ဆက်သွယ်မှုခက်ခဲခြင်းသည် ချင်းလူမျိုးတို့၏ တိုးတက်မှုဖြစ်စဉ်ကို ဟန်တားနှောက်ယှက်နေသော မလိုလားအပ် သည့် မဟာစိန်ခေါ်သံပင်ဖြစ်ပေသည်။ … (စာ ၃၁) မှ ဆလိုင်းဟန်လင်း၏ ချင်းအားလုံး ညီညွတ်ရေး လမ်းစဉ်နှစ်ခု ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

အမှန်မှာတော့ ငါတို့ ချင်းနွယ်စုများဟာ တအူတုံဆင်း ညီရင်းအစ်ကိုယ်တွေပဲ၊ ရေမြေတောတောင် ပထ၀ီအနေအထား များနှင့် သမိုင်း အခြေအနေကလေးများကြောင့်သာလျှင် ဘာသာစကားကွဲပြား၊ အယူအဆများအနည်းငယ် ကွဲပြားလာခြင်း ဖြစ်ပါတယ်။ အားလုံးဟာ ၀ိုင်းဝန်းပြီး အမိချင်းပြည်နယ် တိုးတက်ဖွံဖြိုးဖို့အတွက် ဆောင်ရွက်သင့်ပါတယ်။ ]]နွားကွဲလျှင် ကျားကိုက်}} ဆိုသလို စည်းလုံးညီညွတ်မှု မရှိလျှင် တီးတိန်၊ ဖလမ်း၊ ဟားခါးစသဖြင့် ကိုယ့်နယ် ကိုယ့်အမျိုးအတွက်ကိုသာ လုပ်ဆောင်ကြမည်ဆိုလျှင် တိုးတက်မှုလည်း ရနိုင်မည်မဟုတ်ပါ။ … (စာ ၃၆) မှ ရာဆူး (ကြေးမုံနောက်ဆုံးပေါ်) ၏ အတ္တအိပ်မက် ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

ခေါင်ဆိုင် (ခေါ်) သတိုးချင်းတိုင်းရင်းသားများကို (က) ခေါင်ဆိုင်၊ (ခ) ကူကီး၊ (ဂ) ထာဒို၊ (ဃ) သတိုးဟူ၍ အမျိုးမျိုး ခေါ်တွင်ခဲ့ကြပေသည်။ ခေါင်ဆိုင်ဟူသော အမည်ကို မဏိပူရ (ကသည်း) လူမျိုးတို့က ခေါ်တွင်ခဲ့ကြပြီး သွက်လက်ချက်ချာ၍ ရဲရင့်သော လူမျိုးဟု အဓိပ္ပါယ်ရပေသည်။ ကူကီးဟူသော အမည်ကိုမူ င်္ဂလိပ်များက ခေါ်တွင်ခဲ့ကြပြီး ခြေတံရှည်၍ သွက်လက်သော လူမျိုးဟု အဓိပ္ပါယ်ရကြောင်း သိရှိရပေသည်။ ထာဒိုဟူသော အမည်ကို တီးတိန်ချင်းတိုင်းရင်းသားများက ခေါ်တွင်ခဲ့ကြပါသည်။ …(စာ ၃၇) မှ တမူး (မောင်နွယ်သန်း) ၏ ခေါင်ဆိုင် (ခေါ်) သတိုး ချင်းတိုင်းရင်းသားများ ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

လမ်းပန်းဆက်သွယ်ရေး မကောင်း၍ ဆက်ဆံမှု ထင်တိုင်း မပေါက်သော်လည်း ချင်းစာပေ ဖော်ထုတ်မြှင့်တင်ရေး လုပ်ငန်းကို ထိထိရောက်ရောက် ချင်းအမျိုးသားများ အနေဖြင့် ဆောင်ရွက် လုပ်ကိုင်လာမည်ဆိုလျှင်၊ ချင်းစာပေနှင့် ရေးသားသော မဂ္ဂဇင်း၊ ဂျာနယ်၊ စာအုပ်မျိုးစုံ ထုတ်ဝေလာမှုကြောင့် တနယ်နှင့် တနယ်^တမျိုးစုနှင့်တစု အသိအမြင်ချင်း ဝေငှလျက် ညီညွတ်ရေး အတွက် လှုံဆော်သတင်းပါးနိုင်ကြပြီး ခိုင်မာသော စည်းလုံး ညီညွတ်မှုနှင့် မှန်ကန်သောအမျိုးသားစိတ်ဓါတ်များကို တည်ဆောက် ရယူနိုင်မည်ဖြစ်၍ စာပေလှုပ်ရှားမှုကို အမျိုးသားရေးလှုပ်ရှားမှု တရပ်အဖြစ် အလျင်မြန်ဆုံး လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုပါ၏။ … (စာ ၄၃) မှ စာရေးဆရာမဟင်္သာတရှင်နှောင်း၏ ဖွံ့ဖြိုးတိုးတက် နေသော ချင်းအမျိုးသားများ ဆောင်းပါး …မှ။


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

]]ဒါသိပ်ထောက်ခံတယ်၊ ဒို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာ အောင် ပြည်နယ်သားတွေဟာ အရင်ကထက် အလုပ်နှစ်ဆမက ဆယ်ဆလောက် ကြိုးစားလုပ်ရမယ်။ အဲဒီလိုပဲ တဘက်က အစိုးရကလဲ ယခင်ကထက် နှစ်ဆ သုံးဆမက ဆယ်ဆလောက် အထိ ရင်းနှီးမြှုပ်နှံပြီး ပိုမိုလုပ်ဆောင်ပေးဖို့ လိုလိမ့်မယ်၊ လိုအပ်ချက်တွေ အခုသိပြီးပြီဆိုတော့ …။}} … (စာ ၅၈) မှ နီးစုပေါင်နိုး (တီးတိန်) ၏ တာဝန်ကိုယ်စီရှေ့သို့ချီ ဆောင်းပါး …မှ။


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

ဒုတိယအချက်အနေဖြင့် ချင်းပြည်နယ်နှင့် ချင်း အမျိုးသားများ၏ ရှေ့လုပ်ငန်းစဉ်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် အားသွန်ခွန်စိုက်ဆောင်ရွက်သင့်သည်ဟု ယူဆပေ သည်။ ကိုလိုနီနယ်ချဲ့တို့က မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်စိုးသည့် အချိန်တွင် ချင်းပြည်နယ်မှာ

တရွာနှင့်တရွာ စည်းရုံးလှုပ်ရှားမှု မပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သွေးခွဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ပေသည်။ ထို့ကြောင့် ချင်းလူမျိုးအချင်းချင်း စည်းရုံး လှုပ်ရှား၍ ဗြိတိသျှနယ်ချဲ့ကို မတော်လှန်နိုင်ရန် လမ်းပန်း ဆက်သွယ်ရေးကို လုံးဝဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။ လမ်းပန်း ဆက်သွယ်ရေး ညံ့ဖျင်းမှုကြောင့် ချင်းပြည်နယ်တွင် စကားပေါင်း (၄၄) မျိုးကျော် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ … (စာ ၆၃) မှ ရောဘတ်ရှန်လျန်း၏ ချင်းပြည်နယ်နှင့် ချင်းကျောင်းသားများ၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်းပါး …မှ။


ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈

ကျွန်တော်လဲ ကျွန်တော်တို့ ချင်းတွေဟာ တမိထဲက ပေါက်ဖွားလာတဲ့ အမျိုးအနွယ်တွေဖြစ်ကြတယ်။ အောက်ကျတယ်၊ အထက်ကျတယ် မခွဲခြားသင့်ဘူး၊ တောင်ယာလုပ်ပေမယ့် သူတို့မှာ အဆင့် ခွဲတဲ့အမြင်မရှိဘူး။ ရိုးသားကြတယ်။ စိတ်အခြေအနေအတိုင်း နေထိုင်ကြတယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ ဟန်ဆောင်မှု မရှိဘူး။ ဘ၀ကို တောင်ယာမှာ မြှုပ်နှံထားတာကြောင့် ပျော်စရာ ကောင်းတယ်။ ကြောင့်ကြတောင့်တနေစရာ မလိုဘူး။ မရှိတာကို ရှိသယောင် ပြောနေစရာ မလိုဘူး။ မရယ်မပြုံးချင်ပဲနဲ့ ရယ်ပြုံး နေစရာမလိုဘူး။ စိုးရွံ့နေစရာမလိုဘူး။ ]]ဒါတွေမှာ သူတို့ ကျွန်တော်တို့ထက်သာ ကြပါတယ် အမေရယ်}} လို့ ကျွန်တော် တရားချမိတယ်။ … (စာ ၆၈) မှ ဆလိုင်း ရွှေအေးမြင့်၏ ကျွန်တော် တော်လှန်ရေးသမား စာညွှန့် …မှ။

http://chinmag.freevar.com/ မှ

ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (4)


ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

မြန်မာပြည် လွတ်လပ်ရေးအတွက် ပြည်မနှင့် တောင်တန်း အကြိတ်အနယ်ဆွေးနွေးကြစဉ်က ဗိုလ်ချုပ်အောင်ဆန်း သည် ချင်းခေါင်းဆောင်များအား ၀ိသေသတိုင်းအဖြစ် နေချင်နေပါ၊ ပြည်နယ်ယူချင်ယူပါ၊ ချင်းအမျိုးသား အားလုံးအတွက် စုပေါင်း နေထိုင်ရေးအတွက် ဖြစ်ရပါစေမယ်ဟူသောကတိစကား ရှိခဲ့သည်။ သို့ရာတွင် ဗိုလ်ချုပ်ကျဆုံးသွားပြီးနောက် ရေးဆွဲအတည်ပြုအပ် သော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ချင်းဝိသေသတိုင်းအတွင်းသို့ အရှိုချင်းများ မပါဝင်ခဲ့သည့်အတွက် ချင်းလူထုအဖို့ ၀မ်းနည်းခဲ့ရလေသည်။ … (စာ ၃၁) မှ

ထိုခန္တီးချင်းလူဦးရေသုံးသိန်းကျော်အနေဖြင့် မျက်စိပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ ချင်းလူမျိုးများ၏ အနွယ်များ အမျိုး များသာဖြစ်သည်။ ချင်းဟူသော ဝေါဟာရသည် ကျွန်တော်တို့လူမျိုး ကို သိရှိမှတ်မိစေရန် တပါးသူတို့က ခေါ်ဝေါ်လိုက်သည့် အမည် တခုဖြစ်သလို နာဂဟူသည်မှာလည်း အင်္ဂလိပ်တို့က “ခန္တီးချင်း” များ အားပေးလိုက်သည့် နွားကွဲကျားကိုက်မူဝါဒ၏ လက်တွေ့ပြယုဂ် ဆိုင်ရာ အမည်နာမတခုမျှသာ ဖြစ်တော့သည်။ ..(စာ ၃၃) မှ

ဆလိုင်းဟန်လင်း၏ ကမ္ဘာတလွှား ချင်းအမျိုးများ ဆောင်းပါး … မှ။

ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ချင်းပုတ် အသုံးအနှုန်းကို ဦးသိန်းဖေမြင့်၏ စစ်အတွင်း ခရီးသည် စာမျက်နှာ ၁၂၁ တွင်လည်းကောင်း၊ ၁၉၆၀ မတိုင်မီက မူလတန်းကျောင်းသုံး ပထ၀ီစာအုပ်ငယ်၌လည်းကောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ အထူးသဖြင့် မြန်မာ့စွယ်စုံကျမ်း ကဲ့သို့သော ကျမ်းကြီးကျမ်းခိုင်၌ပင်လျှင် ယင်းကဲ့သို့သော အသုံးအနှုန်းကို ထည့်သွင်းထားသည်မှာ များစွာဘ၀င်မကျ ဖြစ်ပါသည်။ ချင်းပုတ် အသုံးအနှုန်းမှာ ဗြိတိသျှမှတ်တမ်းများနှင့် မြန်မာ့စွယ်စုံကျမ်း အလိုအရ ချင်းမျိုးနွယ်တစုကိုသာ ရည်ညွှန်း ထားသော်လည်း ယင်း အသုံးအနှုန်းသည် ချင်းတမျိုးသားလုံး အတွက် မနှစ်မြို့ဖွယ်ရာ အသုံးအနှုန်းဖြစ်သည်ကို သတိပြုသင့် ပေသည်။ … (စာ ၃၈) မှ ကျင်ဒွေးဘမောင်၏ ချင်းသမိုင်းထဲမှ ဝေါဟာရ အမှားကို မီးမောင်းထိုးပြခြင်း ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသား လူမျိုးများအနက် ဗမာလူမျိုးတမျိုးတည်း စီးပွားရေးအဆင့်အတန်း၊ လူမှုရေးအဆင့်အတန်း စသည်တို့၌ တိုးတက်မြင့်မားနေခြင်းဖြင့် မြန်မာနိုင်ငံ တိုးတက်သည်ဟု မဆိုနိုင်ပေ။ ထို့အတူ ကရင်လူမျိုး၊ ရှမ်းလူမျိုးစသဖြင့် လူမျိုးတမျိုးမျိုး တိုးတက်မြင့်မားနေရုံဖြင့် ဤပြည်ထောင်စု မြန်မာနိုင်ငံ တိုးတက်သည်ဟု မဆိုနိုင်ပေ။ ဤနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးအားလုံး ဟန်ချက်ညီညီ တိုးတက်မှသာလျှင် ပြည်ထောင်စုမြန်မာနိုင်ငံ တိုးတက်သည်ဟု ခေါ်ဆိုနိုင်ပေသည်။ …(စာ ၄၀) မှ

ဆလိုင်းစောဖေ၏ အမျိုးသားရေးနှင့်ခံယူချက်ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ချင်းတို့၏ ကိုယ်ကျင့်တရားသည် လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရား (Socialogical Ethic) များဖြစ်၏။ ထို့ကြောင့် ခေတ်ကာလ ပြောင်းလဲလာသောအခါ လူမှုရေးဆိုင်ရာ တို့တွင် အပြောင်းအလဲများ ရှိလာတတ်သည်။ ထိုအခါ အတိတ်၌ မှန်ကန်ကောင်းမွန်သော အပြုအမူတို့သည် ယနေ့ခေတ်ကာလနှင့် မလျော်ညီတော့သည်ကို တွေ့ရသည်။ သို့ဖြစ်၍ ချင်းတို့၏ ကိုယ်ကျင့်တရားကို ဝေဖန်ဆန်းစစ် သင့်ပါပြီ။ … (စာ ၄၆) မှ

