Category
- Cbox (4)
- Chin Music Videos (15)
- Cho Music Mp3 (7)
- Dictionary (1)
- Facebook (4)
- Gmail N Gtalk (6)
- Google + Facebook (1)
- HTML Code (1)
- IT (23)
- Lwin Moe Travelling (1)
- Mizo Music Videos (1)
- MM-Music Videos Full Album (29)
- MM-Musicmp3 (3)
- MM-MusicVideos (3)
- Movie (3)
- PhaiKhaw Videos (10)
- Photo Gallery (1)
- Poems (27)
- ကချင်သီချင်း (1)
- ချင်းတောင်တန်း (13)
- စာအုပ်များ (9)
- ဖတ်စရာပြန်လည်မျှဝေခြင်း (20)
- ဗဟုသုတ (7)
- ဟာသ (5)
- ရေးသမျှလေးတွေ (3)
About Me
- SK.Lintan
Blog Archive
-
▼
2011
(191)
-
▼
August
(53)
- ဆလိုင်း – မိုင် အမေးအဖြေ
- ကျွဲရိုင်း
- Gmail အသုံးပြုနည်း
- Photoshop Degsign Drawing(Basic)
- ကလေးတွေရဲ့ မေးခွန်း
- ချင်းပြည်နယ် ခရီးစဉ် ခရီးသွားမှတ်တမ်း
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (၁)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (2)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (3)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (4)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (5)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (6)
- မြန်မာ စကားပုံများ(Myanmar Proverb)
- ရွှေနိုင်ငံသို့
- C box မှာလျှောက်လည်ရအောင်
- အကောင့်ကာနည်း
- ချင်းတောင်တန်းက အသည်းပုံ ရိရေကန် အကြောင်းတစ်စေ့တစ်...
- မေ့လျောနေခဲ့သော အာရှတိုက်၏ သူရဲကောင်း ဆလိုင်းတင်မေ...
- Happy World - Burma, the dictatorship of the absurd
- ယုံကြည်ချက် ကဗျာများ(၁)
- ဖခင်တယောက်ရဲ့ မကွယ်လွန်မီ မှာတမ်းစာ
- ISSUU.COM မှာစာအုပ်လုပ်နည်း
- တရုတ်လုပ် အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုးနဲ့  ...
- ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ သမိုင်း
- အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း
- Search box For blogger
- Easy making … Read more (blogger post)
- Wordpress လုပ်နည်း
- Peek-a-boo Post ဆိုတဲ့ Read More လုပ်တာပါ
- ဘလော့ဖောင့်တွေကို Zawgyi-One နဲ့ Unicode အဖြင့်လွယ...
- ဘလော့မှာ Kp-3 ရဲ့အသဲနှလုံးပုံလေးကျလာအောင်ထည့်ချင်ရင်
- မိမိ ဘလောက်မှာKp3 ရဲ့ twitter ငှက်လေးကိုယ့်ဆိုက်မှ...
- အဝေးရောက် ရွှေမြန်မာများအတွက် နိုင်ငံတကာ အဘိဓာန်
- Html ကုတ်ထည့်ရန် အကောင်းစား
- အချစ်သည် အပြစ်များကိုမမြင်ပါ
- အချိန်တစ်ခု
- ခေါင်းဆောင်မှု ကျင့်စဉ်
- ခေါင်းဆောင်မှု ကျင့်စဉ် (၂)
- ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်
- လူကို " စိတ် " က အုပ်စိုးသည်
- စကား
- သတ္တိ
- ပန်းဂေါ်ဖီစိမ်းမှ ဒြပ်ပေါင်းက ရင်သားကင်ဆာကို ဟန့်တာ...
- ကဗျာဘွဲ့မှူး...ပဲ့တင်သံ
- ကဗျာဘွဲ့မှူး...စက်ကွင်း
- Peekaboo ပို့စ်ခေါက်နည်းအသေးစိတ်
- သေနတ်
- ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား ပေါက်ကရများ
- သားသားလို ချင်တာ သူ့ဆီမှာ ရှိတယ်(၁)
- သားသားလို ချင်တာ သူ့ဆီမှာ ရှိတယ်(၂)
- သားသမီးများနှင့် ဆက်ဆံရာဝယ်
- ကင်ဆာရောဂါအတွက်ထူးတဲ့အာလူး
- ပညာရှိတို့၏ အဆိုအမိန့် (အောင်သစ်)
-
▼
August
(53)
About Me
- SK.Lintan
VISITORS
Thursday, August 11, 2011
ကလေးတွေရဲ့ မေးခွန်း
ကလေးတွေရဲ့ မေးခွန်းလို့ ပြောလိုက်ရသော်လဲ ငါ့အသက်နဲ့ လှမ်းကြည့်ပြီး ပြောလိုက်ရတာပါ။ တကယ်ဆိုတော့ လူပျိုပေါက် ကာလသားအရွယ်တွေ များပါတယ်။ ဆရာတော် ရှင်မဟာရဋ္ဌသာရရဲ့ လမ်းညွှန်
ပညာရှာနည်းဖြစ်တဲ့ သု-စိ-ပု-ဘာ-ဝိ-လိ-သိ-ဓာ ဆိုတဲ့ လင်္ကာလေးကို မင်းတို့လဲ
တွေ့ဖူး ကြမှာပေါ့။ ဒီလိုပဲ သူများပြောတာ၊ ဆိုတာကို နားထောင်မှတ်သား၊
ကိုယ်မသိတာ သူများကိုမေး လုပ်ကြရ တာကိုး။ ငါတို့လဲ ဒီလိုပဲ
ဆည်းပူးခဲ့ကြရတာပဲ။ ဒီတော့ ငါက ကလေးတွေလို့ ဆိုခဲ့တဲ့ ကောင်လေး၊
