Mei Awm Law

Saturday, May 7, 2011

မင်းကိုငါချစ်တယ်

ရင်မှာ ဒဏ်ရာ ဒဏ်ရာတွေ
အထပ်ထပ် ငါရရှိခဲ့တယ်

ရင်မှာ ဒဏ်ချက် ဒဏ်ချက်တွေ
အကြိမ်ကြိမ် ပြင်းထန်ခဲ့တယ်

နက်ဖြန်ဆိုတာ ရှိသေးရင်
မင်းလေးရက်စက်ပါဦး
ငါ့အသည်းဟာ သံမဏိ
မဟုတ်ပေမယ့်
ဆက်ချစ်ချင်သေးတယ်

မင်းရဲ့အမုန်းမြစ်တစ်စင်းမှာ
ပွန်းပဲ့နေတဲ့ငါ့အသည်း
လှေငယ်တစ်စင်း
ရွက်လွှတ်ချင်သေးတယ်

မင်းရဲ့အနက်ရောင်အကြည့်တွေ
မင်းရဲ့အနီရောင် စွန်းတဲ့ပါးမို့မို့လေး
မင်းရဲ့အနီရောင် နှုတ်ခမ်းမှာ
မင်းရဲ့ချိုသာလွန်းတဲ့ အဖြူရောင် အပြုံးတွေ
ငါပိုင်ဆိုင်ချင်သေးတယ်

ငါဟာ ချစ်တတ်တယ်
ငါဟာ ကြင်နာတတ်တယ်
ငါဟာ ခံစားတတ်တယ်

Zp.Lintan(7/4/2011)

0 comments:

SK.LINTAN@2011