လူမျိုးတိုင်းတွင် ကိုယ်ပိုင် အတွေးအခေါ်များရှိသည်မှာ အမှန်ဖြစ်၏။ ကိုယ်ပိုင်အတွေးအခေါ်များ မရှိခဲ့ပါက အဓွန့်ရှည်စွာ ယင်းလူမျိုးသည် သီးခြားရပ်တည်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ ချင်းအမျိုးသားများသည် မိမိတို့၏ ရိုးရာအတွေးအခေါ်များကို မှန်ကန်နိုင်သမျှ မှန်ကန်စွာ သိရှိရန်လိုသည်။ သတ်မှတ် ဖော်ထုတ်ရန် လည်း လိုအပ်သည်။ …(စာ ၄၇) မှ အက်ဒွပ်တီ၊ (ဆိုင်းလိန်) ၏ ချင်းယဉ်ကျေးမှုကို ဒဿနရှုထောင့်မှ လေ့လာခြင်း ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ခမီးဟူသော ဝေါဟာရမှာ ခေါ်မီဟူသော စကားလုံးမှ စတင်လာခြင်းဖြစ်သည်။ ၎င်းင်းတွင် ခေါ်ကတပိုဒ်၊ မီကတစပိုဒ် ဖြစ်သည်။ ခေါ်ဟူသော အပိုင်းမှာ (၀င်ခေါ်) ဟုခေါ်ပြီး ရွာ၊ တွင်း၊ လိုဏ်ဂူများကို ဆိုလိုသည်။ မီဟူသော အဓိပ္ပါယ်မှာ (လတ်မီ) မှ လာခြင်းဖြစ်ပြီး ရွေ့လျားသည်ဟု အဓိပ္ပါယ်သက်ရောက်သည်။ ၀င်ခေါ်နှင့် လတ်မီကို ပေါင်းရေးသောအခါ ခေါ်မီဖြစ်လာသည်။ ထိုမှတဖန် ခမီဖြစ်လာ၏။ ခမီဟူသော အဓိပ္ပါယ်မှာရွာများ၊ တွင်းများတွင် နေထိုင်ကြသော လူစုကို ခေါ်သည်။ တနည်းအားဖြင့် လူကို ခေါ်ခြင်းဖြစ်သည်။ ခမီမှ ယခုအခါခမီးဟူ၍ ပြောင်းလာခြင်း ဖြစ်သည်။ ခမီးဆိုသောစကားမှာလူဟုအဓိပ္ပါယ်ရလျှင် သီးခြားလူမျိုး အမည်ရှိမည်ဟု ထင်စရာရှိပါသည်။ သို့သော်ထိုအခါက တောတွင်း တွင် နေထိုင်ကြသူများဖြစ်သောကြောင့် အခြားသော လူမျိုးစုများ နည်းတူ အသိတရား မကြွယ်ဝပဲဖြစ်နေရာ ၎င်းအရာ ကိုပင် လူမျိုးအဖြစ် ခံယူကြခြင်း ဖြစ်သည်။ … (စာ-၄၉) မှ

သို့ရာတွင် ပါလီမန်ဒီမိုကရေစီခေတ် လူမျိုးစု အမတ်ဟူသော အရှိန်အ၀ါသည် ရခိုင်တိုင်းရှိ ခမီးများသို့လည်း ထိခိုက်လာပါသည်။ မြို့ရှင်ဘုရင်များသည် ရခိုင်ရာဇ၀င်၌ နေရာယူခဲ့ရာ ၎င်းင်းကို အမှီပြု၍ ၎င်းမြို့နယ်ရှိ ပညာတတ်ခမီးအချို့က စုစည်းပြီး “မြို” အဖြစ် ခံယူကြသည်။ ရခိုင်တိုင်းရှိ ထိုအချိန်က အရှိန်အ၀ါကြီးခဲ့သူတို့ထံမှ အကူအညီရယူပြီး ရခိုင်တစ်ပြည်လုံးရှိ ခမီးတို့ကို “မြိုလူမျိုး” အဖြစ်မတရားသင်းကြေငြာခဲ့သည်။ မြိုလူမျိုး တိုးတက်ရေးအဖွဲ့ ဟူ၍လည်း ကျောက်တော်မြို့နယ်တွင် ၁၉၆၂ ခုနှစ်၌ ဆိုင်းဘုတ်တင်ခဲ့ကြသည်။ ဤသို့ သုံးစွဲမှုကို ထိုအချိန်က ရန်ကုန်မြို့ ခမီးယဉ်ကျေးမှုကော်မတီ (ယခု) ခမီး (ချင်း) စာပေနှင့် ယဉ်ကျေးမှုအသင်း ရန်ကုန်တို့က ကန့်ကွက်ခဲ့ပါသည်။ …(စာ ၅၁) မှ

ဆလိုင်းအထန်လှ (ခမီး) ရခိုင်ပြည်နယ်ရှိ အ၀ခမီးတို့အကြောင်း ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ချင်းတေးကဗျာရဲ့ကဗျာပဒေသကိုတော့ ချင်းကဗျာ တွေရဲ့ “ရစ်သမ်” ကို အတော်လေးနားရည်ဝပြီးသလောက်ရှိမှ မင်းတပ် အထကဆရာ ဦးရှိန်းဖေလိန်းထံချဉ်းကပ်း၊ မေးမြန်းလေ့လာ ရပါတယ်၊ ဆရာရှိန်းပြတဲ့ နမူနာကဗျာနှစ်ပုဒ်ကို စကားပြေပြန်တာ မဟုတ်ပဲ တိုက်ရိုက်စာကြောင်းချင်း ဘေးချင်းယှဉ်ပြန်ဆိုပြီး ပုံစံချကြည့်ရင် ချင်းတေးကဗျာရဲ့ “ထပ်ကျော့သံ”သဘော အခြေခံကို ရိပ်စားမိလာနိုင်ပါတယ်၊ အသံကြားရရင်တော့ ပိုကောင်းပါတယ်၊ အသံဖမ်းကက်ဆက်ပါမသွားတဲ့အတွက် နောင်အခါ ပြန်ဖွင့် နားထောင်စေချင်လို့တော့ မရတော့ပါ။ …(စာ ၅၃) မှ

ကဗျာဆရာ မောင်စွမ်းရည်၏ မင်းတပ်ချိုးတို့ရဲ့ ကဗျာပဒေသ လေ့လာရေးခရီး ဆောင်းပါး …မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ဒီလိုနတ်ပွဲတွေမှာ နွားနောက်ကောင်ရေအနည်းအများ ရှိတတ်ပါတယ်။ ဒီတော့ နွားနောက်ဟာ ပွဲလုပ်တဲ့နေရာနဲ့ မသာပွဲတွေမှာ သတ်ပြီး သုံးစွဲကြတယ်လို့ပဲ ဆိုရမယ်။ ယနေ့ တချို့ အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်တွေဟာ နွားနောက်နဲ့ ပွဲတွေမလုပ်တော့ပဲ အသားပေါ်ရောင်းခြင်းအားဖြင့် မိမိအတွက် ၀င်ငွေနဲ့ ပြည်သူများ အသားရရှိရေးအတွက် အသုံးပြုတာ တွေ့ရတယ် အတုယူသင့်တယ် လို့ ဆိုချင်ပါတယ်။ …(စာ ၉၈) မှ

ဒေါက်တာ ဆလိုင်းလင်းလောဟာ၏ ချင်းပြည်နယ် သိပ္ပံနည်းကျ နွားနောက်မွေးမြူရေး ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ကျွန်တော်က ဖြေလိုက်သည်။ “ဟုတ်တယ်ဗျ၊ တကယ်တော့ ဗိုလ်ကြီးတိုက်ချွန်းရဲ့ စွန့်စားမှုတွေကို အင်္ဂလိပ် ဘာသာနဲ့ စာစောင်ပေတဖွဲ့ ထုတ်ဝေနိုင်ရင် ကမ္ဘာ့စစ်သူရဲကောင်း တွေနဲ့ ယှဉ်ပြီး နိုင်ငံတကာက အံ့သြချီးကျူးကြရလိမ့်မယ်” … (စာ ၇၃) မှ /

ထိုအချိန်မှာ ဗိုလ်ကြီးတိုက်ချွန်းနှင့် ရဲဘော်သုံးဦးသည် နေ့လယ်မွန်းတည့်ချန်မှာ ရန်သူ့စခန်းအလယ်သို့အသေခံ ပြောက်ကျားတပ်သားများအဖြစ် လျှပ်တပြက်ဝင်စီးသည်။ ရန်သူတို့တပ်ဖွဲ့ များ အလယ်အူကြောင်း ပြိုကျပြီး ဆုတ်ခွာပြေးရသည်။ ဗမာ့ တပ်မတော်က ထိုအချိန်တွင် စနစ်တကျဝင်တိုက်၍ ရန်သူ့ စခန်းကို အောင်မြင်စွာ သိမ်းပိုက်မိပြီ။ … (စာ ၇၄) မှ

စာရေးဆရာ တက္ကသိုလ်စိန်တင်၏ ချင်းပြည်နယ်၏ ကြယ်တပွင့် (သို့မဟုတ်) ဗိုလ်ကြီးအောင်ဆန်းသူရိယတိုက်ချွန်း ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

အဲဒီအချိန်တုန်းက ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးအပြောင်း အလဲကြီးတွေ၊ အဖြစ်အပျက်ကြီးတွေဟာ ကျွန်တော့်အဖို့ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ရှေးဂန္တ၀င်ကျမ်းကြီးတွေနဲ့ တူနေတယ်။ သည်ကျမ်းကြီးတွေကို ဖတ်သာဖတ်ခဲ့တယ်၊ တလုံးမှပြန်မရွတ်နိုင်ဘူး။ အမှတ်မရဘူး။ ဒါပေမယ့် သည်အဖြစ်အပျက်လေးကတော့ ကျွန်တော့်စိတ်ထဲမှာ မကြာခဏ ပြန်ပေါ်တတ်တယ်။ ပြန်ပေါ်တိုင်း ကျွန်တော့်ကို အရှက်ရစေတယ်။ ကိုယ့်ကိုယ်ကို စိတ်ထားမြင့်မြတ်တဲ့လူ၊ ကိုယ်ကျိုးမကြည့်တဲ့လူဖြစ်အောင် တိုက်တွန်းလှုံ့ဆော် နေတယ်။ မျှော်လင့်ချက်တို့ သတ္တိတို့ရှိအောင် မွေးပေးနေတယ်။ … (စာ ၈၃) မှ

စာရေးဆရာ မြသန်းတင့်၏ အင်္ကျီစုတ်အောက်က ဖြူစင်တဲ့နှလုံးသား (Lushun – A Little Incident) ဘာသာပြန် ၀တ္ထုတို … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

တိုင်းရင်းသား ချင်းအမျိုးသားတို့ဓလေ့ကား အိမ်ကို အလွန်အသာပေး၍ ဆောက်လုပ်တတ်ကြသည်။ အထူးသဖြင့် “ဟားခါး” နယ်မှ ချင်းအိမ်များမှာ အင်္ဂလိပ်ခေတ်ကတည်းက ကြီးမားခန့်ညားသဖြင့် ကျော်ကြားသည်။ “ဆီးယင်း” နှင့် “စုတ်တဲ” နယ်များက အိမ်များမှာလည်း ကြီးမားခန့်ညားရာ၌ ထင်ရှား ခဲ့သည်ဟု သိရသည်။ သို့သော်လည်း အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခဲ့သောကြောင့် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသဖြင့် ယနေ့ အချိန်တွင် မတွေ့ကြရ တော့ပါ။ ၀မ်းနည်းစရာပင်။ … (စာ ၈၅) မှ မောင်ပေစိ၏ ချင်းရိုးရာအိမ် တည်ဆောက်ပုံ ဆောင်းပါး …မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

သတို့ချင်းမျိုးနွယ်ဝင်တို့သည် ဒေသကိုလိုက်၍ ထာဒိုခေါ်သတိုးချင်း၊ ခေါင်ဆိုင်ချင်း၊ ကူကီးချင်း၊ ထာဒိုကူကီးချင်း ဟူ၍ အမည်နာမအမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြကာ သွေးချင်းသားချင်း ဖြစ်လျက် သူစိမ်းတရံဆံများကဲ့သို့ နေထိုင်ခဲ့ကြသည်။ ပြုမူဆက်ဆံ ခဲ့ကြသည်။ … ကူကီးချင်း (Kuki Chin) ဟူသောနာမသည် အင်္ဂလိပ်စကားမှ ဆင်းသက်လာပြီး ချင်းနှင့်အတူတူပင်ဖြစ်သည်။ ဒေသကိုလိုက်၍ အိန္ဒိယပြည်ဘက်တွင် ကူကီးဟူ၍လည်းကောင်း၊ မြန်မာပြည်ဘက်တွင် ချင်းဟူ၍လည်းကောင်း ခေါ်ဆိုကြခြင်းဖြစ် သည်။ ကူကီးဟူသော အခေါ်အဝေါ်ကို အင်္ဂလိပ်တို့က ပထမဦးဆုံး အသိအမှတ်ပြု သုံးစွဲခြင်းဖြစ်ပြီး အဓိပ္ပါယ်အနှစ်သာရအားဖြင့် ကျယ်ဝန်းနက်ရှိုင်းသော သဘောဆောင်ပြီး တမျိုးတနွယ်တည်းမှ ဆင်းသက်လာသည့်သန်မာထွားကျိုင်း ခြေတံရှည်သော တောင်ပေါ် သားများဟု ဆိုလိုပေသည်။ ကူကီးသည် ယနေ့အထိ အိန္ဒိယ ပြည်ဘက်တွင် အသုံးပြုသောအခေါ်အဝေါ်ဖြစ်သည်။ … (စာ ၁၀၄) မှ ဆလိုင်းအဲလ်ထန်ဘွေ (ခမ်းပတ်) ၏ သတိုးချင်း ယဉ်ကျေးမှုသမိုင်းကို ဆန်းစစ်တင်ပြခြင်း ဆောင်းပါး …မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

“မိုင်ခေါ့ကို လက်ထပ်ပြီး ဖလမ်းမြို့ရဲ့ လှပသာယာရေး ဖန်းတီးဖို့ ဆလိုင်းပြန်ခဲ့တယ်”

“ဖလမ်းမြေ သာယာရေး တခုပဲလား ဆလိုင်းရယ်၊ ချင်းပြည်နယ်ကြီး တခုလုံး သာယာတိုးတက်ရေးအတွက် မဖန်တီး တော့ဘူးလား”

“ဖလမ်းမြေဟာ ဆလိုင်းရဲ့ ဇာတိမြေလေ၊ ဒီမြေ တိုးတက်ရေး အတွက်သာ ဆလိုင်းမှာ တာဝန်ရှိတယ်မိုင်ခေါ့”

“ဆလိုင်းရယ် မြို့နယ်စွဲက ပြင်းထန်ကြီးမားလှပါလား၊ ဆလိုင်းမှာရော မိုင်ခေါ့မှာရော တာဝန်ရှိနေတာက ချင်းပြည်နယ်ကြီး တိုးတက်ဖို့ကနေ ပြည်ထောင်စုကြီးတည်မြဲဖို့အထိ တာဝန်တွေ ရှိနေတယ်” …(စာ ၁၀၈) မှ

တက္ကသိုလ်ခိုင်ထွန်း၏ ကြွေးကြော်သံများကြားမှ အလှပန်းတစ်ပွင့်ဝတ္ထုတို… မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

မမမိလဲ သက်ပြင်းရှိုက်နဲ့ ခေါင်းခါလိုက်ရပြန်တယ်။ “ချင်းပြည်နယ် သားတို့ရဲ့ ဘ၀ဟာ မပျောက်တဲ့ရေမှုန်ရေစ ဘ၀လို့”ဆလိုင်းမှုန်းကပြောနေတယ်။ သူတို့မှာက ရာသီဥတုဒဏ်၊ သဘာဝ ဒဏ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒဏ်၊ အစားအသောက် ခေါင်းပါးတဲ့ဒဏ်၊ မဖွံ့ဖြိုးလို့ နိမ့်ကျလွန်းတဲ့ဘ၀ဒဏ်၊ ဒဏ်ပေါင်းစုံကို ဘက်ပေါင်းစုံက ကာလအရှည်ကြာ ခံနေရတာလို့ လေးလေး နက်နက် ပြောပြနေတယ်။ … (စာ ၂၈) မှ

စာရေးဆရာမ ခင်ဆွေဦး၏ ဘာအရူးထတာလဲ ၀တ္ထုတို … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