ကောင်မလေး တွ မေးတာကိုလဲ တတ်အားသမျှ၊ ကိုယ်သိ သမျှ
ပြန်ပြီးပြောခဲ့ရတာပါပဲ။ မဖြေတတ်၊ မပြောတတ်တာတွေလဲ ရှိသပေါ့ကွယ်။
အခုတော့ဖြင့် ငါပြော ခဲ့သမျှလေးတွေကို ပြန်ပြီးေ ရးလိုက်ရ ပါဦးမယ်။
နွားနောက်
မေး။ ။ ဆရာ နွားနောက် ဆိုတာကို ခဏခဏ တွေ့ရတယ်။ ချင်းပြည် နယ်မှာဆိုရင် နွားနောက် မွေးမြူရေး ခြံတောင် နိုင်ငံတော်က ဖွင့်ပေးထားတယ်လို့
သတင်းစာထဲမှာ တွေ့ရတယ်။ သတင်းဓာတ်ပုံ ကြည့်လိုက်တော့လဲ
ရိုးရိုးနွားတွေလိုပါပဲ။ ဘာကြောင့် နွားနောက်ခေါ်တာလဲ။ သူတို့က
နွားတစ်မျိုးလား။
ဖြေ။ ။ မင်းမေးမယ်ဆိုလဲ မေးစရာပဲ။ ငါလဲမင်းလိုပဲ ဝေ့လည်လည်ဖြစ် ခဲ့ဖူးပါတယ်။ မင်းက နွားနောက်လို့ အသံထွက်တယ်။ သူတို့က အထူးသဖြင့် မုဆိုးတွေက နွားလို့ မထွက်ဘူး။ နွားထီး၊ နွားမ၊ နွားသိုး ဆိုတာကို နထီး၊
နမ၊ နသိုးလို့ ထွက်ကြသလို နွားနောက်ကိုလဲ နနောက်လို့ အသံထွက်ကြတယ်။
ဘာကြောင့်နွားနောက်လို့ ခေါ်တာကို မေးကြည့်တော့ နွားနောက်၊ ရှေ့ ကျွဲလို့ ပြောတယ်။ ရှေ့ကကြည့်ရင် ကျွဲနဲ့တူတယ်။ နောက်က ကြည့်ရင် နွားနဲ့တူတယ်။ ဒါကြောင့် နွားနောက်၊ ရှေ့ ကျွဲလို့ ခေါ်ခဲ့ကြတာ။ အဲဒီက
နွားနောက်ပဲ ကျန်ရစ်ခဲ့တာလို့ ပြောကြတယ်။ ဒီသတ္တဝါကို ကြည့်ပြီး ရှေ့က
မြင်တဲ့သူက ကျွဲလို့ပြော၊ နောက်ကမြင်လိုက်တဲ့သူက နွားပါပဲလို့
ငြင်းကြသလို ဆိုတာကို ဥပမာပေးထားတာတောင်ရှိတယ်။ ငါ မှတ်မိသလောက်တော့
ကင်းဝန် မင်းကြီး ရေးတဲ့ နေမိရကန်ထဲမှာ ထင်တာပဲ။
ဒါပေမယ့် ဒီကောင်တွေက ရိုင်းတယ်။ ကျွဲလို၊ နွားလို ခိုင်းလို့ မရဘူး မဟုတ်လား။ ဒါနဲ့ မုဆိုးတွေကို မေးကြည့်တော့ သူတို့ ပြောတာက ”ဘယ်ခိုင်းလို့ ရမလဲ။ သူတို့က တောကျွဲနဲ့ တောနွားစပ်ပြီး မွေးလာတဲ့ကောင်တွေ။
ပြောင်နဲ့စိုင် စပ်ပြီး ကျထားတဲ့ ကောင်တွေဆရာရဲ့။ ပြောင်ကို တောကျွဲလို့
ခေါ်တာပဲ။ စိုင်ကို တောနွားလို့ ခေါ်တာပဲ။ ဒီတော့ နွားနောက်က တောရိုင်းသတ္တဝါ
သက်သက်ပဲ။ အခု သူတို့ မွေးထားတာက အသားစားဖို့ သက်သက်ပဲ။
ချင်းပြည်နယ်မှာလဲ အသားစားဖို့ သက်သက်ပဲ မွေးကြတာပါ။ အဲဒါ
ငါကြားဖူးနားဝရှိသမျှ ပြန်ပြောခဲ့တာပါပဲ။ မှားတာရှိရင်၊ ဖြည့်စွက်ချင်ရင်
ဈေးကွက်ကို လှမ်းပြီး စာရေးလိုက် ကြပေါ့ကွယ်။
ဒေါင်းတောက်
မေး။ ။ ဆရာ ဒေါင်းတောက်အောင် ရှာရတယ်ဆိုတာ လူတွေပြောတာကို မကြာခဏကြားဖူးတယ်။ ဒေါင်းတောက်အောင် ဆိုတာဘာလဲမေး ကြည့်တော့လဲ ဘယ်သူမှ
ရေရေရာရာ မပြောနိုင်ကြဘူး။ ဒေါင်းတောက် အောင်ဆိုတာကို ဘာကြောင့် ပြောကြ
တာလဲ။ ဘာအဓိပ္ပာယ်လဲဆရာ။
ဖြေ ။ ။ အေးမင်းတို့လိုပဲ ငါလဲ အူလည်လည် ဖြစ်ခဲ့ဖူးတယ်။ သို့သော်လဲ ငါက ကံအားလျော်စွာ ရင်းမြစ် အဖြေကို သိလာရတယ်။ ငါက စာပေဟောပြောပွဲတွေသွားရင်း တော ခေါင်ခေါင် ကျေးရွာလေးတစ်ခုကို ရောက်သွားခဲ့ပါတယ်။ ငါမှတ်မိ
သလောက်တော့ဖြင့် တောင်တွင်းကြီး နဲ့ နေပြည်တော် ပျဉ်းမနားကြား မီးရထား
ဘူတာလေးရှိတဲ့ မင်းပြင်ဆိုတဲ့ ရွာကလေး ထင်မိတာပဲ။ တောအုပ် မြိုင်အုပ်
အလွန်ကြီးတဲ့ နေရာတွေပေါ့။ အဲဒီမှာက ညနေပိုင်းဆိုရင် နေစောင်းတာနဲ့
မှောင်ရီပျိုးလာတာပဲ။ အဲဒီလို မှောင်ရီပျိုးစအချိန် ညစာအတွက်
ထမင်းပွဲပြင်နေကြတုန်းမှာ တောထဲက ဒုတ်ဒုတ်နဲ့ သစ်ခုတ်သံ ကြားရတာကိုး။
ဒါနဲ့ပဲ ငါက နားစွင့်နေလိုက်ရင်း ”ဒီအချိန်မှာတောင် သစ်ခုတ်တဲ့လူ
ရှိသေးသလား”လို့ မေးလိုက်တော့ အိမ်ရှင်ကပြုံးပြီး ”သစ်ခုတ်တာမဟုတ်ဘူး။
ဒေါင်းတောက်နေတာပါ”တဲ့။ ငါလဲ အံ့အားသင့်ပြီး ”ဒေါင်းက သစ်ပင်ကို
နှုတ်သီးနဲ့ ပေါက်နေတာလား”လို့ မေးတော့ ”မဟုတ်ဘူး ဆရာ။ အဲဒီအတိုင်း
ဒေါက်ဒေါက်နဲ့ မြည်နိုင်ပါတယ်။ ဒီလိုပါပဲ နေဝင်ချိန်
အိပ်တန်းတက်တော့မှာမို့ သားသမီးတွေကို လိုက်ရှာအသံပေးပြီး စုခေါ်တာပေါ့
ဆရာရယ်”တဲ့။ ငါ့စိတ်ထဲမှာ လုံးဝ မထင်မှတ်တာမို့ အံ့အား
တောင်သင့်သွားမိတယ်။ အသံက ဒေါက်ဒေါက်နဲ့ မာလွန်းလို့ ဒေါင်းတွန်တာနဲ့
ဆက်စပ်လို့ကို မရနိုင်လောက်အောင်ပါပဲ။ ဒေါင်းမိခင်၊ ဖခင်က သားသမီးတွေကို
အိပ်တန်းတက်ချိန်မှာ ရှာကြ၊ ဖွေကြတာကိုးကွယ့်။ အဲဒါကို ဥပမာပေးပြီး
