Mei Awm Law

Sunday, June 26, 2011

ရုတ်တရက်အမုန်း


သိပ်သိပ် ချစ်ကြတဲ့
မင်းနဲ့ငါ့ကြား
အချစ်တစ်ခုကလွဲရင်
ဘာပြဿနာမှ မရှိဘူးထင်တယ်.....

ဘာအကြောင်းပြချက်မှမရှိတဲ့
ရုတ်တရက်ကြီး
မုန်းတယ် ဆိုတဲ့စကား
နားကြားများ လွဲနေသလား....

မင်းဘက်မှာ ဒီလိုပြတ်သားပြီးမှတော့
ငါဘာတတ်နိုင်ဦးမလဲ
မုန်းမယ် ဆိုရင်လည်း
နည်းနည်းလောက်တော့ ကြိုတင်
အချက်ပြပါလား...

အခုတော့ ရုတ်တရက်ကြီး
ငါ့ဘက်မှာ ဘာမှကြိုတင်
ပြင်ဆင်မထားတော့
အတွေးတွေ ဇဝေဇဝါနဲ့
ဆုံးဖြတ်ချက်ချဖို့
ကမောက်ကမ ဖြစ်နေတယ်....

အနာဂတ်ခရီးမှာ မင်းနဲ့အတူနှင်ဖို့
မင်းနဲ့ အတူရေးဆွဲထားတဲ့
မျှော်လင့်ချက်တွေ
ရည်မှန်းချက်တွေ
ဇယားတွေ အားလုံး
ကယောက်ကယက်နဲ့
ရှုပ်ရှက် ခတ်ကုန်ပြီ.....

ဆက်လက်ကြိုးစားပါဦးမည်....ဇက်ဗီလင်းတန်း

0 comments:

SK.LINTAN@2011