“လုံယူး” ပွဲမှာလည်း တေးဆိုကြတယ်။ အသုဘပွဲမှာ လည်း တေးဆိုကြတယ်။ ပွဲရှင်ကို ဂုဏ်ပြုတဲ့ တေးတွေကို ဖွဲ့ဆိုကြတယ်။ တခါတရံ အသုဘပွဲမှာ မူးမူးရူးရူးနဲ့ တေးဆိုကြတော့ သေသူဟာ ဘယ်သူ့ဆီမှာ ကြွေးဘယ်လောက်ကျန်တယ် ဆိုတာမျိုးတွေပါ ထည့်သွင်း သီဆိုမိတတ်တယ်တဲ့။ အဲဒီအခါမျိုးမှာတော့ သေသူရဲ့ အိမ်သားတွေနဲ့ တေးဆိုသူတို့ ရန်ဖြစ်တတ်ပါသတဲ့။ … (စာ ၅၃) မှ

ကဗျာဆရာမောင်စွမ်းရည်၏ မင်းတပ်ချိုးတို့ရဲက ကဗျာပဒေသ လေ့လာရေးခရီး ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ချင်းတို့၏ အချင်းချင်း စစ်ခင်းပုံကို ကြည့်ပြီး ရှောင်ရန် နှင့် ဆောင်ရန်အချက်များကို သုံးသပ်သင့်ပေသည်။ ရှောင်ရန် အချက်များမှာ ချိုအချင်းချင်း၊ ချင်းအမျိုးသား အချင်းချင်းတို့ အကြား စစ်ခင်းတိုက်ခိုက် သတ်ဖြတ်ကြသည့် စနစ်ဆိုးကို အမြစ်ပါမကျန် အပြီးအပိုင် တိုက်ဖျက်ရန် လိုအပ်သည်။ ယနေ့အထိ အချင်းချင်း စစ်ခင်းတိုက်ခိုက်မှု မရှိတော့သော်လည်း ယင်း၏ အမွေဆိုး အဆွယ်အပွားအဖြစ် ယနေ့အထိ ကြွင်းကျန်နေသေးသည့် ချင်းအနွယ်ဝင် အချင်းချင်း၊ မျိုးနွယ်စုအလိုက် ဒေသအလိုက် ကျဉ်းမြောင်းစွာ ရပ်တည်လှုပ်ရှား ယှဉ်ပြိုင်နေကြသည့် အခြေအနေမှ ချင်းအမျိုးသားထုတရပ်လုံး စည်းလုံးညီညွတ်ရေးကို အခိုင်အမာ ရယူတည်ဆောက်ကြရန် ချင်းအမျိုးသား တည်းဟူသော ကျယ်ဝန်းမြင့်မားသော အခြေအနေသို့ တက်လှမ်းရပ်တည် လှုပ်ရှားကြရန် လိုအပ်သည်။ … (စာ ၆၄) မှ

ဆလိုင်ဓူဝံနီ၏ ချိုတို့အချင်းချင်း စစ်ခင်းပုံ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

အခြားသမိုင်း အထောက်အထားတခုမှာ လိုင်းလွန်မှ ပေါက်ဖွားလာကြသော ချင်းလူမျိုးနွယ်စုများမှအပ အခြား ချင်းလူမျိုးနွယ်စုများက မိမိတို့ကိုယ်ကို “လိုင်း” သို့မဟုတ် “လိုင်မီး” ဟု ခေါ်ဝေါ်သုံးစွဲခြင်း မရှိခြင်းပင်ဖြစ်သည်။ လိုင်လွန်းမှ ဆင်းသက် လာသူများသာလျှင် “လိုင်မီး” ဟု မိမိတို့ကိုယ်ကို ခေါ်ဆိုကြလေသည်။ ထိုသို့ မိမိတို့ကိုယ်ကို “လိုင်မီး” ဟု ခေါ်ဆို သမုတ်ကြသကဲ့သို့ တမိဖွား သွေးချင်းသားချင်းအားလုံးကိုလည်း “လိုင်မီး” ဟု သတ်မှတ်ခေါ် ဆိုကြသည်။ ထိုနည်းလည်းကောင်း ဇိုမီး၊ ချိုး၊ ရှို (အရှို)၊ ခူမီး၊ မီဇို စသည်ဖြင့် နေရာဒေသအလိုက် မိမိတို့ကိုယ်ကို ခေါ်ဆိုကြသကဲ့သို့ ယင်းတို့သည် ညီအစ်ကို သွေးချင်းသားချင်း အားလုံးကိုလည်း ဇိုမီး၊ ရှို၊ ခူမီး၊ မီဇိုစသည်ဖြင့် ခေါ်ဝေါ်သတ်မှတ် ကြသည်။ … (စာ ၁၁၂) မှ

သမိုင်းသုတေသီ၏ “လိုင်း” အစ လိုင်လွန်းက ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

“ထာဒို” ဟူသော အမည်နာမ၏ အသံထွက်အမှန်မှာ ထာဒို (Thadou) ဖြစ်၍ တီးတိန်ဘာသာဖြင့် အသံလှယ်လိုက် သောအခါ ထာ့ဒို (Thahdou) ဟူ၍ ဖြစ်လာသည်။ အသံလှယ် ပြောဆိုသုံးစွဲသော “ထာ့ဒို” တွင် “ထာ့” (Thah) ဆိုသည်မှာ “သတ်ဖြတ်သည်” ဟူသော အနက်အဓိပ္ပါယ် ထွက်လာလေသည်။ “ထာဒို” ဟူသော အသံထွက်အမှန်ဖြင့် ပြောဆိုသုံးစွဲပါက မည်သည့် အနက်အဓိပ္ပါယ်မျှ မထွက်ပဲ လူမျိုးတမျိုး၏ အနွတ္တသညခေါ်စရာ အမည်နာမ ဖြစ်သည်ဟူ၍ သိရှိနိုင်သည်။ တီးတိန်ဘာသာဖြင့် “ထာ့ဒို” ဟု ခေါ်ဆိုလိုက်သောအခါ နယ်ချဲ့တို့က အခွင့်ကောင်းယူ၍ တိုင်းရင်းသားအချင်းချင်း ယုန်ထင်ကြောင်ထင် ဖြစ်လာစေရန် သွေးခွဲရေးလက်နက်အဖြစ် သုံးစွဲလိုက်ခြင်းပင် ဖြစ်သည်။ …(စာ ၁၁၅) မှ

တန်ဆွင်ခန့်၏ ဆိုးမွေမှ ကောင်းမွေသို့ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ရာစုနှစ်ထက်ဝက်နီးပါးမျှ အေ၊ဘီနှင့် စီ ဘယ်ဟာလဲ ဘယ်ဟာဖြစ်သင့်သလဲ၊ အေဖြစ်သင့်သည်။ ဘီကို ရွေးချယ်မည်၊ စီသာလျှင် အသင့်တော်ဆုံး၊ လေသံတို့သည်ကား တထပ်တည်းမကျ နိုင်ခဲ့။ လေသံတထပ်တည်း မကျသည်ကထားဦး၊ အေကို ကြိုက်နှစ်သက်သူသည် အေမြို့နယ်သား (မျိုးနွယ်သားများသာ) များဖြစ်ပြီး ကျန်ဒေသသားတို့ကလည်း မိမိတို့၏ ဒေသသုံးဘာသာစကား ဘီသာလျှင်၊ စီသာလျှင်စသည်ဖြင့် မိမိကိုယ်ကို ရှေ့တန်းတင်မှုသည် ကြီးမားစွာ ရှင်သန်ခဲ့ပါသည်။ … (စာ ၁၂၂) မှ

…အမှန်မှာ ဟွာလ်ငိုး (Hualngo) ဘာသာစကားကို ချင်းဘုံဘာသာစကားအဖြစ် သတ်မှတ်သင့်ကြောင်း အယူအဆသည် ယခုမှပေါ် ပေါ်ထွက်လာသော အယူအဆ မဟုတ်ပါ။ ရန်ကုန်တက္ကသိုလ်၏ သမိုင်းပါမောက္ခ လုပ်ကိုင်ခဲ့ဖူးသော G.H. Luce (ပါမောက္ခလုစ်) သည် ချင်းပြည်ဒေသ အသီးသီးတွင် Linguistic Survey ဘာသာစကားလေ့လာ ဆန်းစစ်ချက် ပြုလုပ်ခဲ့ပြီး စာတမ်းတစ်စောင့် ပြုစုခဲ့ပါသည်။ Professor Luce ၏ သုတေသနပြုချက်အရ ဟွာလ်ငိုးစကားသည် ချင်းဘုံဘာသာ စကားအတွက် အသင့်တော်ဆုံး ဘာသာစကားဖြစ်ကြောင်း အခိုင်အမာ တင်ပြခဲ့ပြီးဖြစ်သည်။ … (စာ ၁၂၃) မှ

မိုင်မင်းရီးဟိုင် (ချင်းပြည်) ၏ စာပေအတွေး အခေါ်သစ် ပေါ်ထွန်းပြီ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ဆေးတံကိုခံ၊ ပါးမဲခြယ်တိုး၊ ခြင်းတောင်းပိုးသူ၊ မီးခိုး ထဲကချင်းမပျို၊ ကားကိုမြင်တော့ ခုန်ပေါက်ရှောင်။ လက်မှာလေးမြား၊ ခါးမှာဓါးနဲ့၊ နွားနောက်အိပ်မက်၊ ခေါင်အိပ်မက်သူ၊ တောင်ထက် တောကြား၊ ရွေ့ရွေ့သွားယင်း၊ ကားကိုမြင်တော့ အိပ်မက်ပြယ်။ … ကဗျာဆရာ မောင်စွမ်းရည်၏ မှိုင်းပြာရီညို ချင်းတို့စံရာ ကဗျာ … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ချင်းမျိုးနွယ်စုများ၏ အမည်တို့ကို မှည့်ခေါ်ရာတွင် လည်း ကြိုက်ရာအမည် မှည့်ခေါ်ခဲ့သည်ကို တွေ့ရပါသည်။ မင်းတပ်မြို့ အနောက်ဘက်ဒေသတွင် နေထိုင်၍ အနီရောင် ဆိုးသော ကြိမ်ခွေများကို ရိုးရာ အလှအပအဖြစ် ၀တ်ဆင်သူ ချင်းအမျိုးနွယ်စု များ၏ ချင်းဘာသာစကားဖြင့် မူရင်းအမည်မှာ “မကန်း” ဖြစ်ပါသည်။ ယင်းအမည်ကို ဗြိတိသျှတို့ မသိရှိသောအခါ ကြိမ်ခွေများ ၀တ်ဆင်သည်ကို အစွဲပြုလျက် ကြိမ်ခွေဝတ်ချင်းများ (Cane Balley Chins) ဟု ဗြိတိသျှတို့က အမည်ပေးခဲ့သည်။ … (စာ ၃၇) မှ ကျင်ဒွေးဘမောင်၏ ချင်းသမိုင်းထဲမှ ဝေါဟာရ အမှားကို မီးမောင်းထိုးပြခြင်း ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ချင်းအိမ်များကို သက်ကယ်ဖြင့် မိုးလေ့ရှိသည်။ သက်ကယ်မြက်သည် ၅ ပေမှ ၆ ပေအထိ ရှည်ပြီး အမိုးကို အထူတပေနီးပါးရှိအောင် မိုးတတ်သည်။ ချင်းတောင်ကဲ့သို့ ဆောင်းခါ အလွန်အေးသော အရပ်များ၌ သက်ကယ်အမိုး ထူထူကြီးမှာ နေ့အခါ အေးပြီး ဆောင်းအခါ နွေးသဖြင့် ရာသီဥတုနှင့် အကိုက်ပင် ဖြစ်သည်။ ဤသို့သော သက်ကယ်အမိုး ထူထူကြီးများကို တိဘက်၊ တရုတ်နှင့် ကိုရီးယား၊ ဂျပန် တောအိမ်များ၌လည်း တွေ့ရသည်။ … (စာ ၈၆) မှ

မောင်ပေစိ၏ ချင်းရိုးရာအိမ် တည်ဆောက်ပုံ ဆောင်းပါး …မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ကနေဒီတောင်ထိပ်၊ ကနေဒီတောင်ထိပ်၊ တိမ်လိပ်က ဆွတ်ဖြူ၊ နှင်းဖြူက ဆွတ်ဖွေး၊ စိမ်းရောင်စို၊ မြိုင်ထိုထို တောညိုလဲ့ရယ်၊ မြရဲ့အသွေး။ …

ကဗျာဆရာ ပျဉ်းမနား မောင်နီသင်း၏ ချင်းတောင်တန်း ခရီးသည် ကဗျာ … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

“ပြောမလား၊ မပြောဘူးလား၊ အချိန်မဆွဲနဲ့” မျက်လုံး အစုံမှိတ်ထားလိုက်ပါသည်။ သစ္စာဖောက် နယ်ချဲ့လက်ပါးစေ ချင်းစကားပြန်ကြီးကို စိုက်စိုက်ကြည့်ပြီး – “ကျွန်မ ပြောလိုက်ယင် ရွာသားတွေအကုန် ဒုက္ခရောက်မယ်၊ အညှဉ်းဆဲခံရမယ်၊ တို့ချင်းပြည်ရဲ့ လွတ်လပ်မှုကြီး ဘယ်တော့မှ အောင်မြင်မှာ မဟုတ် ဘူး၊ ကျွန်မမပြောဘူး၊ ဘယ်တော့မှ မပြောဘူး၊ ကျွန်မအသေခံမယ်” ပြတ်သားသော အဓိဠာန်။ ခိုင်မာသော တော်လှန်စိတ်။ … (စာ ၉၉) မှ

ဆလိုင်းဂျိုးသိန်း၏ ဇိုဟေဆာ ပန်းပွင့်ခါမှ ၀တ္ထုတို … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

တကယ်တော့ ဆလိုင်း-မိုင် (Salai – Mai) ဆိုတာ ကျွန်တော်တို့တတွေရဲ့ နာမည်ရှေ့မှာ ပွင့်ဖူးနေတဲ့ အလှပန်း တခုသာ မကပဲ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ခိုင်မာစွာ အမြစ်တွယ်နေတဲ့ မေတ္တာပွင့်ပန်းလဲ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝပန်းအလှတွေလို မြေပြန့်တောင်ပေါ်ရယ်လို့ နေရာဒေသကို ခွဲခြားပြီး ဖူးပွင့်နိုင်တဲ့ပန်းမဟုတ်ပဲ နှလုံးသားရှိတဲ့ ချင်းလူငယ်တွေရဲ့ နှလုံးသားတိုင်းမှာ လှပဝေဆာစွာ ဖူးပွင့်နိုင်ပြီး မကြုံဘူးတဲ့ စိတ်ဓါတ် သစ်တွေနဲ့ အတွေးအမြင်သစ်တွေကို ဒီပွင့်ပန်းက ပေးစွမ်းနိုင်ခဲ့ တာကြောင့်ပါပဲ။ … (စာ ၁၂၀) မှ

ဆလိုင်းကစ် (ပ်) (ချင်းပြည်) ၏ ဖူးပွင့် ဝေဆာနေသော ပွင့်သစ်ပန်းကလေးများ စာညွန့် စာပဒေသာ … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

လူမျိုးတိုင်းတွင် ကိုယ်ပိုင် အတွေးအခေါ်များရှိသည်မှာ အမှန်ဖြစ်၏။ ကိုယ်ပိုင်အတွေးအခေါ်များ မရှိခဲ့ပါက အဓွန့်ရှည်စွာ ယင်းလူမျိုးသည် သီးခြားရပ်တည်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ချင်းအမျိုးသားများသည် မိမိတို့၏ ရိုးရာအတွေးအခေါ်များကို မှန်ကန်နိုင်သမျှ မှန်ကန်စွာ သိရှိရန်လိုသည်။ သတ်မှတ် ဖော်ထုတ်ရန်လည်း လိုအပ်သည်။ … (စာ ၄၇) မှ