ပြောတာမို့ ဒေါင်းတောက်သလို ရှာတယ်လို့ ပြောခဲ့ကြတာ။ စဉ်းစားကြည့်တော့
ဒေါင်းတောက်သလိုလို့ သုံးခဲ့ကြတာဖြစ်မှာပေါ့။ ခုတော့ ဒေါင်းတောက်
အောင်လို့ ပြောနေ ကြတယ်။ ငါလဲ ဒီလိုပဲ ပြောမိခဲ့တာပါပဲ။ တကယ်ဆိုတော့
ရင်းမြစ်ကို မသိကြလို့ ဒီလို ပြောနေကြတာပါ။ ကဲ-ဒေါင်းတောက်တာကို နားလည်
ရော့ပေါ့။ ဒေါင်းတွန်တာကိုကော သိရဲ့လား။ ဘယ်လိုတွန်သလဲ။
”အိုးဝေလို့ တွန်တာပေါ့ ဆရာ”
”မင်းကြားဖူးသလား”
”မကြားဖူးဘူးဆရာ”
”အေး-ဟုတ်လိမ့်မယ်။ ဘယ် ကြားဖူးမလဲ။ တောကြီးမြိုင်ကြီးထဲ မှာ ဆိုရင်တော့ တောလုံးဟိန်းသွား အောင် မြည်တာပေါ့။ ဒါပေမယ့် အသက်ကြီးလာတော့ အိုးဝေလို့ မမြည်နိုင်တော့ဘူး။ အိုးဝေထိအောင် မရောက်တော့ဘဲ အွတ်လို့ပဲ
မြည် နိုင်သတဲ့။ ဒါကြောင့် ဒေါင်းကြီး တော့အွတ်၊ ကြောင်ကြီးတော့ ညွတ် လို့
ပြောကြတယ်။
”ကြောင်ကြီးတော့ ညွတ်ဆိုတာက”
”ကြောင်ဆိုတာ ညောင်လို့ မြည်တတ်ကြတာ မဟုတ်လား။ ဒါပေမယ့် အသက်ကြီးလာတော့ ညောင်လို့ မြည်ပေမယ့် ညောင့်ညွတ်လို့ပဲ အသံထွက်နိုင်တော့တယ်။ ဒါကြောင့် ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်။ လူပျိုကြီးတော့ ဇွတ်တဲ့။
မင်းတို့လို ကောင်မျိုး တွေပေါ့ကွာ”
”ဟာ- ဆရာကလဲ ထားပါ တော့။ အပျိုကြီးတော့ကော”
”အပျိုကြီးတော့ ရွှတ်တဲ့”
”ဟာ-ဆရာကတော့ ပြောပြီ။ ရွှတ်ဆိုတာ ဘာလဲဆရာရဲ့”
”ရွှတ်တီး ရွှတ်တောက် ပေါက်တတ်ကရ ရယ်စရာတွေ လုပ်တတ်တာကို ပြောတာကွယ့်။ ဒီကောင် လေးနော် မျက်စိနောက်လာပြီ။ ငါတော့နင့်ကို ဖက်နမ်းမိတော့မှာပဲ ဆိုတာမျိုး လူကြား သူကြားထဲမှာ ပြောချင်ပြောပစ်တာ။ ကောင်လေး ပေါက်စတွေက
အပျိုတွေ ဝိုင်းရယ်တော့ ရှက်ကြတာပေါ့”
”ဆရာကတော့ ပေါက်တတ် ကရတွေ စုံနေအောင်ပြောတာပဲ”
”အေးလေကွာ၊ ငါက ထွင် တာမဟုတ်ပါဘူး။ လူကြီးတွေ ပြောတာကို မှတ်ထားရတာပါ။ မင်းလဲ မှတ်သွားပေါ့ကွာ”
”မှတ်မိပါတယ်ဆရာ။ ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်၊ လူပျိုကြီးတော့ ဇွတ်၊ အပျို ကြီးတော့ ရွှတ်”
”ဟကောင်ရ ဒေါင်းတောက်တော့ကော”
”မှတ်မိပါတယ် ဆရာရဲ့”
အောင်သင်း
Source... www.aungthin.com
Posted by
SK.Lintan
at
4:59 AM
0
comments
Labels: ချင်းတောင်တန်း, ဖတ်စရာပြန်လည်မျှဝေခြင်း
Wednesday, August 10, 2011
မြန်မာ စကားပုံများ(Myanmar Proverb)
တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။
Although cowardly be slow to run.
မရဲသော်လည်း ပြေးခဲစေ။
The anger of the prudent never shows.
ပညာရှိအမျက် အပြင်မထွက်။
Arrows all gone before the battle begins.
စစ်မရောက်ခင် မြှားကုန်။
As the doe gives birth to a fawn the tiger eats it.
သမင်မွေးရင်း ကျားစားရင်း။
As to eating it, will it is covered with grit; but as to throwing it away, well, it is rich and luscious.
စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ရမှာကလည်း အဆီနဲ့ တ၀င်းဝင်း။
As you are fated to eat honey, bees swarm in your beard.
စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ။
Ask when you don't know, wash when you're dirty.
မသိလျှင်မေး၊ မစင်လျှင်ဆေး။
At the sight of fresh fish away goes the roast.
ငါးစိမ်းမြင်၊ ငါးကင်ပစ်။
Bad children? Blame the parents.
သားသမီးမကောင်း မိဘခေါင်း။
The black elephant dare not look at the royal white elephant's face.
ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့။
Being afraid of the tiger he takes refuge with the lork Spirit, but the lord Spirit is worse than the tiger.
ကျားကြောက်လို့ ရှုင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး။
The bigger the tiger, the bigger the pug-marks.
ကျားကြီးတော့ ခြေရာကြီး။
A blind fowl came upon the rice-pot .
ကြက်ကန်း ဆန်အိုးတိုး။
The blind man is not afraid of ghosts.
