Mei Awm Law

Tuesday, August 9, 2011

C box မှာလျှောက်လည်ရအောင်


ဆီဗုံးဖြည့်နည်းလေး မျှဝေချင်တယ်...နည်းပညာဆရာကြီးတွေ ဘလောက်ဂါ အဟောင်းတွေ အတွက်တော့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ကျနော့်လို ဘာမှ မသိပဲ ဘလောက်လောကထဲေ၇ာက်လာတဲ့ သူငယ်ချင်းတစ်စုံတစ် ယောက်အတွက်ပါ....

ကျနော်ဘလောက်လုပ်ခါစမှာ Visitor လေးထားတာ..ကျနော်တစ်ယောက်ထဲ..ဘယ်သူမှ မလာဘူး...ဒါနဲ့လိုက် ဖိတ်ချင်တာ ဆီဗုံးဖြည့်နည်းလည်းမသိတော့ မနည်းဒုက္ခရောက်တာ...ကျနော် စမ်းကြည့်တယ်...email ပဲထည့်တာနဲ့ တစ်ဝက်အောင် မြင်တယ်..ဒါပေမယ့် ဘယ်သူမှ ရောက်မလာဘူး။ဒါတခြားနည်း ၇ှိမှာပဲလို့ ပြန်စဉ်းစားတယ်...url နေရာမှာ ကိုယ့်ဆိုက်နာမည်လေးထည့်လိုက်တော့ အားလုံး အဆင်ပြေတယ်။ visitor လေးလည်းပြည့်သွားတယ်..



ကဲကဲ...လေရှည်တယ်...စရအောင်...Name မှာ ကိုယ်ပေါ်စေချင်တဲ့ နာမည် ထည့်ပါ... e-mail/url နေရာမှာ ကိုယ့်ဆိုက်ရဲ့ လိပ်စာလေးထည့်ပေးလိုက်ပါ။ ဥပမာ...zplintan.blogspot.com ဒီလိုပုံစံရေးပေးရင် ရပါတယ်။ Message မှာတော့ ကိုပြောချင်တာတွေ ရေးလိုက်ပေါ့... ဒါဆိုရင် Go ကိုကလိလိုက်ပါ။ အောက်က ပုံလိုပေါ့။


ဒီလိုဆိုရင် သူများဆိုက်ရောက်ရင် ရောက်ကြောင်း စာရေးတာနဲ့..သူလည်းအားရင် ကိုယ့်ဆိုက်လာလည်လို့ ရတာပေါ့။ အားလုံး အဆင်ပြေပါစေ...ကျနော်ပထမ ဦးဆုံးရေးတဲ့ နည်းပညာပေါ့ ဟီ........ comment တော့ မပေးကြနဲ့နော်။ ရှက်စရာကြီး။

အားလုံးကိုခင်တဲ့....ဇက်ဗီလင်းတန်း

0 comments:

SK.LINTAN@2011