အက်ဒွပ်တီ၊ ဆိုင်းလိန်၏ ချင်းယဉ်ကျေးမှုကို ဒဿနရှုထောင့်မှ လေ့လာခြင်းဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

လမ်းဘေး၌ သစ်ခွပန်းမျိုးစုံ တွေ့ရသည်။ ကြွေအံ့ဆဲဆဲ အရောင်ခပ်မွဲမွဲ တောင်ဇလပ် ဖြူနီများလည်း တွေ့ရသည်။ တောင်ဇလပ်ပန်းနှင့် ချယ်ရီပန်းများသည် ချင်းတောင်တန်းကြီး၏ သဘာဝ ပန်းဥယျာဉ်တွင် ဆောင်းကျက်သရေဆောင် ပန်းဘုရင်များ ဖြစ်ကြသည်။ ယခုမူ နွေရာသီ ရောက်ပြီမို့ နွေပန်းများ အကြားဝယ် မျက်နှာငယ်ရရှာပြီ။ … (စာ ၆၇) မှ

ဝိဇ္ဇာသိန်းလေး (ရန်ကုန် တက္ကသိုလ်) ၏ အိမ်မက်လှလှ မက်ပါစေ ၀တ္ထုတို … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ဟွာလ်ငိုစာပေ ဘာသာစကားမှာ သင်ယူရန် လွယ်ကူ ရှင်းလင်း၍ အသံထွက်လည်း ခက်ခဲမှုမရှိပေ။ နောက်တချက်မှာ တီးတိန်းဒေသစကား၊ ဖလမ်းဒေသစကား၊ ဟားခါးဒေသစကား၊ ပလက်ဝ၊ ကန်ပက်လက် စသည်ဖြင့် ဒေသမြို့နယ် စာပေဘာသာ စကားတို့မှာ မြို့နယ်ဒေသကို အခြေစိုက်သည့်စာပေ ဘာသာစကားများဖြစ်သောကြောင့် တညီတညွတ်တည်း သဘောတူလက်ခံကြရန် မလွယ်ကူပေ။ ရှေးယခင်က ဤကဲ့သို့ ဒေသမြို့နယ်ကို အခြေစိုက်သည့် စာပေဘာသာစကားတခုခုကို မူတည်အဖြစ် ရွေးချယ်လိုကြသော ဆန္ဒစွဲကြီးမှုများကြောင့် အပေးအယူမမျှနိုင်၊ အယူအဆ တင်းမာကြကာ စည်းလုံးရေးထက် ပြိုကွဲရေးသို့ ဦးတည်သည့် ခြေလှမ်းအမှားများကို ကျူးလွန်ခဲ့ကြသည်။ … (စာ ၇၂) မှ

ဆလိုင်းဗွေမဏ်၏ ချင်းဘုံစာပေနှင့် ဘုံစကားအတွက် မလွဲမသွေကျော်ဖြတ်ရမည့် တော်လှန်ရေးစခန်း အဆင့်ဆင့်များ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

ယနေ့ပေါ်ထွန်းလာသော စာပေသစ် အတွေးအခေါ်သည် ချင်းအမျိုးသားတို့၏ ဘာသာစကား အမျိုးပေါင်း (၆၀) ကျော် ရှိသည့်အနက် မည်သည့်ဘာသာစကား၊ မည်သည့်စာပေကိုမှ အပျောက်အပျက် ခံလိမ့်မည်မဟုတ်ပါ။ ယင်းအမျိုးပေါင်း (၆၀) သော ချင်းဘာသာစကားအနက် ပေထက်အက္ခရာတင်ပြီးသော ဘာသာစကားများ ရှိသလို ပေထက်အက္ခရာမတင်ရသေးသော ချင်းဘာသာစကား အမြောက်အမြား ကျန်ရှိနေပါသည်။ ယင်းသို့ ပေထက်အက္ခရာမတင်ရသေးသော ချင်းဘာသာစကားတို့ကို ထန်းသိမ်းမြင့်တင့်၍ ပေထက်အက္ခရာတင်ပေးရန်သည် ယနေ့ စာပေသစ်တော်လှန်ရေး၏ တာဝန်တရပ်ဖြစ်ပါသည်။ … (စာ ၁၂၄) မှ မိုင်မင်းရီးဟိုင် (ချင်းပြည်) ၏ စာပေအတွေးအခေါ် သစ်ပေါ်ထွန်းပြီ ဆောင်းပါး …မှ။



ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂

တောင်တန်းပြာကို၊ အလွမ်းပိုရင်လဲ ရင်ထဲအားဖြည့် ပျော်မွေ့လိုက်ပါ ချင်းပြည်သာဖို့တို့လာတာမဟုတ်လား … တို့ပြန်တဲ့အခါ ချင်းပြည်မုချသာရမည်။ …

မိုင်မိုင် (ဇလပ်မြေ) ၏ ကံ့ကော်တောမှ တောင်ပြာတန်းသို့ ကဗျာ … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂

ထို့ကြောင့် ဘုံဘာသာစကား ဖော်ထုတ်ရေးတွင် လေ့လာဆွေးနွေးပြီးမှ အကောင်အထည်ဖော်ခြင်းထက် သတ်မှတ်ပြီး မှ ဖြစ်ပေါ်လာသော ဘုံဘာသာစကားကို ချင်းပြည်သူလူထုအားလုံး တတ်သိနားလည်အောင် ကြိုးစားခြင်းသည်သာ အကောင်းဆုံးနည်းဖြစ်သည်ဟု ယုံကြည်သည်။ ထို့ကြောင့် “သတ်မှတ်” ဖို့က ပထမ လူထုလက်ခံပြီး နားလည်အောင် ကြိုးစားဖို့က ဒုတိယဦးစား ပေးသင့်သည်ဟု မြင်ပါသည်။ … (စာ ၃၁) မှ

ဆလိုင်းဖွန်ကားရ်ထန်၏ ချင်းဘုံစကား သတ်မှတ်ရန် နည်းစနစ်သစ်ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂

ချင်းအမျိုးသားနေ့သည် လေးနက်သောအဓိပ္ပါယ်၊ ပြည့်ဝသောအနှစ်သာရ၊ ခိုင်လုံသော သမိုင်းနောက်ခံ ရှိနေပါသော် လည်း စည်းလုံးညီညွတ်ရေးကို မရှုစိမ့်လိုသူများ၏ စုံစမ်းနှောက် ယှက်ခြင်း အမျိုးမျိုးကို ခံရပါသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဥပက္ခာပြုသော ပါလီမန်အရင်းရှင်ခေတ်တွင် ပဒေသရာဇ် အကြွင်းအကျန်များသည် “ချင်းအမျိုးသားနေ့” အောင်ပွဲကို လိုလားနှစ်သက်ခြင်း မရှိသည်နှင့် အညီ ၁၉၅၆-၅၇ ခုနှစ်တွင် ချင်းအမျိုးသားနေ့ကို ဖျက်သိမ်းရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် ချင်းပြည်သူလူထု တရပ်လုံး ချင်းနိုင်ငံရေးသမားများနှင့် ရန်ကုန်တက္ကသိုလ်ရှိ ချင်းကျောင်းသား များက ဆန္ဒပြကန့်ကွက်ခဲ့သဖြင့် မဖျက်သိမ်းဖြစ်ခဲ့ချေ။ ချင်းအမျိုးသားများ စည်းလုံးညီညွတ်စွာဖြင့် နယ်ချဲ့ကို တော်လှန်ခဲ့သော ရဲရင့်တောက်ပြောင်သည့် သမိုင်း၏ ရောင်ပြန် ဟပ်မှု၊ ချင်းပြည်သူတို့၏ မွန်မြတ်သော ပြည်ထောင်စုစိတ်ဓါတ်ကို ထိန်းသိမ်းလိုသည့်ဆန္ဒ ပြင်းပြမှုတို့ကြောင့် “ချင်းအမျိုးသားနေ့” သည် ယနေ့တိုင် တည်တံ့ခိုင်မြဲခြင်းဖြစ်သည်။ … (စာ ၃၉) မှ

ဆလိုင်းလျန်မှုန်း၏ ချင်းအမျိုးသားနေ့ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂

ကျွန်တော်သည်ငယ်စဉ်က အမေရိကပြည်ထောင်စု၏ သမ္မတတဦး ဖြစ်လာသော အဗရာဟင် လင်ကွန်း၏ အတ္ထုပတ္တိကို ဖတ်ရစဉ် လင်ကွန်းသည် ခုနစ်မိုင်ခရီးကို ခြေကျင်သွား၍ ကျောင်းတက်ခဲ့သည်ဟူသော အကြောင်းကို ဖတ်ခဲ့ရဖူးပါ၏။ ထိုစဉ်က ကျွန်တော် လင်ကွန်းကို ချီးကျူးခဲ့မိသည်။ ယခုကား ပြန်လည် စဉ်းစားရလေပြီ။ လင်ကွန်းတို့ ခေတ်တွင် မော်တော်ကားများ မပေါ်သေး။ ယနေ့ခေတ်တွင်ကား ရန်ကုန်မြို့ကြီး၌ ကားမျိုးစုံနေလေပြီ။ ဇိမ်ခံကား၊ ဘတ်စ်ကား၊ တက်စီမှအစ ကားမျိုးစုံထွန်းကား သောခေတ်။ သည်လိုခေတ်မျိုး တွင် ဆယ့်လေးငါးမိုင် တောင်ဆင်းတောင်တက်ခရီးကို အပတ်စဉ်ရိက္ခာ ထုပ်ကို ထမ်းပိုးလျက် ကျောင်းတက်နေကြရသော ချင်းလူငယ်တို့ကို ကျွန်တော်သည် လင်ကွန်းထက်ပင် ချီးကျူးမိပါလေတော့သည်။ … (စာ ၅၀) မှ စာရေးဆရာ မင်းကျော်၏ ချင်းပြည်နယ်က လူငယ်များ ဆောင်းပါး …မှ။



ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂

ဥပမာအားဖြင့် တန်ဇန်းနီးယားနိုင်ငံတွင် ဆွာဟီလီကို ဘုံအဖြစ် သတ်မှတ်သကဲ့သို့ သတ်မှတ်ရပေလိမ့်မည်။ မည်သည့် ဒေသသန္တရစကားကို ဘုံစာပေအဖြစ် သတ်မှတ်ရမည် ဟူသည်ကား ဘာသာစကားသက်သက်ကို ကြည့်၍မရတော့။ သမိုင်းကြောင်းနှင့် တကွ အနာဂတ်ကိုပါ ကြည်လင်စွာ မြင်တတ်ရပေမည်။ သတ်မှတ် လိုက်သည့် ဘုံစာပေသည် ရုံးသုံး၊ ကျောင်းသုံး၊ ဖြစ်မလာသည့်တိုင် ချင်းလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုသစ်ကို ဖွင့်လှစ်မည့်သော့ချက် အခရာပင် ဖြစ်လိမ့်မည်။ … (စာ ၅၅) မှ ဆလိုင်းသူမွှီး၏ ချင်းပြည်သူတို့၏ ဘုံစာပေဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂

သူတို့သည် အိမ်ထောင်ရေး အကြောင်းကိုသာ ဦးစားပေး ပြောဆိုကြလေသည်၊ “အိမ်က အဘိုးကြီးကို ကြည့်မရတဲ့ အကြောင်း အမြဲစိတ်ညစ်ရတဲ့အကြောင်း” တယောက်ကပြောသည်၊ တယောက်ကတော့ “ငါသိရသလောက်တော့ တခြားဒေသတွေမှာ ဒီလိုစေ့စပ်မှုမျိုးမရှိဘူးတဲ့။ တို့ဆီမှာတော့ မိန်းကလေးက ဆုံးဖြတ် ပိုင်ခွင့်၊ ပြောပိုင်ခွင့်တွေ မရှိဘူး။ ခွေးနှင့် ၀က်သာသာပဲကွာ၊ ထိုင်ဆို ထိုင်၊ ထဆိုထရတဲ့ ဘ၀မှာ နေရတာစိတ်ညစ်လာပြီ” စသည်ဖြင့် သူတို့ခံစားချက်ကို သူတို့ ထွက်ဆိုသွားကြသည်။ … (စာ ၆၃) မှ

ဆလိုင်းဂေဟာ သိန်းထန်းနိုင်း (မင်းတပ်) ၏ ဟန်တို့၏ စေ့စပ်မင်္ဂလာ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂

ကျွန်တော်တို့ ဒီနေ့ လူငယ်မျိုးဆက်သစ်တွေ အပူတပြင်း ဆောင်ရွက်နေတဲ့ “ညီညွတ်ရေး တည်ဆောက်မှုတွေဟာ ဘယ်သူ့အတွက်လဲ၊ ဒီနေ့ခေတ်မျိုးဆက်သစ်တွေအတွက် ဆိုတာထက် အဓိကအားဖြင့် လာလတ္တံ့သော ချင်းလူ့အနွယ်ဆက် တွေရဲ့ အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ ဆိုယင် ပိုမိုမှန်ကန် ပါလိမ့်မယ်။ အခုကျွန်တော်တို့ အပင်ပန်းအဆင်းရဲခံပြီး စိုက်ပျိုးနေတဲ့ ပန်းသီးပင်တွေက အသီးအပွင့်တွေဟာ ကျွန်တော်တို့ စားသုံးဖို့ဆိုတာထက် အနာဂတ်ချင်းလူ့အနွယ်ဆက်တွေအတွက်လို့ ပြောယင်ပိုပြီး မှန်ကန်ပါလိမ့်မယ်။” … (စာ ၇၀) မှ

ဆလိုင်းကစ် (ပ်) (ချင်းပြည်) ၏ သမိုင်း စာမျက်နှာသစ် ချယ်မှုန်းကြစို့ ဆောင်းပါး …မှ။



ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂

တိုင်းရင်းသား ဘာသာစကားတို့ကို တတ်မြောက်ကြခြင်း ဖြင့် တဦးအကြောင်းကိုတဦး သိနားလည်ပြီး တိုင်းရင်းသား သွေးစည်းညီညွတ်မှု၊ ပြည်ထောင်စုစိတ်ဓါတ်ပြည့်ဝမှု၊တိုင်းရင်းသား အချင်းချင်း ရိုင်းပင်းကူညီမှုစသော အကျိုးတရားများ စည်ပင်ဖွံ့ထွား တိုးတက်ကြီးပွားလာမည်သာဖြစ်ပါသည်။ …(စာ ၈၀) မှ

သားဦး (ရှမ်းပြည်)၏ ချင်းဘာသာစကားကျမ်းများဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂

တကယ်ဆို … နူသဲဟာ အမိချင်းမြေမှာနေပြီး တိုင်းပြည်ရဲ့ သားကောင်းရတနာဖြစ်တဲ့ ဆလိုင်းကို အလွမ်းတွေနဲ့ အဖော်ပြုယင်း ဂုဏ်ယူနေရသူပါ။ အလျင်ကလည်း ဂုဏ်ယူခဲ့သလို၊ အခုလည်းဂုဏ်ယူနေဆဲပါ၊ ပြီးတော့ နောင်လည်း ဂုဏ်ယူနေအုံး မှာပါ ဆလိုင်းရယ်။ ဒါပေမယ့် ချင်းမျိုးဆက်သစ်တွေကကော ဆလိုင်းကို ဂုဏ်ယူနိုင်ကြအုံးမှာလား၊ နူသဲကို ထည့်မတွက်ပဲ ချင်းမျိုးဆက်နွယ်သစ်အတွက် စဉ်းစားစမ်းပါ ဆလိုင်းရယ် …။ … (စာ ၉၂) မှ

