Mei Awm Law

Thursday, August 4, 2011

Search box For blogger

ကျနော့်ဘလော့ရဲ့ Search box အတွက် မေးခဲ့တဲ့သူတွေ ရှိပါတယ်။ အချိန်မရသေးတာနဲ့ မပြောပြဖြစ်တာပါ။ ကျနော်လည်း Search အမျိုးမျိုး blog မှာသုံးကြည့်ဘူးပါတယ်။ အဆင်ပြေဆုံးကတော့ ဒီတစ်ခါပေါ့။ နောက်ပြီး Search နေရမှာ မိမိရေးထားတာတွေကို click လုပ်လိုက်ရုံနဲ့ blank ဖြစ်သွားတာက ပိုအဆင်ပြေစေတာပါ။

မိမိဘလော့ရဲ့ Layout ကိုသွား၊ Add a Gadget ကိုနှိပ်ပြီး HTML/JavaScript နေရာမှာ အောက်က စာသားတွေ ထည့်ပေးလိုက်ပါ။


ကျနော် မြန်မာလိုရေးထားတဲ့ နေရာတွေမှာ မိမိရေးချင်တာကို ပြောင်းနိုင်ပါတယ်။ သုံးနေရာလုံးကို ပြောင်းပေးရမှာဖြစ်ပါတယ်။ အဲဒါမှ click လိုက်တဲ့ အချိန်မှာ blank ဖြစ်ပါလိမ့်မယ်။ ဒါထည့်ရုံလောက်နဲ့ ကျနော့်အတိုင်းကြီးတော့ မရသေးဘူး။ သူက Search box ဖြစ်ရုံလေး အောက်ကပုံအတိုင်းပဲ ရှိလိမ့်ဦးမယ်။
Image Hosting by imagefra.me
(အချို့ ဘလော့ Template တွေမှာ Search အတွက် စတိုင်ထည့်ပေးပြီးသားဆိုရင်တော့ သူ့မှာရေးထားတဲ့ပုံအတိုင်းပေါ်မှာပေါ့)
မပါခဲ့ဘူး(သို့) ပြင်ချင်တယ်ဆိုရင် #header ဆိုတာကိုရှာလိုက်ပါ။ အပေါ်နားလေးမှာပဲ ရှိပါတယ်။

သူ့ရဲ့အပေါ်မှာ အောက်က စာသားတွေထည့်ပေးလိုက်ပါ။




အဲဒါဆိုရင် ကျနော့်ပုံစံအတိုင်းဖြစ်သွားပါလိမ့်မယ်။ အဲဒီမှာ ပုံသုံးပုံရဲ့ လင့်ကို တွေ့ပါလိမ့်မယ်။ Search box အတွက် နောက်ခံပုံရယ်၊ ဘောင်ကွတ်ရယ်၊ ခလုပ်ရယ် ဖြစ်ပါတယ်။ မိမိကိုယ်တိုင် စိတ်ကြိုက်ပြန်ဆွဲပြီး ပြင်နိုင်ပါတယ်။ (ဘလော့ဂါတွေအတွက် သိပြီးသားပဲ ဖြစ်မှာပါ)

ခက်ခက်ခဲခဲလည်း ဘာမှ မရှိပါဘူး။ အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။

Source...သံလုံငယ်

0 comments:

SK.LINTAN@2011