မျက်ကန်းတစ်ဆေမကြောက်။
The care of one daughter equals that of a thousand cattle.
သမီးတစ်ကောင် နွားတစ်ထောင်။
The cat jumps with joy when the forest is on fire.
တောမီးလောင် တောကြောင် လက်ခမောင်းခတ်။
Cheeks shinning because of gold earrings.
ရွှေနားကပ်ရောင်ကြောင့် ပါးပြောင်။
Clear water cannot be obtained from a well that has just been dug.
ခု ရေတွင်းတူး၊ ခု ရေကြည်သောက်၍ မရ။
Day will not break for a hen's cackle; it will break only for a cock's crow.
ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်။
Desire for haste is delay
အရင်လို အနှေးဖြစ်။
Discard only bad baskets and punnets, not bad sons and daughters.
တောင်းစုတ် ပလုံးစုတ်သာ ပစ်ရိုးထုံးစံ ရှိသည်။ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ။
Do not spare a bullock or a wife.
မယားနဲ့နွား မသနားနဲ့။
Do not tread on a heap of thorns because you have faith in you karma.
ကံယုံ၍ ဆူးပုံမနင်းနဲ့။
Eat a section of garlic; you smell of garlic. Eat two sections; you smell the same.
တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်။
Eczema comes on the teprous place.
နူရာ ၀ဲစွဲ။
An ember about to blaze glows brightly.
တောက်မည့်မီးခဲ တရဲရဲ။
Empty pockets, empty promises.
ငွေမရှိ စကားမတည်။
An error may go on for ever, but it can be set right in a moment.
ပျက်အစဉ် ပြင်ခဏ။
Even if you do not love him (her), hold your breath and kiss him (her), even if yor do not kiss him (her), heave a sigh.
မချစ်သော်လည်း အောင့်ကာနမ်း၊ နမ်းသော်လည်း ပင့်သက်ရှူ။
Falling face downwards in the front of the tiger.
ကျားရှေ့ မှောက်ရက်လဲ။
Fetching water in an open wicker basket.
ခြင်းကြားနဲ့ ရေသယ်။
Flipping sesamum seeds into an elephant's mouth.
ဆင်ပါးစပ် နှမ်းပက်။
A floor which has no binding is in disorder.
အကွပ်မရှိကြမ်း ပရမ်းပတာ။
Fondle a dog and it will lick your face.
ခွေးကလေး အရောဝင်တော့ ပါးလျက် နားလျက်။
The future price will be fixed in the future; sell it at the current price.
နောင်ခါလာ နောင်ခါဈေး။
Going to plough and forgetting the catte.
လယ်ထွန်သွား နွားမေ့။
A good beginning ensures a satisfactory ending.
အစကောင်းမှ အနှောင်းသေချာ။
A good tree can lodge ten thousand birds.
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်။
Grass depends on the island, the island on the grass.
ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ။
Great desire obtains little.
အလိုကြီးက အရနည်း။
Guests only come to a happy house.
အိမ်သာလို့ ဧည့်လာ။
He asked for
bones because he wants flesh.
အသားလိုလို့ အရိုးတောင်း။
He breathes through someone else's nose.
သူများနှာခေါင်းပေါက်နဲ့ အသက်ရှု။
He calls her aunt only when her cucumber fruits.
ဘူးသီးသီးလို့ အရီးတော်။
He climbs up the pole of the morquee to show his alms-giving.
အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြ။
He does not catch the monitor lizard and he has lost his chopper.
ဖွတ်မရ ဓားမဆုံး။
He dropped a fish-hook whenever the fish sent up bubbles (expecting to catch it).
ငါးပွက်ရာ ငါးစာချ။
He leans on a white elephant and sucks sugar-cane.
ဆင်ဖြူတော်မှီ၍ ကြံစုပ်။
He lives in the bushes but
his spirits is in the heavens.
လူနေချုံကြား စိတ်နေဘုံဖျား။
He may be poor, however intelligent he may be, if he has no karma.
ကံမရှိ ဥာဏ်ရှိတိုင်းမွဲ။
He praises the pickling of his own fish.
ကိုယ့်ငါးချဉ် ကိုယ်ချဉ်။
He rides without knowing whether it's a stallion or mare.
ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်း မသိ။
He tries to establish relationship with a person only when the person has gold.
ရွှေရှိမှ အမျိုးတော်။
He was all right when he was sitting; only when he got up did I realize he was lame.
ထိုင်နေတော့ အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ။
He who talks isn't strong; he who's
strong doesn't talk.
လူပြောမသန်၊ လူသန်မပြော။
He would like to ride a difficult buffalo but hasn't enough courage.
မရဲဘဲ ကျွဲပြဲစီးချင်။
His mouth say; "Buddha Buddha, " but his hand acts contrariwise.
ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား။
Husband and wife are like tongue and teeth.
လင်နဲ့မယား လျှာနဲ့သွား။
I have no money to pay the debt and no land abscond to.
ပေးစရာ ငွေမရှိ၊ ပြေးစရာ မြေမရှိ။
If a needle can pierce it don't chop with an axe.
အပ်ဖြင့် ထွင်း၍ရလျှင်၊ ပုဆိန်ဖြင့် မခုတ်ရ။
If the beginning is good, the end must be perfect.
အစကောင်းလျှင် အနှောင်းသေချာမည်။
If the cattle are scattered the tiger seizes him.
နွားကွဲလျှင် ကျားဆွဲမည်။
If the fire is greater the fire wins; if the water is greater the water wins.
မီးများ မီးနိုင်၊ ရေများ ရေနိုင်။
If the thorn falls the leaf is pierced; if the leaf falls the leaf is pierced.
ဆူးပေါ်ဖက်ကျလျှင် ဖက်ပေါက်သည်။ ဖက်ပေါ်ဆူးကျလျှင် ဖက်ပေါက်သည်။
If there is a question, there is also an answer.
အမေးရှိလျှင် အဖြေရှိသည်။
If you carry the world" No" with you, you will never be poor even in old age.
ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ။
If you do not know, ask; if it not clean, wash.
မသိလျှင်မေး၊ မစင်လျှင်ဆေး။
If you don't believe me , ask my wife.
မယုံရင် ငါ့မယားကိုမေး။
If you want to go fast, go the old road.
အလျင်လို လမ်းအိုလိုက်။
If you desire is great you obtain little.
အလိုကြီးက အရနည်းသည်။
Ignorance is more troubles me than poverty.
မရှိတာထက် မသိထာခက်သည်။
In a basket it is the binding, in a man it is his clothes.
တောင်းမှာအကွပ်၊ လူမှာအ၀တ်။
In a forest where there is no heart-wood the castor-oil plant rules.
အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူ။
In another's eyes, but in his own eyes he sees no dirt.
အခြားလူများ၏ မျက်ချေးကိုမြင်၍ ကိုယ့်မျက်ချေးကိုယ်မမြင်။
In journeying at improper time, one step; in eating improper food, one mouthful is sufficient to course mishap.
အစားမတော် တစ်လုပ်၊အသွားမတော် တစ်လှမ်း။
It is for bird to fly and die; it is for man t5o scheme and die.
ငှက်သည် ပျံရင်းသေသည်။ လူသည် ကြံရင်းသေသည်။
It's like threading a dog's crooked tail through a joint of bamboo.
ခွေးမြီးကောက် ကျည်တောက်စွပ်သလို။
Just as the breeze carries the flower's fragrance, so do men carry men's news.
ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်းဆောင်။
Just when he wants to cry you touch him.
ငိုချင်လျက် လက်တို့။
Karma is the mother and karma is the father.
ကံသာလျှင် အမိ၊ ကံသာလျှင် အဖ။
Karma watches over your property; your intellig- ence watches over your life.
ဥစ္စာကံစောင့်၊ အသက်ဥာဏ်စောင့်။
A lazy man lies flat on his back, a lazy woman stretches out her legs.
ယောက်ျားပျင်းတော့ ကျောခင်း၊ မိန်းမပျင်းတော့ ခြေဆင်း။
Let enmity stops short, but love lingers on.
ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ။
Let them know about it but not see it.
သိတာသိစေ မမြင်စေနဲ့။
Like father and grandfather alike.
ဘမျိုးဘိုးတု။
Loss of good is one day spoiled; loss of a hrsband is a ruined life.
ကုန်ရှုံးတော့ တစ်ရက်၊ လင်ရှုံးတော့ တစ်သက်။
A man does not lose his life if the time at which he is fated to die is not arrived.
သေနေ့မစေ့သေးလျှင် မသေ။
The man from hell is not afraid of hot ashes.
ငရဲကလူ ပြာပူမကြောက်။
Mice cease to fear the cat
when she is too old.
ကြောင်အို ကြွက်မလေး။
Minds together, bodies apart.
စိတ်ပေါင်းကိုယ်ခွာ။
Moderation is medicine, excess is peril.
လွန်ရင်ဘေး၊ တန်ရင်ဆေး။
The moon shinning in the hollow of the bamboo.
ဝါးလုံးခေါင်းထဲ လသာ။
More money always wins the cause.
ငွေများ စကားနိုင်။
A motherless son is a fish in low water.
အမိမဲ့သား ရေနည်းငါး။
Near a fisherman one is a fisherman; near a hunter a hunter.
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။
No lawyer is infallible, nor a doctor immortal.
မမှားသော ရှေ့နေ၊ မသေသော ဆေးသမား။
The oar broke while the boat was going.
လှေလှော်ရင်း တက်ကျိုး။
Offering a sword-hilt to a thief.
သူခိုး အရိုးကမ်း။
Old bullocks are partial to tender grass.
နွားအို မြက်နုကြိုက်။
Once you have died you know how to lay out the corpse.
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။
One can but fall to earth or rise to the golden umbrella.
သေမြေကြီး ရှင်ရွှေထီး။
One capable many and a force of ten thousand was crushed.
တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ။
One day, six feet, where will Bagan move to ?
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့။
One day to die, and one day to born.
သေတစ်နေ့ မွေးတစ်နေ့။
One in a thousand mothers bears such sons.
မတစ်ထောင် တစ်ကောင်ဘွား။
One mouthful of unsuitable food, one imprudent step may lead to peril.
အစားမတော်တစ်လုပ်၊ အသွားမတော် တစ်လှမ်း။
One needs a full stomach to keep the precepts.
အူမတောင့်မှ သီလစောင့်နိုင်မည်။
One seasum seed will not make oil.
နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်။
One should not open the mouth for a presentation cow and look at the teeth.
အလကားရသည့်နွားကို သွားဖြဲမကြည့်သင့်။
One's bed is a throne if one thinks to be so.
ကိုယ်ထင်လျှင် ခုတင်ရွှေနန်း။
Only the sufferer knows how his belly aches.
ကိုယ်ဝမ်းနာ ကိုယ်သာသိ။
Only when the thief has run away do the tatto spots show their power.
သူခိုးပြေးမှ ထိုးကွင်းထ။
Picking up frogs with a perforated bag.
ပလိုင်းပေါက်နှင့် ဖားကောက်။
Pinning for the aunt rather than the mother.
အမေကျော် တွေးတော်လွမ်း။
Playing a harp before a buffalo.
ကျွဲပါးစောင်းတီး။
Pot against pot, the pots will touch; ropes together, the ropes will tangle.
ကြိုးချင်းထား ကြိုးချင်းထိ၊ အိုးချင်းထား အိုးချင်းထိ။
The price of the hook(goad) is greater than the prick of the elephant.
ဆင်ဖိုးထက် ချွန်းဖိုးကကြီး။
Property is guarded by luck.
ဥစ္စာကံစောင့်။
Rain water leaks through the roof-top.
ခေါင်က မိုးယို။
Riding on the same boat, going on the same journey.
တစ်လှေတည်းစီး တစ်ခရီးတည်းသွား။
Rubbing liniment on the unaffected spot.
မရောင်ရာ ဆီလူး။
Said to be marrying a captain, she married a sailor.
ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား။
Searching for a lime before he gets the hare.
ယုန်မရခင် သံပရာရှာ။
Seeing the bark you know the tree; seeing his expression you know his character.
အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ။
Setting fire to the grannary because one cannot beat the mice.
ကြွက်မနိုင် ကျီမီးနဲ့ရှို့။
She wears the flower when it has a sweet scent, but disards it when it has lost its scent.
မွှေးလျှင်ပန်၊ နံလျှင်ပစ်။
Silence is worth a thousand pieces of silver.
ဆိတ်ဆိတ်နေ ထောင်တန်။
The snare was set to catch a hare but the cat was caught.
ယုန်ထောင် ကြောင်မိ။
The son is one month older than his father.
အဖေထက် သားတစ်လကြီး။
The stick falls on the sore.
အနာပေါ် တုတ်ကျ။
Store up the water while it rains.
The strongest young bullock is only as strong as an old bullock with a broken leg.
နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲ ဖြစ်သည်။
Sugar-cane is sweet always, man only sometimes.
ကြံသည် အစဉ်ချိုသော်လည်း လူသည် အစဉ် မချို။
Taking shelter in the shade of a tree and breaking off the branches.
အရိပ်နေနေ၊ အခက်ချိုးချိုး။
Teaching a monk to read; showing an alligator king the water business.
ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြ။
Teasing eventually turns to quarrel.