မိုင်မကြည် (မတူပီ) ၏ ဂုဏ်ယူပါတယ် ဆလိုင်းရေ ၀တ္ထုတို …မှ။



ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂

“ကျွန်တော်တို့ ပညာသင်ကြားနေတာကို လူကြီးမင်းက ကိုယ်လွတ်ရုန်းဖို့ သက်သက်အတွက် အသုံးချစေချင်သလား၊ လူမျိုးတမျိုး ဖြစ်ပါလျက်နဲ့ ညီအစ်ကိုမှန်းမသိတဲ့ဘ၀ကို လူကြီးမင်းက ဒီလိုပဲ ကြည့်ရက်သလား၊ စာပေပျောက်ယင် လူမျိုးပါပျောက် တယ်ဆိုတာ လူကြီးမင်း မကြားမိဘူးလား” ဆိုပြီး မေးချင်လှသည်။ သို့သော် ဘာမှမမေးဖြစ်။ မေးရန်လည်း လိုမည်မထင်သောကြောင့် ဖြစ်၏။ ဒီလောက်ပညာတတ်ပြီး ချင်းပြည်နှင့် ချင်းအမျိုးသားရေးကို လှည့်မကြည့်ပဲ ကိုယ်လွတ်ရုန်းကတည်းက သူဘယ်လိုလူလဲဆိုတာ သိထားပြီပဲ မဟုတ်ပါလား။ … (စာ ၁၁၄) မှ

… ဤတောင်တန်းမှ ပြည်သူများသည် ဘ၀ကို အိပ်မက်မက်နေသူများမဟုတ်၊ ဘ၀ကို လည်စင်းခံပြီး အရှုံးပေးသူများလည်း မဟုတ်ကြပေ။ လူသားပီသစွာ ရပ်တည်နိုင်ရေးအတွက် သဘာဝလောကကြီးကို အနီးကပ်ဆုံးတိုက်ပွဲဝင်သူများ ဖြစ်ကြသည်။ စုစည်းညီညွတ်သော ပြည်သူတို့ လုပ်အားဖြင့် သဘာဝတရား ၏ မူလဖန်တီးမှုကို တနေ့ အနိုင်ယူရမည်ဟု လုံးဝယုံကြည်သည်။ စုစည်းညီညွတ်သော ပြည်သူတို့၏ စွမ်းအားကို မည်သည့်အရာကမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ … (စာ ၁၁၇) မှ

ဆလိုင်းမှုံး၏ ကျောချမ်း၍ ရင်ပူသောည ၀တ္ထုတို … မှ။
http://chinmag.freevar.com/ မှ

ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (5)


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅


ခေတ်ပေါ်ဘောင်းဘီရှည်၊ ရှပ်အင်္ကျီဖြူတို့သည် တိုင်းတပါးဟန်ပါသော်လည်း သာမန်နေ့များတွင် ၀တ်ဆင်လာလျှင် တမျိုးကြည့်ကောင်းသည့်အပြင် လှုပ်ရှားသွားလာရာတွင် လွယ်ကူပြီး ခရီးပိုရောက်ပေသည်။ သို့ရာတွင် နေ့ထူးနေ့မြတ်များ၌ တိုင်းရင်းသား လူမျိုးတခုလုံးကို ကိုယ်စားပြုသော အသင်းအဖွဲ့များက ခေတ်ပေါ် ဘောင်းဘီရှည်ကြီးများ ၀တ်ဆင်လာလျှင် မိမိတို့၏ အမျိုးသားဟန် ပျောက်သကဲ့သို့ ရှုမြင်ခံစားမိပါသည်။ … (စာ ၂၇) မှ

ဆလိုင်းငွန်အုပ်၏ သတ်မှတ်ပေးပါ ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

ဘ၀ကို မမေ့ကြဖို့ သွေးနားထင်မရောက်ဖို့ပါပဲ၊ ပညာတွေတတ်ပြီး ဘွဲ့တခုခုရလာတဲ့အခါ၊ ကိုယ့်မြို့နယ်ပြန်ပြီး အင်အားဖြည့်ဖို့လိုတယ်လေ၊ မတိုးတက်သေးတဲ့ တို့မြို့နယ်၊ တို့ပြည်နယ်ကြီးကို တို့လိုလူငယ်တွေက တိုးတက်အောင် အလုပ်လုပ် ရမယ်၊ တကိုယ်ကောင်းစိတ်မျိုးနဲ့ ကိုယ်ကောင်းစားရင် တော်ပြီဆိုပြီး၊ ကိုယ့်ဇာတိကို ကျောခိုင်းလေ့ရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိနေ သမျှ၊ တို့ပြည်နယ်၊ တို့မြို့၊ တို့ရေဟာ အလိုလိုတိုးတက်နိုင်ပါ့မလား။ … (စာ ၃၉) မှ

မိုင်မကြည် (မတူပီ) ၏ ဆလိုင်းရောက်လာပြီ ၀တ္ထုတို … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

ပြာဟင်းကို အထူးနှစ်သက်စွာ စားသုံးသူများမှာ မုန်းချောင်းနှင့် လေးမြို့မြစ်အကြားနေထိုင်ကြသော မင်းတပ်မြို့နယ်ရှိ မကန်း၊ ဒိုင်၊ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးချင်း၊ ချင်းပုံ၊ ပလက်ဝ မြို့နယ်တွင် ခမီး၊ မရို၊ မြို၊ ဟန်နှင့် အနူးချင်းတို့သည် အများဆုံး စားသုံးကြသည်။ အနူးချင်းအမျိုးသမီးများသည် ပြာဟင်းချက်ရာ တွင် နာမည်ကြီးလှပြီး၊ ခမီး အမျိုးသမီးများသည် မျှစ်ပြာဟင်းချက်ရာတွင် အချက်ကောင်းကြသည်။ ပြာဟင်းတွင် ပါသော အဆီဓါတ်နှင့် အငန်ဓါတ်များသည် လူ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားပေးသည့်အပြင် ပြာရည်ဖြင့် ချက်သော ဟင်းသည် အလွယ် တကူ ပုပ်သိုးလွယ်ခြင်းမရှိပေ။ … (စာ ၅၁) မှ

ဆလိုင်းမုန်းငွေစင် ၏ မြိန်ရာဟင်းအိုး ပြာဟင်းများ ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

ထို့ကြောင့် ချင်းပြည်နယ်တွင်းရှိ တီးတိန်ချင်း၊ ဟားခါးချင်း၊ ဖလမ်းချင်း၊ ပလက်ဝချင်း၊ ဟူ၍ သုံးနှုန်းရာတွင် ယင်းတို့သည်ပင် ချင်းမျိုးနွယ်စုများသဖွယ် ဖြစ်နေပြန်သည်။ တဖန် ဥပမာအားဖြင့် တီးတိန်မြို့နယ်တွင်းရှိ ဟွာလ်ငိုမျိုးနွယ်စုများသည် ၎င်းင်းတို့၏ ဘိုးဘွားအဆက်ဖြစ်သူ ဟွာလ်ငိုအမည်မှ ဟွာလ်ငိုချင်းဟု တွင်လာသည်။ ဖလမ်းမြို့နယ်တွင်းရှိ လိုင်ဇို၊ ဇာဟောင်နှင့် ဇန်ညပ် ဟူသော မျိုးနွယ်များမှာလည်း ဒေသအမည်ကို အစွဲပြု၍ ဖြစ်ပေါ် လာခြင်းသာဖြစ်သည်။ ဟားခါးနယ်ရှိ ဆင်ထန်၊ ထန်တလန်၊ ဇိုခွာ စသည်တို့မှာလည်း ထို့အတူပင် ဖြစ်ကြသည်။ ထန်တလန်၊ ဇိုခွာ သာမက ဇိုတုံးလောက်တူ အမည်များမှာလည်း ရွာအမည်များ၊ ပုဂ္ဂိုလ်အမည်များကို အစွဲပြု၍ခေါ်သော အမျိုးများဖြစ် နိုင်လေသည်။ … (စာ ၆၁) မှ

ယွန်းဇူ၏ တခေတ်ဆန်းပြီး၊ အဆင့်မြင့်ကျယ်ပြန့်၍ လက်ခံသုံးစွဲနိုင်မည့် ဘုံစာပေ၊ စကားနှင့် သတ်မှတ်ချက်နည်း ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

မီးရထားသံလမ်း တစ်လက်မမျှမရှိ၊ လေဆိပ်တစ်ခု မျှမရှိသည့် ပြည်နယ်သည် ဤပြည်ထောင်စုမြန်မာနိုင်ငံ၌ ချင်းပြည်နယ်သာလျှင်ရှိပါသည်။ ကျွန်တော်တို့ ချင်းပြည်နယ်၌ လူသွားလမ်းကလေးများကိုသာ ဂရုစိုက်ထိန်းသိမ်းနေကြရသဖြင့် “ကမ္ဘာမြေကြီးတဖြည်းဖြည်း ကျုံ့လာတယ်” ဆိုသော အယူအဆ သည် ကျွန်တော်တို့ ချင်းပြည်နယ်အတွက် အဓိပ္ပါယ်မဲ့နေသော အယူအဆတရပ်ဖြစ်နေပေသည်။ …

ဒေသဖွံ့ဖြိုးရေးအတွက် ဒေသကတာဝန်ယူဟူသော အယူအဆနှင့်ပတ်သက်၍ တောသူတောင်သား ဆင်းရဲသားဘ၀နှင့် တနေကုန်ရုန်းကန်ရပါမှ တနေ့စာ ၀အောင်မရနိုင်သည့် ပြည်သူ လူထုကို ပေါက်ပြားတူးရင်းဖြင့် ကားလမ်းပေါက်စေခြင်းသည် သဘာဝကျနိုင်မည်မဟုတ်ပေ။ ချမ်းသာကြွယ်ဝသော ဒေသမဟုတ်သောကြောင့် ဒေသခံများ၏ ငွေကြေးအင်အားဖြင့် လမ်းပန်းဆက် သွယ်ရေး မဆောင်ရွက်နိုင်ခြင်းသည် ဒေသခံများ၏ အားနည်းချက် အဖြစ် ယူဆ၍ရမည်မဟုတ်ပေ။ … (စာ ၆၅) မှ

… မြို့နယ်တခုသည် ဒေသသုံးဘာသာတရပ်အပြင် အခြားမြို့နယ်တခု၏ ဒေသသုံးဘာသာရပ်ကို အထူးပြုဘာသာ အဖြစ် သင်ယူရပါမည်။ အထူးပြု ဘာသာတရပ်ကို ရွေးချယ်သည့် အခါ လွတ်လပ်မှုရှိရပါမည်။ ကြိုက်နှစ်သက်၍ သင့်တော်မည်ဟု ထင်မြင်ယူဆသည့် မြို့နယ်တခုခုမှ ဒေသသုံးဘာသာကို ရွေးနိုင်စေ ရမည်။ ဤအယူအဆသည် ဘုံစာပေဖော်ထုတ်ရေးအတွက် ညီညွတ်ရေးကို ရှေးရှုပြီး အသင့်မြတ်ဆုံးသော ချဉ်းကပ်မှုတရပ်ဖြစ် သည်ဟု စာရေးသူ ထင်မြင်မိပါသည်။ … (စာ ၇၀) မှ ဆလိုင်းချန်အုခ်၏ ဤသုံးချက် ဖော်ထုတ်နိုင်မှသာလျှင် ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

ငါ့ကြောင့် ဒီကလေးငယ်ဟာ ငါ့ဘ၀လိုပဲ ကြမ်းတမ်း ခက်ထန်တဲ့ ဘ၀ကို ရုန်းကန်နေရတော့မှာပါလား၊ သူ့ပညာရေး ရည်မှန်းချက်လင်းရောင်ခြည်ကို ဆိုးရွားလှတဲ့ လက်စားချေမှုစနစ်နဲ့ ဖျက်ဆီးပစ်သလို ဖြစ်သွားမယ်။ သူ့ဘ၀ တခုလုံးကို ဆိုးရွားလှတဲ့ ဓလေ့ထုံးတမ်းရေစီးကြမ်းနဲ့တိုက်ဖျက် ချေမှုန်းပစ်သလိုဖြစ်သွားမယ်။ … (စာ ၆၉) မှ အောင်ငိုင်းထန်း၏ခိပ်ခီဝတ္ထုတို …မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

“တခြားတော့မဟုတ်ပါဘူး၊ ဟိုတနေ့ကလေ ညီမအသိ သူငယ်ချင်း မင်းတပ်က ဆလိုင်းလိန်းမောင်နဲ့ အစ်ကိုရဲ့နွယ်တို့လေ သူတို့စကားပြောကြတုန်း ချင်းလိုမပြောကြပဲ ဘာဖြစ်လို့ မြန်မာလိုပြောနေကြတာလဲ ညီမတော့ စဉ်းစားနေတယ်” … (စာ ၈၀) မှ ဆလိုင်းအမောင် (လှိုင်မြို့နယ်) ၏ ဒီတခါ ချယ်ရီပန်းများ ပွင့်ရင်လာခဲ့မယ် ၀တ္ထုတို … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က ကျွန်မအား ချိုးချင်းအမျိုးသမီးများ၏ အခွင့်အရေးဆုံးရှုံးမှုနှင့် ပတ်သက်၍ ဆောင်းပါးရေးရန် တိုက်တွန်းခဲ့သူ မြို့ပိုင်မင်းမှာလည်း ယခုအခါတွင် ကွယ်လွန်သွားရှာပြီ။ ကျွန်မရေးသည့် ဆောင်းပါးကောင်းကြောင်း၊ ရေးသင့်ရေးထိုက်သည့် ဆောင်းပါးဖြစ်ကြောင်း ချီးမွမ်းပြောဆိုခဲ့ကြ သူများလည်း ဤဆောင်းပါးကို ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်ပေတော့မည်။ … (စာ ၉၆) မှ

စိမ်းမေ၏ ချိုးချင်းအမျိုးသမီးတို့၏ အခွင့်အရေး ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

မန္တလေးမြို့တော် သိမ်းပိုက်ပြီးနောက် ၁၀ နှစ်ခန့် အကြာ ၁၈၉၆ ခုနှစ်အတွင်း ဖြစ်ပါသည်။ ဗြိတိသျှနယ်ချဲ့ တပ်ဖွဲ့ဝင် များ စစ်ဆင်ရေးအရ ယောနယ်မှ တဆင့် ချင်းတောင်တောင်ပိုင်း ဒေသသို့ ဦးတည်ချီတက်လာကြသည်။ နယ်ချဲ့ခုခံ တားဆီးရေး ချင်းမျိုးချစ်များကလည်း ရှိသမျှ လူသူလက်နက်စုရုံးလျက် အဆင့်ဆင့် ခုခံတိုက်ခိုက်ခဲ့သည်။ ယောနယ် ပုံတောင်ပုံညာတိုက်ပွဲ၊ ပဆုပ်စခန်း တိုက်ပွဲအပြီးတွင် တဖြည်းဖြည်းပြန်လည်ဆုတ်ခွာ လာနေကြပြီဖြစ်သော ချင်းမျိုးချစ်တပ်များနောက်သို့ နယ်ချဲ့ဗြိတိသျှ တပ်များ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ … (စာ ၉၇) မှ

မင်းတပ် ဘူနိန်း၏ ဗြိတိသျှနယ်ချဲ့အစိုးရ၏ ချင်းတောင် တောင်ပိုင်း သိမ်းသွင်းအုပ်ချုပ်ရေး ကြိုးပမ်းမှု ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

