Mei Awm Law

Wednesday, May 11, 2011

မလိုက်ပါရစေနဲ့ မေရယ်




မလိုက်ပါရစေနဲ့ မေရယ်
မြို့ကြီးပြကြီးမှာ
အသွားအလာမတတ်ရင်
မင်း အရှက်တွေကွဲလိမ့်မည်

မလိုက်ပါရစေနဲ့ မေရယ်
ဆွေတွေမျိုးတွေ အသိုင်းအ၀ိုင်း
တွေကြားမှာ
မင်း မျက်နှာငယ်လိမ့်မည်

မလိုက်ပါရစေနဲ့ မေရယ်
ဒီတောင်တန်းမှာ ငါနေရစ်မယ်
မင်းနဲ့ရှိတဲ့ တဒင်္ဂလေး
အချိန်တွေကိုပဲ
ကျေနပ်စွာ ထွေးပိုက်ရင်းနဲ့
ဒီတောင်တန်းမှာ ငါကျန်ရစ်မယ်။ ။

တောင်ဇလပ်မြေမှ...ဇက်ပီ

0 comments:

SK.LINTAN@2011