အကျီစားသန်လျှင် ရန်ဖြစ်သည်။
Teeth that are going to chew for a long time must aviod bones.
ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်။
A thing floats when it gets rotten; the news, if not true will not spread.
ပုပ်လျှင်ပေါ်၊ ဟုတ်လျှင်ကျော်။
Those who are unaware walt over it, those who are aware unearth it and eat it.
မသိသူကျော်သွား သိသူဖော်စား။
Throwing sand at the meat he cannot eat.
မစားရတဲ့အမဲ သဲနှင့်ပက်။
The tiger who courts death moves to another jungle.
သေချင်တဲ့ကျား တောပြောင်း။
Timidity relieves one of responsibitity.
ကြောက်တတ်လျှင် ၀န်ကင်းသည်။
To be ignorant is worse than being poor.
မရှိတာထက် မသိတာခက်။
To dig one's grave with one's own hands.
ကိုယ့်သေတွင်း ကိုယ်တူး။
Too many doctors and the son dies.
ဆရာများ သားသေ။
Too much carp makes the curry in stupid.
ငါးသိုင်းများ ဟင်းဟုံ။
Too much talk will include errors.
စကားများလျှင် အမှားပါမည်။
The top of a pinnade now, firewood soon.
မှန်ကင်းတစ်လှည့် ထင်းတစ်လှည်။
Travelling by raft and yet thirsty.
ဖောင်ဆီးရင်း ရေငတ်။
Trust a slave you lose an eye; trust your childrin you lose both.
ကျွန်ယုံတော့ တစ်လုံးကန်း၊ သားသမီးယုံတော့ စုံလုံးကန်း။
Unitl timber is available, use bamboo as a girder.
သစ်မရခင် ၀ါးကူ။
A village ox does not feed on village grass.
ရွာနားကမြက် ရွာနွားမစား။
Water falling into sand.
သဲထဲ ရေသွန်။
Wax will show the quality of gold.
ရွှေအကြောင်း ဖယောင်းသက်သေတည်။
When an elephant shrinks it's still a buffalo.
ဆင်ပိန်တော့ ကျွဲ။
When diamonds are being sold, the tobacco-stalk verchant is in the way.
စိန်ကောင်းကျောက်ကောင်း ရောင်းနေသည့် အခါ၌ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်။
When I work for my living the rains are sconty, when I sted for my living the dogs bark.
လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်။
When in agony a mother will even deny being related to her son.
ကိုယ်မချိ အမိသော်လည်း သားတော်ခဲ။
When the disease is not known there is no remedy.
အနာမသိ ဆေးမရှိ။
When your strength is not sufficient, humble yourself.
အားမတန် မာန်လျှော့။
Where there is a question, there must be an answer.
အမေးရှိလျှင် အဖြေရှိရမည်။
While being troubled by snakes, he is harassed by centipedes.
မြွေပူရာ ကင်းမှောင့်။
The whole boat is putrid because of a single carp.
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။
A woman's modesty cannot be bought with gold.
မိန်းမတို့အိန္ဒြ ရွှေပေး၍မရ။
You will face a hundred peoblems in your lifetime though you may not live that long.
အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာတွေ့ရ။
Sorry ဒီစကားပုံတွေက ဘယ်ဆိုဒ်ကကူးမှန်း မမှတ်မိလို့ဆိုဒ်ရှင် ကိုတောင်းပန်ပါတယ်။
ဒီမှာလည်းမြန်မာ စကားပုံတွေ အများကြီးပဲ..စကားပုံချစ် သူများသွားရောက်ဖတ်ရှုနိုင်ပါ သည်။
http://www.mmproverb.com/
Posted by
SK.Lintan
at
12:23 PM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
Tuesday, August 9, 2011
ရွှေနိုင်ငံသို့
မနှစ်က အသက် ၃၀ လောက် မြန်မာအမျိုးသမီးတ ယောက်ပြောတာကြားခဲ့ရတယ်။ ကျမက ကျောင်းဆရာမပါ။ မောင်နှမ ၅ ယောက်ရဲ့ စရိတ်ကို အမေမုဆိုးမနဲ့ ကျမရဲ့ လစာနဲ့ မလောက်ဘူး။ အပိုဝင်ငွေလေးရလိုရငြား သူများတွေ နိုင်ငံခြား သွားအလုပ်လုပ်တာ အဆင်ပြေတယ်လို့ ပြောသံ ကြားတော့ ရှိစုမဲ့စုလေးနဲ့ မလေးရှားမှာ စာပွဲထိုးလုပ်ဖို့ ပွဲစားနဲ့ လာခဲ့ရတယ်။ ဒီရောက်တော့ တရုတ် လင်မယားဖွင့်ထားတဲ့ ကော် ဖီဆိုင်မှာ စားပွဲထိုး လုပ်ရတယ်။ အလုပ်ချိန်က ညနေ ၄ နာရီကမနက် လင်းအားကြီး တနာရီထိ လုပ်ရတယ်။
ကော်ဖီဆိုင်ဆိုပေမယ့် ဘီယာလည်း ရောင်းတယ်။ ကျမကအရက်စားပွဲထိုးမလုပ်နိုင် ဘူးလို့ ပွဲစားကို ပြောတော့ ဒီကကော်ဖီဆိုင်တွေက ဘီယာလည်း ရောင်းတော့မလုပ်ချင်လို့မရဘူးပြောတယ်။ ကျမလည်းရောက် မှတော့ မထူးပါဘူးလေ ဆိုပြီး ကော်ဖီတင်မက ဘီယာချပေးရတဲ့ စာပွဲထိုး လုပ်လိုက်ပါတယ်။ အလုပ်ပြီးချိန်ကမနက် ၁ နာရီဆိုပေ မယ့် ဘီယာသောက်တဲ့ လူတွေ မပြန်မချင်း ဆိုင်မပိတ်ပါဘူး။ ဆိုင်ပိတ်တော့လည်း ခုံတွေသိမ်း၊ ကြမ်းတိုက် စတဲ့သန့်ရှင်းရေး အလုပ်ပြီးမှ အိမ်ပြန်ရတယ်။ ဘီယာသောက်တဲ့ တရုတ်၊ ကုလားတွေရဲ့ရိသဲ့သဲ့ပြောသံတွေကို မကြားချင် ယောင်ဆောင်ပြီး စာချုပ် ၃ နှစ်ပြည့်ရင် ပြန်ဖို့ပဲ ရက်တွေကို လက်ချိုးပြီးရေနေမိတယ်။