ဝမ္မသူးမောင်းသည် သူကိုယ်တိုင်က ချင်းတေးသီချင်း များကို မြတ်မြတ်နိုးနိုးဖြင့် သီဆိုခဲ့ဖူးသလိုပင် အခြားအခြားသော တေးပညာရှင် အများအပြားကလည်း သူ၏ နိုင်ငံရေး ဆောင်ရွက် ချက်များကို တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပါသည်။ တကယ်တော့ ချိုးချင်းအမျိုးသားများ၏ရိုးရာတေးများသည် လူတိုင်း သီကုံး၍ရသော တေးများမဟုတ်။ များစွာလေးနက်၍ များစွာ ပညာပါသော တေးများဖြစ်သဖြင့် လူငယ်များက ဖော်ထုတ်ခြင်း၊ ဆန်းသစ်ခြင်း ပြန့်ပွားခြင်းများ ပြုလုပ်သင့်ကြပါသည်။ …

(စာ ၁၀၈) မှ

ချင်းတောင်ကင်းမောင်၏ ၀မ္မသူးမောင်းနှင့် ချင်းရိုးရာ ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

ယနေ့ချင်းစကားများသည် ခိုင်မာနေပြီဟု မဆိုနိုင် သေး။ စာရေးတတ်ပြီ ဖြစ်သော်လည်း ပြည့်ပြည့်စုံစုံ စုစုစည်းစည်း မရှိသေးပါ။ အခြေခံခိုင်မာသော်လည်း ဝေါဟာရ ကြွယ်ဝမှုအပိုင်း၊ သဒ္ဒါတည်ဆောက်မှုအပိုင်းတွင် အလွန်အားနည်းနေသေးသည်။ ပြုစုပျိုးထောင်မှု အားနည်းနေသေးသည်နှင့်အမျှ ခေတ်ပညာကို လုံးဝ မလိုက်နိုင်သေးသော အခြေအနေတွင် ရှိနေသည်။ ဝေါဟာရ ချို့တဲ့မှုကို ဖြည့်စွက်ရန်အတွက် သင့်တော်သော ဝေါဟာရ အသစ် များကို တီထွင်ခြင်း၊ အခြားသော ဒေသစကားများထဲမှ ရနိုင်သည်ကို ဆွဲယူအသုံးပြုခြင်း၊ တိုင်းခြားဘာသာစကားထဲမှ လိုအပ်ပါက ဆွဲယူ သုံးစွဲခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရမည်။ … (စာ ၁၁၃) မှ

တွာလ်ခန့်ဇပေါင်၏ ချင်းလူမျိုးများအတွက် စာပေဆွေးနွေးချက် ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

ထို့ကြောင့် ဘုံဘာသာစကား ဖော်ထုတ်ရေးသည်၊ ချင်းတမျိုးသားလုံးအတွက် မလွှဲမသွေ လုပ်ဆောင်ရမည့် လုပ်ငန်း တခုဖြစ်သည်။ ယနေ့ဆိုယင် ဘုံဘာသာစကား အောင်မြင်စွာ ဖော်ထုတ်သည်ဆိုအံ့။ ယင်းဘုံစကားကိုအခြေခံလျက် အဆင့်အတန်းမီသောစာကောင်းပေကောင်းများ ပေါ်ထွက်လာရန်မူ နှစ်အတန် ကြာစောင့်ရဦးမည်။ အထူးကြိုးစားသည့်တိုင်အောင် ရာစုနှစ်တခုတွင် စာပေအမွေအနှစ်အဖြစ် လက်ခံလောက်သော စာအုပ်စာပေမည်မျှ ပေါ်ထွက်လာနိုင်မည်နည်း။ ၎င်းင်းကို အလေးအနက်ထားပြီး စဉ်းစားရလျှင် ချင်းတိုင်းရင်းသား များအတွက် ဘုံဘာသာစကား ဖော်ထုတ်ရေးကို အချိန်မဆွဲသင့်ပါ။ မကြန့်ကြာသင့်ချေ။ သွက်သွက်လက်လက် လှုပ်ရှားပြီး၊ အကောင်အထည်ဖော်ရပါမည်။ … (စာ ၂၃) မှ

လျံနာ (မန်းတက္ကသိုလ်) ၏ ဘုံဘာသာစကားနှင့် စာပေနိဒါန်း ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

ဘ၀ကို မမေ့ကြဖို့ သွေးနားထင်မရောက်ဖို့ပါပဲ၊ ပညာတွေတတ်ပြီး ဘွဲ့တခုခုရလာတဲ့အခါ၊ ကိုယ့်မြို့နယ်ပြန်ပြီး အင်အားဖြည့်ဖို့လိုတယ်လေ၊ မတိုးတက်သေးတဲ့ တို့မြို့နယ်၊ တို့ပြည်နယ်ကြီးကို တို့လိုလူငယ်တွေက တိုးတက်အောင် အလုပ်လုပ်ရမယ်၊ တကိုယ်ကောင်းစိတ်မျိုးနဲ့ ကိုယ်ကောင်းစားယင် တော်ပြီဆိုပြီး၊ ကိုယ့်ဇာတိကို ကျောခိုင်းလေ့ရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသမျှ၊ တို့ပြည်နယ်၊ တို့မြေ၊ တို့ရေဟာ အလိုလိုတိုးတက်နိုင်ပါ့ မလား။ … (စာ ၃၉) မှ

မိုင်မကြည် (မတူပီ) ၏ ဆလိုင်း ရောက်လာပြီ ၀တ္ထုတို … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

အသင်သည် သင်၏ မိခင်ဒေသ (ချင်းတောင်) ၏ တောတောင်ရေမြေသဘာဝ ရှုစားကြည့်ပါ။ ငေးမောကြည့်ပါ။ မှန်းဆကြည့်ပါ။ ချင်းလူ့အဖွဲ့အစည်းကို နှလုံးသွင်းကြည့်ပါ။ ဤဒေသ ဤလူမျိုးတိုးတက်ကောင်းစားရေးအတွက် သင့်မှာ တာဝန်အရှိဆုံး ဖြစ်သည်။ … (စာ ၉၄) မှ

ဆလိုင်းဇမွှင် (ချင်းပြည်) ၏ အသင် အဘယ်သို့ အကျိုးရှိမည်နည်း ဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

သို့သော် သူသည် မျက်နှာဖြူစစ်ဗိုလ်များအပေါ် ဘယ်တော့မျှ မကျေနပ်ချေ။ ဤလူတွေသည် စစ်ပွဲ၌ ချင်းစစ်သား များကိုသာ ရှေ့၌ အမြဲတင်ပြီး သူတို့ကမူ ဘေးကင်းရာ နောက်ဆီမှ နေ၍ အမိန့်ပေးတတ်ကြ၏။ သူတို့ မျက်နှာဖြူအတွက်မူ သားနား သောဝတ်စုံများကို သတ်မှတ်ပြီး တိုင်းရင်းသား စစ်ဗိုလ်များအတွက်မူ ခပ်နံနံပုံစံများကိုသာ သတ်မှတ်ဝတ်ဆင်စေကြ၏။ နောက်ပြီး မျက်နှာဖြူ စားရိပ်သာများသို့လည်း တိုင်းရင်းသားစစ်ဗိုလ်များ အားလုံးဝင်ခွင့်မပြုကြချေ။ … (စာ ၁၀၆) မှ

ချင်းတောင် ကင်းမောင်၏ ၀မ္မသူးမောင်နှင့် ချင်းရိုးရာဆောင်းပါး … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

ဤလမ်းသည် မိုးကျပြီဆိုလျှင် တူးမနိုင်သယ်မရနိုင် လောက်အောင် မြေများပြိုကျတတ်ပါသည်။ ကားဖြင့်သွားရလျှင် ပေါက်ပြား၊ ပေါ်ပြား ရိက္ခာအပြည့်အစုံနှင့်သာ ခရီးသွားကြရသည်။ လမ်းပေါ်ဘက်သို့ မော့ကြည့်လျှင် လိမ့်ပြိုလုမတတ်ရှိသော ကျောက်တုံးကြီးများကို ရင်ဖိုစွာ လှမ်းမြင်ရသည်။ လမ်းအောက် ဘက်သို့ ကြည့်ပြန်လျှင်လည်း တောင်ခြေရင်း၌ စီးဆင်းနေသော လည်မျိုမြစ်ကို ခပ်ရေးရေးမျှသာ လှမ်းမြင်ရသည်မှာ အသည်းယား စရာပင်။ … (စာ ၁၁၄) မှ

ဆလိုင်းနွေ (မင်းတပ်ဂေဟာ) ၏ သည်လမ်း ထာဝရလှပါစေ ၀တ္ထုတို … မှ။


ချင်းမဂ္ဂဇင်း ၁၉၈၄-၈၅

ဘုံတလာသည် ကြည်လင်၏။ အေးမြ၏ ချိုသော အရသာရှိ၏။ သောက်သုံးသူတိုင်းအား ကျန်းမာရွှင်လန်း စေနိုင်၏။ နွေရာသီတွင်မူ အပန်းဖြေသူ၊ လေ့လာသူများဖြင့် စည်ကား နေတတ်သည်။ လူအများ နားခိုနိုင်ရန် တည်းခိုရိပ်သာများကို တည်ဆောက်ပေးခြင်း၊ လမ်းချဲ့ထွင် ဖောက်လုပ်ပေးခြင်းများကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက “ဘုံတလာ”၏အလှသည် ပို၍ပို၍ လူသိများ ထင်ရှားလာနိုင်ပေ လိမ့်မည်။ ယခုအခါတွင်မူ ဘုံတလာရေတံခွန်၏ ထူးခြားဆန်းကျယ် လှသော သဘာဝ အလှသည် လျို့ဝှက်ဆဲ၊ ပုန်းအောင်းဆဲ၊ တိတ်ဆိတ်ဆဲပင်။ … (စာ ၁၂၉) မှ

ဆလိုင်းမျိုးမြင့် (ရန်ကုန်တက္ကသိုလ် – လှိုင်နယ်မြေ) ၏ ဘုံတလာသို့ ဆောင်းပါး … မှ။

http://chinmag.freevar.com/ မှ

ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (6)


ချင်းမဂ္ဂဇင်း ၁၉၈၆-၈၇

ဘာသာဗေဒပညာရှင်များက ချင်းဘာသာ အသီးသီး ကို လေ့လာကြသည့်အခါ ရောမအက္ခရာကိုအခြေခံမှသာ ချင်း စာပေကို တီထွင်နိုင်မည်၊ လွယ်ကူအောင်မြင်မည်ဖြစ်ကြောင်း တွေ့ရှိကြသည့်အတွက် ရောမအက္ခရာကို အခြေခံကြရခြင်းဖြစ်၏။ ကမ္ဘာသုံးရောမအက္ခရာကို ချင်းစာပေတွင် အခြေခံအသုံးပြုခြင်း ဖြစ်၍ ကျယ်ပြန့်မှုထိရောက်မှုလည်း ရှိမည်ဖြစ်ကြောင်း ဆိုကြသည်။ မြေပြန့်နေ အရှိုချင်း စာပေထပ်မံတီထွင်ခဲ့ကြပြန်သည်။ ယခုအခါ ပိုးကရင်နှင့် မြန်မာအက္ခရာကို အခြေခံသော အရှိုချင်းစာပေ သုံးစွဲမှုက ကျယ်ပြန့်လျက်ရှိသည်။

ချင်းလူမျိုးများတွင် ကိုယ်ပိုင်ချင်းစာပေ ရှိလာကြခြင်း၊ စာပေတတ်မြောက်လာကြခြင်းသည် အမှောင်ထုကြီးထဲတွင် ရှိနေခဲ့ သော ချင်းလူမျိုး၊ ချင်းလူ့အဖွဲ့အစည်းအနေဖြင့် အလင်းရောင်ကို စတင် တွေ့မြင်ကြခြင်းကဲ့သို့ ဖြစ်သည်။ ၂၀ ရာစုဆန်းစတွင် ကိုယ်ပိုင်စာပေ သင်ကြားတတ်မြောက်လာကြလျက် အသိအမြင် ပွင့်လာသည့် ချင်းလူ့အဖွဲ့အစည်း ချင်းလူမျိုးတို့သည် သမိုင်းဦး ဘုံမြေခေတ်က တိုးထွက်ကြလျက် ဤ ၂၀ ရာစုနှစ်ထဲတွင်ပင် ခုန်ပျံကျော်လွှားတိုးတက်ခဲ့ကြသည်မှာ ထင်ရှားလွန်းသည့် အချက်ပင်ဖြစ်သည်။ …(စာ ၃၀) မှ

… ချင်းစာပေဖြင့် ရေးသားထုတ်ဝေသော စာအုပ် များကို ကြည့်ပါက ခရစ်ယာန်ဘာသာရေးဆိုင်ရာ စာအုပ်စာတမ်း များသာ ဖြစ်နေသေးကြောင်း တွေ့ရ၏။ သို့ဖြစ်၍ ချင်းစာပေသည် ဘာသာရေးစာပေအဆင့်တွင်သာ ရှိနေသေးသည်။ ချင်းလူမျိုးတို့၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သမိုင်းရေးနှင့် ယဉ်ကျေးမှုရေးရာကို ဖော်ထုတ်မြှင့်တင်ပေးသော စာပေအဆင့်သို့ မရောက်ရှိ မရပ်တည် နိုင်သေးပေ။

ရောမအက္ခရာတင် ချင်းစာပေ ပေါ်ပေါက်လာခြင်း ကြောင့် ချင်းလူ့အဖွဲ့အစည်း တိုးတက်ရေးကို ဖြစ်ပေါ်စေခဲ့သော် လည်း တိုးတက်လာသော ချင်းလူ့အဖွဲ့အစည်းနှင့်အညီ ချင်းစာပေ သည် လိုက်၍မတိုးတက်ခဲ့ပေ။ ချင်းစာပေ ဖော်ထုတ်မြှင့်တင်ရေး လုပ်ငန်း ဟူသော သမိုင်းပေးတာဝန်ကို မေ့လျော့ပျက်ကွက်နေကြ၍ ဖြစ်၏။ ချင်းစာပေတိုးတက်မှု မရှိခြင်းကြောင့် ချင်းလူ့အဖွဲ့အစည်း သည်လည်း ဆက်လက်တိုးတက်ရန် နှောင့်နှေးခက်ခဲသည်။ ဟန့်တား ပိတ်ဆို့ခြင်းခံရသကဲ့သို့ ဖြစ်နေသည်။ … (စာ ၃၁) မှ

ဆလိုင်းရမ်လိန်မှုန်း၏ ချင်းစာပေဖော်ထုတ်မြှင့်တင်ကြပါစို့ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၆-၈၇

ဤအရည်အသွေးကိုသိသော နယ်ချဲ့သည် ချင်းမျိုး နွယ်စုပေါင်းစုံပါဝင်သော ချင်းတပ်ဖွဲ့စည်းခဲ့သည်။ ချင်းစာပေ တီထွင်ပြီးသည့်နောက်ပိုင်းတွင် ချင်းစစ်တပ်၌ ချင်းစာပေတတ်သည့် စစ်သည်ဦးရေပိုမိုတိုးတက်လာသည့်အခါ ချင်းစစ်တပ်အတွက် စစ်ဥပဒေ၊ စစ်စည်းကမ်း၊ စစ်ပညာစာအုပ်များကို တတ်နိုင်သည့် အတိုင်းအတာအထိ ချင်းစာပေဖြင့် ထုတ်ဝေပေးခဲ့သည်။ (ယင်းစာအုပ်ကို ခေတ်အခြေအနေအရ ပြည်သူ့တပ်မတော်အသွင် သို့ မပြောင်းလဲမီအထိ ချင်းသေနတ်ကိုင်တပ်ရင်းများတွင် အသုံးပြု ခဲ့ကြသည်။) ဤစစ်စည်းကမ်း၊ စစ်ဥပဒေများဖြင့် တစ်သွေးတစ်သံ တစ်မိန့်အောက်တွင် ရဲရဲတောက် ချင်းစစ်တပ်အဖြစ် ရပ်တည်လာ ခဲ့ကြရာ၊ ပြည်ထောင်စုကြီးအား ရောင်စုံသောင်းကျန်းသူများ လက်ထဲ မကျရောက်စေရန် ကာကွယ်ရာတွင် သစ္စာရှိရှိ တာဝန်သိသိဖြင့် ပါဝင်ခဲ့ကြ၏။ … (စာ ၃၉) မှ

ချင်းဘုံစာပေဖော်ထုတ်ရေး ခရီးကို လျှောက်လှမ်းကြ ရာတွင် ချင်းပြည်သူများအနေဖြင့် ကျဉ်းမြောင်းသော အမြင်ရှိသူများ၏အန္တရာယ်ကို ဖယ်ရှားကြရမည်ဖြစ်သည်။ ပေါက်ဖွားလာမည့် ချင်းဘုံစာပေကို ခိုင်ခံ့သည့် အကာအကွယ် ပေးကြရမည်ဖြစ်သည်။ ရှင်သန်လာအောင် ပြုစုပျိုးထောင်ကြရ မည်ဖြစ်သည်။ ဤသို့အားဖြင့် ရေရှည်တွင် လူမျိုးတိုးတက်ရေးကို လိုလားသည့် အင်အားစုများက မုချအောင်ပွဲခံကြရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိကျသောရည်ရွယ်ချက် ခိုင်မာသော ယုံကြည်ချက်တို့ဖြင့် ကြိုးစားအလုပ်လုပ်သူတို့ကို မည်သည့် သဘာဝ အင်အားစုကမျှ မဟန့်တားနိုင်ချေ။ … (စာ ၄၀) မှ ဆမင်းထောင်လေး (အိုက္ကား) ၏ ရဲရဲတောက်တို့အတွက် ဘုံစာပေ စည်းလုံးခြင်းမှ ဘုံစာပေသို့ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၆-၈၇

ထို့နောက်ကော်မရှင်နာချုပ် (ထိုစဉ်က ဘုရင်ခံမရှိ သေး) က အစိုးရအိမ်တော်တွင် ဒါဘာပွဲခင်းကျင်းပ၍ ၎င်းင်းတို့အား လက်ခံပြီးလျှင် “ငါတို့ အဘယ်မျှ အင်အားကြီးမားသည်ကို သင်တို့ ယခု မြင်ကြရပြီ၊ ငါတို့အား သင်တို့ ခုခံတိုက်ခိုက်သော်လည်း အချည်းနှီးသာ ဖြစ်မည်။ ငါတို့သည် ချင်းတောင်ကို သိမ်းပိုက်လိုက် ကြပြီးဖြစ်သည့်အတိုင်း ဘယ်သောအချိန်အခါမျှ ချင်းတောင်မှ ထွက်သွားကြမည်မဟုတ်။ ချင်းတောင်သို့ နောက်ထပ် လမ်းများ ဖောက်၊ တံတားများဆောက်၊ စစ်တပ်များထပ်ပို့ပြီး အမြဲနေကြ တော့မည်”စသည်ဖြင့် အမျိုးမျိုးခြောက်လှန့်၍ တရား ဟောလိုက် ကြ၏။ သို့သော် ချင်းတို့ကား ကြောက်ရွံ့မသွားကြသည် သာမက အင်္ဂလိပ်ကို တိုက်၊ ရန်သူတို့၏ ကျောက်မီးသေနတ်များ အတွက် ၀ိုင်ယာကြိုးဖြတ်၍ ကျည်ဆံလုပ်နည်းကိုသာ တတ်သွားကြ ပြီး ၁၈၉၆ ခုနှစ်အထိ ထကြွမြဲ ထကြွခဲ့ကြတော့၏။ … (စာ ၄၉) မှ

ချင်းတောင်ကင်းမောင်၏ ချင်းအမျိုးသားတို့၏ ရုန်းကန်လှုပ်ရှားမှုများ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၆-၈၇

မြန်မာပြည်မှာ သမိုင်းတစ်လျှောက် ဆန်စပါးပိုလျှံခဲ့ သော တိုင်းပြည်ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် နေရာအနှံ့သို့ ဆန်စပါးများ မဖြန့်နိုင်သောအခါ အချို့ဒေသများတွင် မလောက်မငဖြစ်ကြရသည်။ ထို့ကြောင့် ယင်းသို့ရှားပါးဒေသ တောင်ပေါ်ဒေသများတွင် မိမိတို့နယ်၌ ဆန်စပါးဖူလုံစေရန် ကြိုးပမ်းနေကြရပေသည်။ ထိုသို့အားထုတ်ကြ ရာတွင် လှေကားထစ်တောင်ယာမှာ နည်းလမ်းတစ်ရပ်ဖြစ်ပေသည်။ သမားရိုးကျတောင်ယာမှ လှေကားထစ် တောင်ယာသို့ ကူးပြောင်းပြီး တနိုင်စက်မှုကိရိယာ တောင်ယာသို့ လှမ်းတက်နိုင်ပါက ပိုမိုအထွက် တိုးလာကြဖွယ်ရှိပေသည်။ … (စာ ၅၆) မှ စာရေးဆရာ သိပ္ပံမှုးတင်၏ လှေကားထစ် တောင်ယာ ဆောင်းပါး … မှ။

ချင်းမဂ္ဂဇင်း ၁၉၈၆-၈၇

ဘာဖြစ်လို့လည်းဆိုတော့ ချင်းတိုင်းရင်းသား ကျောင်းသားကလေးဆိုတော့ ကျွန်တော့်ရင်ထဲမှာ ဆွေမျိုးသား ချင်းလိုဘဲ သဘောထားခဲ့တာဘဲလေ သိကြတယ်မဟုတ်လား အောင်ဆန်းသူရိယဗိုလ်ကြီး တိုက်ချွန်း စာအုပ်ရေးပြီးကတည်းက ကျွန်တော့်ကို ကျွန်တော် ချင်းတိုင်းရင်း သားတွေနဲ့ အနီးဆုံး လူအဖြစ် သတ်မှတ်ထားခဲ့တယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ချင်း ကျောင်းသား/သူတွေ၊ တိုင်းရင်းသားမိတ်ဆွေတွေ အများကြီးနဲ့ ကျွန်တော်သိကျွမ်းခဲ့ ရပြီ မဟုတ်လား။ ဆွေမျိုးရင်းချာလို ဖြစ်ခဲ့ပြီ မဟုတ်လား။ … (စာ ၆၁)မှ

စာရေးဆရာ တက္ကသိုလ် စိန်တင်၏ အဝေးဆုံးမှာနေတဲ့အနီးဆုံးလူ ၀တ္ထုတို… မှ။



ချင်းမဂ္ဂဇင်း ၁၉၈၆-၈၇

“ငါရှင်းပြမယ်၊ မင်းပြောတဲ့ ပြည်ထောင်စုဆိုတာ မှန်တယ်၊ ဒီပြည်ထောင်စုကြီးထဲမှာ လူမျိုးပေါင်းစုံနေတယ်၊ အဲ့ဒီ လူမျိုးတစ်မျိုးတိုင်းစီက အရင်စည်းလုံးမှ တိုးတက်နိုင်မှသာ တို့ပြည်ထောင်စုကြီးတစ်ခုလုံး စည်းလုံးညီညွတ်ပြီးတိုးတက်နိုင် မှာပေါ့၊ ထိုလွတ်လပ်ရေးကြီးကလည်း ဒီလိုစည်းလုံးမှုအားနဲ့ ရယူခဲ့ရတယ်ဆို တာ မင်းသိသားပဲ” ဟု ဆိုပြီး စိတ်ဆိုးဆိုးနှင့် ပြန်သွားသော သူငယ်ချင်း Pa Lian ၏ အလိုမကျ တင်းမာသော မျက်နှာထား ကိုလည်း မြင်ယောင်လာ၏။ … (စာ ၈၈) မှ

… မေမေမှာခဲ့သလို တစ်မျိုးသားလုံးစည်းလုံးဖို့ တိုးတက်ဖို့ရာအတွက် တက်တက်ကြွကြွ ပါဝင်ပါတော့မယ်၊ မေမေ့သားတို့လို လမ်းမှားတဲ့ ဆလိုင်းမိုင် မောင်မယ်တွေ အမြင်မှန် ရနိုင်ပါစေလို့လည်း ဆုမွန်ခြွေပေးပါ့မယ်မေမေရယ်။ ဘယ်ပန်းချီရေး မမီ ဖြူနီညိုပြာ ပန်းမျိုးစုံတို့ဖြင့် ဝေဆာရာမြေ၊ သဘာဝက လှပန်းချီ ခြယ်ထားသော တောင်ပြာတန်းရယ်၊ အမိတောင်ပြာတန်းရဲ့ နောက် ကွယ်အမှောင်ထုထဲမှာ ရေစုံမျောနေတဲ့ သားမိုက်ကို ခွင့်လွှတ်ပါ။ တောင်ဇလပ် ဖြူနီပန်း ချယ်ရီတို့ရယ် ခွင့်လွှတ်ကြပါ။ ကျွန်တော် ပြန်လာပြီ၊ နောင်တရပါပြီ။ ကျွန်တော့်ပါးပြင်ပေါ်မှ စီးကျလာသော မျက်ရည်၊ နောင်တ မျက်ရည်၊ သြော်… အလွမ်းမျက်ရည်။ … (စာ ၉၀-၉၁) မှ

စာရေးဆရာ မောင်ခင်တလုံး၏ တောင်းဆုရယ် ပန် အလင်းမှန်သို့ ဆောင်းပါး … မှ။



ချင်းမဂ္ဂဇင်း ၁၉၈၆-၈၇

ချင်းရိုးရာ ပွဲလမ်းသဘင်များအနက် ငွေကြီးအကုန် အကျများပြီး ခမ်းခမ်းနားနားကျင်းပသော ပွဲလမ်းသဘင်များမှာ (၁) လောင်သုခ်ပွဲ (long tuk) (၂) ခွန်ကျွဲပွဲ (khuang coi) (၃) ဘွေသေဘွေပွဲ (Boite boi) (၄) သီးနှံ့အောင်ပွဲ (Fangerh) (၅) ရန်သူအောင်ပွဲ (Mi sawm tuk) (၆) တိရစ္ဆာန်အောင်ပွဲ (Sa sawm tuk) (၇) ကျားအောင်ပွဲ (Cakei fim) (၈) အမဲပစ်ပွဲ (Bung thluk) (၉) ငါးဖမ်းပွဲ (Tikal) နှင့် (၁၀) ၀ါးညှပ်ကပွဲ (hamserh) တို့ဖြစ်၏။ … (စာ ၉၇) မှ ဆလိုင်း သောင်းဆိုင်လျံ၏ ချင်းရိုးရာ စောင်နင်းပွဲ ဆောင်းပါး …မှ။



ချင်းမဂ္ဂဇင်း ၁၉၈၆-၈၇

အရေးအကြီးဆုံး အချက်တစ်ချက်မှာ ချင်းယဉ်ကျေးမှု ကို ဖော်ထုတ်တင်ပြရုံသာမက ယဉ်ကျေးမှုရေစီးကြောင်း၊ သမိုင်း ရေစီးကြောင်းများဖြင့် ချိန်ထိုး၍ သုတေသနပြုလုပ်ရန်လည်း များစွာ လိုအပ်နေခြင်းဖြစ်ပေသည်။ စာရေးသူတို့ ချင်းလူမျိုးအချို့သည် အခြားသူတစ်ဦး တစ်ယောက်ရေးသားသော ယဉ်ကျေးမှုဆိုင်ရာ ချွတ်ချော်မှားယွင်းမှု များကို ဝေဖန်လိုကြသော်လည်း ကိုယ်တိုင်ကိုယ်ကျ ဖော်ထုတ်တင်ပြ ရန် ၀န်လေးနေတတ်ကြသည်။…(စာ ၁၁၀)မှ/

ချင်းလူမျိုးများ တွင် ကောင်းပေ့၊ ညွန်ပေ့ဟူသော အမည်ကျော်များရှိခဲ့ဖူးပြီ။ ရှိနေကြပြီ။ သို့သော် ယဉ်ကျေးမှု ဖော်ထုတ်မြှင့်တင့်ရေး အတွက် ကြံ့ကြံ့ခံရပ်တည်လှုပ်ရှားနေကြသော စာပေတိုက်ပိုင်ရှင်များ၊ ထုတ်ဝေသူများ၊ စာရေးဆရာကြီးများ၊သတင်းစာဆရာကြီးများ ဟူ၍ ချင်းလူမျိုးဘယ်နှစ်ယောက် ရှိပါသနည်း။ အထူးစဉ်းစား ဖွယ်ပင်ဖြစ်၏။ မှန်၏။ အထူး စဉ်းစားဖွယ်ပင် ဖြစ်ပေသတည်း။ … (စာ ၁၁၁) မှ

ဆလိုင်းရွှေလင်း၏ အထူးစဉ်းစားဖွယ် ဆောင်းပါး … မှ။
Source...http://chinmag.freevar.com/

Wednesday, August 10, 2011

မြန်မာ စကားပုံများ(Myanmar Proverb)

Adjust burden to strength, like arrow to bow.

တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။

Although cowardly be slow to run.

မရဲသော်လည်း ပြေးခဲစေ။

The anger of the prudent never shows.

ပညာရှိအမျက် အပြင်မထွက်။

Arrows all gone before the battle begins.

စစ်မရောက်ခင် မြှားကုန်။

As the doe gives birth to a fawn the tiger eats it.

သမင်မွေးရင်း ကျားစားရင်း။



As to eating it, will it is covered with grit; but as to throwing it away, well, it is rich and luscious.

စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ရမှာကလည်း အဆီနဲ့ တ၀င်းဝင်း။

As you are fated to eat honey, bees swarm in your beard.

စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ။

Ask when you don't know, wash when you're dirty.

မသိလျှင်မေး၊ မစင်လျှင်ဆေး။

At the sight of fresh fish away goes the roast.

ငါးစိမ်းမြင်၊ ငါးကင်ပစ်။

Bad children? Blame the parents.

သားသမီးမကောင်း မိဘခေါင်း။

The black elephant dare not look at the royal white elephant's face.

ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့။

Being afraid of the tiger he takes refuge with the lork Spirit, but the lord Spirit is worse than the tiger.

ကျားကြောက်လို့ ရှုင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး။

The bigger the tiger, the bigger the pug-marks.

ကျားကြီးတော့ ခြေရာကြီး။

A blind fowl came upon the rice-pot .

ကြက်ကန်း ဆန်အိုးတိုး။

The blind man is not afraid of ghosts.

မျက်ကန်းတစ်ဆေမကြောက်။

The care of one daughter equals that of a thousand cattle.

သမီးတစ်ကောင် နွားတစ်ထောင်။

The cat jumps with joy when the forest is on fire.

တောမီးလောင် တောကြောင် လက်ခမောင်းခတ်။

Cheeks shinning because of gold earrings.

ရွှေနားကပ်ရောင်ကြောင့် ပါးပြောင်။

Clear water cannot be obtained from a well that has just been dug.

ခု ရေတွင်းတူး၊ ခု ရေကြည်သောက်၍ မရ။

Day will not break for a hen's cackle; it will break only for a cock's crow.

ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်။

Desire for haste is delay

အရင်လို အနှေးဖြစ်။

Discard only bad baskets and punnets, not bad sons and daughters.

တောင်းစုတ် ပလုံးစုတ်သာ ပစ်ရိုးထုံးစံ ရှိသည်။ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ။

Do not spare a bullock or a wife.

မယားနဲ့နွား မသနားနဲ့။

Do not tread on a heap of thorns because you have faith in you karma.