တနေ့တော့ ကုလား တယောက်က ဘီယာခွက်ကို လက်နဲ့တိုက်ချပြီး စားပွဲလာ သုတ်ဖို့ ခေါ်တယ်။ ကျမလည်း အဟုတ်မှတ်ပြီး စားပွဲသွား သုတ်ပေးတာပေါ့။ ကျမ စားပွဲသုတ်နေတုန်း အဲဒီကုလားက ကျမတင်ပါးကို ပုတ်ပြီး ပြုံးစိစိနဲ့ စားပွဲထိုး နေတာမကြည့်ရက်ပါဘူးလို့ ရိသဲ့သဲ့ ပြောတာခံရတယ်။ ကျမရှက် လည်းရှက် ဒေါသလည်းထွက်ပြီး ဆိုင်ရှင်တရုတ်မကို တိုင်တာပေါ့ တရုတ်မက ဖောက်သည် ပျက်မယ် စိတ်မဆိုးပါနဲ့၊ အရက်မူးလို့ပါ။ ခါတိုင်း ဒီလိုမဟုတ်ပါဘူးလို့ပဲ ပြောတယ်။
ကျမလည်း ပွဲစားကို တခြားနေရာ ပြောင်းပေးဖို့ပြောတော့ တခြားနေရာ တွေက ဒီထက်ပိုဆိုးတယ် လခမှန်မှန်ရတာ ကံကောင်း။ ၃ နှစ် စာချုပ်ပြီးအောင် သီးခံပြီးလုပ်ပါလို့ ပြောတယ်။ ကျမချက်ချင်းပြန်ဖို့ စိတ်ကူးလိုက်ပေမယ့် အကြွေးတွေနဲ့ မိသားစုမျက် နှာတွေကို မြင်ယောင်တော့ ကြိတ်မှိတ်ပြီး လုပ်နေ ရပါတယ်လို့ မျက်ရည်လည်းရွဲနဲ့ ပြောပါတယ်။ သူမမျက်နှာမှာ ရှက်စိတ်၊ မခံချင်စိတ်၊ ယူကြုံးမရစိတ် တွေဖုံးကွယ်လို့မရပေမယ့် ဒေါသကို မျိုသိပ်ပြီး ကြိတ်မှိတ်သီးခံနေရကြောင်း ထင်ရှားနေပါတယ်။
မျက်နှာမှာ သနပ်ခါးရေကျဲလေး လိမ်းထားပါတယ်။ ဆံပင်ရှည်ကို တပါတ်လျှိုထုံးပြီး ခြေသည်း၊ လက်သည်း သန့်သန့် ရှင်းရှင်းနဲ့ လုံလုံခြုံခြုံဝတ်ထားတာတွေ့ရတယ်။ မြန်မာအမျိုးသမီးတယောက်ရဲ့ ယဉ်ကျေးမှု ထိမ်းသိမ်းထားတာ တွေ့ရတယ်။ တကယ်တော့ သူမဟာ တက်ထရွန်အဖြူရင်ဖုံး လက်စကလေး နဲ့ ကျောင်းလုံချည်စိမ်းစိမ်းကလေးကို ကျစ်ကျစ်လစ်လစ်ဝတ်ပြီး ကျောင်းဆွဲခြင်းလေး နဲ့ဆိုရင် ဘယ်လောက် ကျက်သရေရှိလိုက်မလဲ၊ အခုတော့......။
တကယ်ဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံအဖြစ် ထင်ရှားခဲ့ဖူးပါတယ်။ ၁၉၅၉ ခုနှစ် လောက်ကဖွင့်ခဲ့တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင် အာရှမှာအကောင်းဆုံးလို့ နံမည်ကျော်ခဲ့တယ်။ အဆောက် အဦးတခုလုံး လေအေးစက်တွေနဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရဲ့ ပန်းချီလက်ရာတွေဟာ အဲဒီခေတ်က ပြောမဆုံးအောင် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လေအေးစက်ကြောင့် အေးနေတဲ့ လေယာဉ်ကွင်း အဆောက်အဦးကြီး ထဲကိုဝင်ပြီး တအံ့တသြဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ တင်မဟုတ်ပါဘူး။
အဲဒီတုန်းက ယိုးဒယားဝန်ကြီးချုပ် ကစ်တီကာချွန် မြန်မာပြည်ကို ချစ်ကြည်ရေးနဲ့ လေ့လာရေးလာပြီး အပြန်မှာ ဘန်ကောက်လေဆိပ်ရောက်တော့ သူ့လူတွေကို “မြန်မာပြည် ကိုမှီဖို့ နောက်ထပ်နှစ်ငါးဆယ် လောက်ကြိုးစားရမယ်” လို့ ပြော ဖူးတယ်။ မလေးရှားနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် တွန်ကူအဗ္ဗဒူ ရာမန်လည်း မြန်မာပြည်ကို လာပြီး လေ့လာခဲ့တယ်။ အပြန်ကျ တော့ ဖဆပလ တိုက်ခန်း ပုံစံတွေယူပြီး ဆောက်တယ်။
၁၉၆၀ ခုနှစ်လောက်တုန်းက ထင်ပါတယ်။ အင်ဒိုနီးရှားက မလေးရှားပိုင် ဆာဘားနဲ့ ဆာရာဝတ်ကို ဝင်သိမ်းမယ်လုပ်တော့ မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂအတွင်းဝန်ချုပ်ဦးသန့်က ဝင်ဖြန်ဖြေပေး လို့ ငြိမ်းချမ်းရေးရသွားတယ်။ အဲဒီတော့ မလေးရှားဝန်ကြီးချုပ်က ဦးသန့်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကွာလာလန်ပူက လမ်းမကြီးတခုကို ဦးသန့်လမ်းလို့ နာမည်ပေးခဲ့တယ်။ မလေးတွေကတော့ ဂျလန်း ယူသန့်လို့ ခေါ်ကြတယ်။ စင်ကာပူမှာလည်း ရန်ကုန်လမ်းမကြီး ဆိုပြီး မြန်မာပြည်ကို ဂုဏ်ပြုခဲ့ကြတယ်။
၁၉၆၀ ခုနှစ်ပါတ်ဝန်းကျင်မှာမြန်မာနိုင်ငံကဟန်သာ အေးနိုင်လွန်တို့၊ BPIက ဆေးတို့၊ ကြယ်ဆင်ဖဲထီးတို့၊ ဗန္ဓုလ စောင်တို့၊ “တိုက်” ဆပ်ပြာမှုန့်တို့၊ ပေါ်ဆန်းမွှေးဆန်တို့ဟာအရှေ့ တောင်အာရှတဝိုက်မှာ နာမည်အကြီးဆုံးဖြစ်ခဲ့တယ်။ ပညာရေးကို ကြည့်ဦးမလား၊ အရှေ့တောင်အာရှမှာ နာမည်အကြီးဆုံးဟာ ရန်ကုန်တက္ကသိုလ်ပဲ၊ ရန်ကုန်တက္ကသိုလ်ကို ဝင်ခွင့်ရဖို့က မလွယ်ဘူး။ ပီနန်အစိုးရ ဝန်ကြီးတဦးဖြစ်တဲ့ ဒါတွတ်ဒေါက်တာ တိန်းဟုတ်နန်းက “ကျွန်တော်တို့ ခေတ်က ရန်ကုန် တက္ကသိုလ် ဆေးကျောင်းဟာ အဆင်အတန်းမြင့်လွန်းလို့ ဝင်ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အိန္ဒိယကိုသွားပြီး ဆေးကျောင်းတက်ခဲ့ရတယ်။” လို့ ပြောဖူးတယ်။
အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်က အင်္ဂလိပ်စာဌာန ပါမောက္ခဟာ မြန်မာနိုင်ငံသား (THIRTY BURMESE TALES) ကိုရေးခဲ့တဲ့ ဒေါက်တာထင်အောင်ပါဆိုရင် ယခုခေတ် လူငယ်တွေက ယုံတမ်းစကားလို့များ ထင်ကြလေမလား။
အဲဒီလို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ပြီး အိမ်နီးချင်း နိုင်ငံတွေထက် နှစ်ပေါင်း ၅၀ အရှေ့ရောက်နေရာက အခုဆိုရင် တန်းတူမဟုတ်ရုံမက အဲဒီ နိုင်ငံတွေရဲ့ နောက်မှာ နှစ် ပေါင်း ၅၀ လောက်ခေတ် နောက်ကျနေတာတွေ့ရတော့ ရင်မနင့်ဘဲနေမလား။ အရင်က တရုတ်၊ လော နဲ့ သီဟို နိုင်ငံတွေကိုနှစ်စဉ် ဆန်လှူခဲ့တဲ့မြန်မာနိုင်ငံဟာ အခုဆိုရင်ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်တဲ့......