ကံယုံ၍ ဆူးပုံမနင်းနဲ့။

Eat a section of garlic; you smell of garlic. Eat two sections; you smell the same.

တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်။

Eczema comes on the teprous place.

နူရာ ၀ဲစွဲ။

An ember about to blaze glows brightly.

တောက်မည့်မီးခဲ တရဲရဲ။

Empty pockets, empty promises.

ငွေမရှိ စကားမတည်။

An error may go on for ever, but it can be set right in a moment.

ပျက်အစဉ် ပြင်ခဏ။

Even if you do not love him (her), hold your breath and kiss him (her), even if yor do not kiss him (her), heave a sigh.

မချစ်သော်လည်း အောင့်ကာနမ်း၊ နမ်းသော်လည်း ပင့်သက်ရှူ။

Falling face downwards in the front of the tiger.

ကျားရှေ့ မှောက်ရက်လဲ။

Fetching water in an open wicker basket.

ခြင်းကြားနဲ့ ရေသယ်။

Flipping sesamum seeds into an elephant's mouth.

ဆင်ပါးစပ် နှမ်းပက်။

A floor which has no binding is in disorder.

အကွပ်မရှိကြမ်း ပရမ်းပတာ။

Fondle a dog and it will lick your face.

ခွေးကလေး အရောဝင်တော့ ပါးလျက် နားလျက်။

The future price will be fixed in the future; sell it at the current price.

နောင်ခါလာ နောင်ခါဈေး။

Going to plough and forgetting the catte.

လယ်ထွန်သွား နွားမေ့။

A good beginning ensures a satisfactory ending.

အစကောင်းမှ အနှောင်းသေချာ။

A good tree can lodge ten thousand birds.

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်။

Grass depends on the island, the island on the grass.

ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ။

Great desire obtains little.

အလိုကြီးက အရနည်း။

Guests only come to a happy house.

အိမ်သာလို့ ဧည့်လာ။

He asked for

bones because he wants flesh.

အသားလိုလို့ အရိုးတောင်း။

He breathes through someone else's nose.

သူများနှာခေါင်းပေါက်နဲ့ အသက်ရှု။

He calls her aunt only when her cucumber fruits.

ဘူးသီးသီးလို့ အရီးတော်။

He climbs up the pole of the morquee to show his alms-giving.

အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြ။

He does not catch the monitor lizard and he has lost his chopper.

ဖွတ်မရ ဓားမဆုံး။

He dropped a fish-hook whenever the fish sent up bubbles (expecting to catch it).

ငါးပွက်ရာ ငါးစာချ။

He leans on a white elephant and sucks sugar-cane.

ဆင်ဖြူတော်မှီ၍ ကြံစုပ်။

He lives in the bushes but

his spirits is in the heavens.

လူနေချုံကြား စိတ်နေဘုံဖျား။

He may be poor, however intelligent he may be, if he has no karma.

ကံမရှိ ဥာဏ်ရှိတိုင်းမွဲ။

He praises the pickling of his own fish.

ကိုယ့်ငါးချဉ် ကိုယ်ချဉ်။

He rides without knowing whether it's a stallion or mare.

ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်း မသိ။

He tries to establish relationship with a person only when the person has gold.

ရွှေရှိမှ အမျိုးတော်။

He was all right when he was sitting; only when he got up did I realize he was lame.

ထိုင်နေတော့ အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ။

He who talks isn't strong; he who's

strong doesn't talk.

လူပြောမသန်၊ လူသန်မပြော။

He would like to ride a difficult buffalo but hasn't enough courage.

မရဲဘဲ ကျွဲပြဲစီးချင်။

His mouth say; "Buddha Buddha, " but his hand acts contrariwise.

ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား။

Husband and wife are like tongue and teeth.

လင်နဲ့မယား လျှာနဲ့သွား။

I have no money to pay the debt and no land abscond to.

ပေးစရာ ငွေမရှိ၊ ပြေးစရာ မြေမရှိ။

If a needle can pierce it don't chop with an axe.

အပ်ဖြင့် ထွင်း၍ရလျှင်၊ ပုဆိန်ဖြင့် မခုတ်ရ။

If the beginning is good, the end must be perfect.

အစကောင်းလျှင် အနှောင်းသေချာမည်။

If the cattle are scattered the tiger seizes him.

နွားကွဲလျှင် ကျားဆွဲမည်။

If the fire is greater the fire wins; if the water is greater the water wins.

မီးများ မီးနိုင်၊ ရေများ ရေနိုင်။

If the thorn falls the leaf is pierced; if the leaf falls the leaf is pierced.

ဆူးပေါ်ဖက်ကျလျှင် ဖက်ပေါက်သည်။ ဖက်ပေါ်ဆူးကျလျှင် ဖက်ပေါက်သည်။

If there is a question, there is also an answer.

အမေးရှိလျှင် အဖြေရှိသည်။

If you carry the world" No" with you, you will never be poor even in old age.

ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ။

If you do not know, ask; if it not clean, wash.

မသိလျှင်မေး၊ မစင်လျှင်ဆေး။

If you don't believe me , ask my wife.

မယုံရင် ငါ့မယားကိုမေး။

If you want to go fast, go the old road.

အလျင်လို လမ်းအိုလိုက်။

If you desire is great you obtain little.

အလိုကြီးက အရနည်းသည်။

Ignorance is more troubles me than poverty.

မရှိတာထက် မသိထာခက်သည်။

In a basket it is the binding, in a man it is his clothes.

တောင်းမှာအကွပ်၊ လူမှာအ၀တ်။

In a forest where there is no heart-wood the castor-oil plant rules.

အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူ။

In another's eyes, but in his own eyes he sees no dirt.

အခြားလူများ၏ မျက်ချေးကိုမြင်၍ ကိုယ့်မျက်ချေးကိုယ်မမြင်။

In journeying at improper time, one step; in eating improper food, one mouthful is sufficient to course mishap.

အစားမတော် တစ်လုပ်၊အသွားမတော် တစ်လှမ်း။

It is for bird to fly and die; it is for man t5o scheme and die.

ငှက်သည် ပျံရင်းသေသည်။ လူသည် ကြံရင်းသေသည်။

It's like threading a dog's crooked tail through a joint of bamboo.

ခွေးမြီးကောက် ကျည်တောက်စွပ်သလို။

Just as the breeze carries the flower's fragrance, so do men carry men's news.

ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်းဆောင်။

Just when he wants to cry you touch him.

ငိုချင်လျက် လက်တို့။

Karma is the mother and karma is the father.

ကံသာလျှင် အမိ၊ ကံသာလျှင် အဖ။

Karma watches over your property; your intellig- ence watches over your life.

ဥစ္စာကံစောင့်၊ အသက်ဥာဏ်စောင့်။

A lazy man lies flat on his back, a lazy woman stretches out her legs.

ယောက်ျားပျင်းတော့ ကျောခင်း၊ မိန်းမပျင်းတော့ ခြေဆင်း။

Let enmity stops short, but love lingers on.

ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ။

Let them know about it but not see it.

သိတာသိစေ မမြင်စေနဲ့။

Like father and grandfather alike.

ဘမျိုးဘိုးတု။

Loss of good is one day spoiled; loss of a hrsband is a ruined life.

ကုန်ရှုံးတော့ တစ်ရက်၊ လင်ရှုံးတော့ တစ်သက်။

A man does not lose his life if the time at which he is fated to die is not arrived.

သေနေ့မစေ့သေးလျှင် မသေ။

The man from hell is not afraid of hot ashes.

ငရဲကလူ ပြာပူမကြောက်။

Mice cease to fear the cat

when she is too old.

ကြောင်အို ကြွက်မလေး။

Minds together, bodies apart.

စိတ်ပေါင်းကိုယ်ခွာ။

Moderation is medicine, excess is peril.

လွန်ရင်ဘေး၊ တန်ရင်ဆေး။

The moon shinning in the hollow of the bamboo.

ဝါးလုံးခေါင်းထဲ လသာ။

More money always wins the cause.

ငွေများ စကားနိုင်။

A motherless son is a fish in low water.

အမိမဲ့သား ရေနည်းငါး။

Near a fisherman one is a fisherman; near a hunter a hunter.

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။

No lawyer is infallible, nor a doctor immortal.

မမှားသော ရှေ့နေ၊ မသေသော ဆေးသမား။

The oar broke while the boat was going.

လှေလှော်ရင်း တက်ကျိုး။

Offering a sword-hilt to a thief.

သူခိုး အရိုးကမ်း။

Old bullocks are partial to tender grass.

နွားအို မြက်နုကြိုက်။

Once you have died you know how to lay out the corpse.

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။

One can but fall to earth or rise to the golden umbrella.

သေမြေကြီး ရှင်ရွှေထီး။

One capable many and a force of ten thousand was crushed.

တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ။

One day, six feet, where will Bagan move to ?

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့။

One day to die, and one day to born.

သေတစ်နေ့ မွေးတစ်နေ့။

One in a thousand mothers bears such sons.

မတစ်ထောင် တစ်ကောင်ဘွား။

One mouthful of unsuitable food, one imprudent step may lead to peril.

အစားမတော်တစ်လုပ်၊ အသွားမတော် တစ်လှမ်း။

One needs a full stomach to keep the precepts.

အူမတောင့်မှ သီလစောင့်နိုင်မည်။

One seasum seed will not make oil.

နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်။

One should not open the mouth for a presentation cow and look at the teeth.

အလကားရသည့်နွားကို သွားဖြဲမကြည့်သင့်။

One's bed is a throne if one thinks to be so.

ကိုယ်ထင်လျှင် ခုတင်ရွှေနန်း။

Only the sufferer knows how his belly aches.

ကိုယ်ဝမ်းနာ ကိုယ်သာသိ။

Only when the thief has run away do the tatto spots show their power.

သူခိုးပြေးမှ ထိုးကွင်းထ။

Picking up frogs with a perforated bag.

ပလိုင်းပေါက်နှင့် ဖားကောက်။

Pinning for the aunt rather than the mother.

အမေကျော် တွေးတော်လွမ်း။

Playing a harp before a buffalo.

ကျွဲပါးစောင်းတီး။

Pot against pot, the pots will touch; ropes together, the ropes will tangle.

ကြိုးချင်းထား ကြိုးချင်းထိ၊ အိုးချင်းထား အိုးချင်းထိ။

The price of the hook(goad) is greater than the prick of the elephant.

ဆင်ဖိုးထက် ချွန်းဖိုးကကြီး။

Property is guarded by luck.

ဥစ္စာကံစောင့်။

Rain water leaks through the roof-top.

ခေါင်က မိုးယို။

Riding on the same boat, going on the same journey.

တစ်လှေတည်းစီး တစ်ခရီးတည်းသွား။

Rubbing liniment on the unaffected spot.

မရောင်ရာ ဆီလူး။

Said to be marrying a captain, she married a sailor.

ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား။

Searching for a lime before he gets the hare.

ယုန်မရခင် သံပရာရှာ။

Seeing the bark you know the tree; seeing his expression you know his character.

အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ။

Setting fire to the grannary because one cannot beat the mice.

ကြွက်မနိုင် ကျီမီးနဲ့ရှို့။

She wears the flower when it has a sweet scent, but disards it when it has lost its scent.

မွှေးလျှင်ပန်၊ နံလျှင်ပစ်။

Silence is worth a thousand pieces of silver.

ဆိတ်ဆိတ်နေ ထောင်တန်။

The snare was set to catch a hare but the cat was caught.

ယုန်ထောင် ကြောင်မိ။

The son is one month older than his father.

အဖေထက် သားတစ်လကြီး။

The stick falls on the sore.

အနာပေါ် တုတ်ကျ။

Store up the water while it rains.

The strongest young bullock is only as strong as an old bullock with a broken leg.

နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲ ဖြစ်သည်။

Sugar-cane is sweet always, man only sometimes.

ကြံသည် အစဉ်ချိုသော်လည်း လူသည် အစဉ် မချို။

Taking shelter in the shade of a tree and breaking off the branches.

အရိပ်နေနေ၊ အခက်ချိုးချိုး။

Teaching a monk to read; showing an alligator king the water business.

ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြ။

Teasing eventually turns to quarrel.

အကျီစားသန်လျှင် ရန်ဖြစ်သည်။

Teeth that are going to chew for a long time must aviod bones.

ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်။

A thing floats when it gets rotten; the news, if not true will not spread.

ပုပ်လျှင်ပေါ်၊ ဟုတ်လျှင်ကျော်။

Those who are unaware walt over it, those who are aware unearth it and eat it.

မသိသူကျော်သွား သိသူဖော်စား။

Throwing sand at the meat he cannot eat.

မစားရတဲ့အမဲ သဲနှင့်ပက်။

The tiger who courts death moves to another jungle.

သေချင်တဲ့ကျား တောပြောင်း။

Timidity relieves one of responsibitity.

ကြောက်တတ်လျှင် ၀န်ကင်းသည်။

To be ignorant is worse than being poor.

မရှိတာထက် မသိတာခက်။

To dig one's grave with one's own hands.

ကိုယ့်သေတွင်း ကိုယ်တူး။

Too many doctors and the son dies.

ဆရာများ သားသေ။

Too much carp makes the curry in stupid.

ငါးသိုင်းများ ဟင်းဟုံ။

Too much talk will include errors.

စကားများလျှင် အမှားပါမည်။

The top of a pinnade now, firewood soon.

မှန်ကင်းတစ်လှည့် ထင်းတစ်လှည်။

Travelling by raft and yet thirsty.

ဖောင်ဆီးရင်း ရေငတ်။

Trust a slave you lose an eye; trust your childrin you lose both.

ကျွန်ယုံတော့ တစ်လုံးကန်း၊ သားသမီးယုံတော့ စုံလုံးကန်း။

Unitl timber is available, use bamboo as a girder.

သစ်မရခင် ၀ါးကူ။

A village ox does not feed on village grass.

ရွာနားကမြက် ရွာနွားမစား။

Water falling into sand.

သဲထဲ ရေသွန်။

Wax will show the quality of gold.

ရွှေအကြောင်း ဖယောင်းသက်သေတည်။

When an elephant shrinks it's still a buffalo.

ဆင်ပိန်တော့ ကျွဲ။

When diamonds are being sold, the tobacco-stalk verchant is in the way.

စိန်ကောင်းကျောက်ကောင်း ရောင်းနေသည့် အခါ၌ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်။

When I work for my living the rains are sconty, when I sted for my living the dogs bark.

လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်။

When in agony a mother will even deny being related to her son.

ကိုယ်မချိ အမိသော်လည်း သားတော်ခဲ။

When the disease is not known there is no remedy.

အနာမသိ ဆေးမရှိ။

When your strength is not sufficient, humble yourself.

အားမတန် မာန်လျှော့။

Where there is a question, there must be an answer.

အမေးရှိလျှင် အဖြေရှိရမည်။

While being troubled by snakes, he is harassed by centipedes.

မြွေပူရာ ကင်းမှောင့်။

The whole boat is putrid because of a single carp.

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။

A woman's modesty cannot be bought with gold.

မိန်းမတို့အိန္ဒြ ရွှေပေး၍မရ။

You will face a hundred peoblems in your lifetime though you may not live that long.

အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာတွေ့ရ။

Sorry ဒီစကားပုံတွေက ဘယ်ဆိုဒ်ကကူးမှန်း မမှတ်မိလို့ဆိုဒ်ရှင် ကိုတောင်းပန်ပါတယ်။
ဒီမှာလည်းမြန်မာ စကားပုံတွေ အများကြီးပဲ..စကားပုံချစ် သူများသွားရောက်ဖတ်ရှုနိုင်ပါ သည်။
http://www.mmproverb.com/

SK.LINTAN@2011