ဟိုတုန်းက ရွှေထီးဆောင်းခဲ့တာကို ပြန်ပြီးစမြုံ့ပြန်နေတာ မဟုတ်ပါဘူး။ လက်ရှိအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာတနိုင်ငံလုံးက တိုင်းရင်းသားအားလုံး လက်တွဲညီညီနဲ့ ကြိုးစားမယ်ဆိုရင် အရင်တုန်းကလိုပဲ ရွှေထီးပြန်ဆောင်းနိုင် တယ်ဆိုတာ ပြောချင်တာပါ။ အားငယ်စိတ်တွေ စိုးရိမ်ကြောင့် ကျတဲ့ စိတ်တွေ၊ မဖြစ်နိုင်ပါဘူးဆိုတဲ့ အနုတ်လက္ခဏာ အတွေး အခေါ်တွေကို ဖျောက်ပစ်ရမယ်။
“ကြိုးစားရင် ဘုရားဖြစ်တယ်” ဆိုတဲ့ ဇွဲသတ္တိမွေးရမယ်။ အချိန် မဖြုန်းကြပါနဲ့ “အချိန်နဲ့ ဒီရေသည် လူကိုမစောင့်”၊ တချို့လူငယ်တွေ ရည်ရွယ်ချက်ပျောက်ပြီး ဘောလုံးပွဲလောင်း၊ အရက်သောက်၊ ဖဲရိုက်၊ မူးယစ်ဆေးဝါးသုံး နဲ့ ဘဝပျက်နေတာ မြင်တွေ့ရတယ်။ တိုင်းပြည်အတွက်ရော၊ မိသားစု အတွက်ရော မျက်နှာပျက်စရာ အရှက်ရစရာ မဖြစ်အောင် ဒီနေ့ကစပြီး ရည်ရွယ်ချက် မပျက်အောင် ပြုပြင်ဘို့ လိုပါတယ်။ အချိန်မနှောင်းသေးပါဘူး...။
ဆင်းရဲတဲ့နိုင်ငံနဲ့ ချမ်းသာတဲ့ နိုင်ငံတွေရဲ့ အကြောင်းကို လေ့လာကြည့်ရအောင်၊ တကယ်တော့ ဆင်းရဲတဲ့ နိုင်ငံနဲ့ ချမ်းသာတဲ့နိုင်ငံတွေရဲ့ ကွာခြားခြင်းဟာတိုင်းပြည်အသက်နဲ့ မဆိုင်ပါဘူး။ အီဂျစ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာ တိုင်းပြည်သက် ၂၀၀၀ ကျော်နေပေမယ့် အခုထိ ဆင်းရဲနေတုန်းပဲ။ ကနေဒါ၊ သြစတေး လျနဲ့ နယူးဇီလံ နိုင်ငံတွေကတော့ တိုင်းပြည် သက် ၁၅၀လောက် သာရှိသေးပေမယ့် တိုးတက်ပြီး ချမ်းသာတဲ့ နိုင်ငံတွေဖြစ်နေ တာတွေ့ရတယ်။ ပြီးတော့ မြေပေါ်မြေအောက် သယံဇာတမရှိ တာနဲ့လည်း မဆိုင်ပါဘူး။ ဂျပန်နိုင်ငံကိုကြည့် ၈၀% ဟာ တောင်ယာစိုက်ပျိုးမွေးမြူလို့မရတဲ့ မြေတွေဖြစ်နေပေ မယ့် ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး နိုင်ငံဖြစ်နေတာ တွေ့ရတယ်။ တတိုင်းပြည်လုံးဟာ ရေပေါ်စက်ရုံကြီး နဲ့တူနေတယ်။ တခြားနိုင်ငံတွေက ကုန်ကြမ်းတွေကိုတင်တယ်။ ကုန်ချောဖြစ်အောင် ထုတ်တယ် ပြီးတော့ တကမ္ဘာလုံးကို ရောင်းတယ်။
ဆွစ်ဇာလန်နိုင်ငံကို ကြည့်ဦးမလား သူ့နိုင်ငံမှာ ကိုကိုး မစိုက်နိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ချောကလက် ထွက်တယ်။ တိုင်းပြည်က သေးသေးလေး၊ အေးပြီး နှင်းတောင် တွေပဲရှိတယ်။ တနှစ်မှာ ၄ လပဲ စိုက်ပျိုးရတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး နို့ထွက်ပစ္စည်းတွေ ထုတ်နိုင်တယ်။ ကမ္ဘာ့ အကောင်းဆုံးနာရီနဲ့ လုံခြုံမှုအရှိဆုံး ဘဏ်တွေရှိတယ်။ နောက်တချက်က ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ချမ်းသာတဲ့ နိုင်ငံတွေက စီမံခန့်ခွဲတဲ့ လူတွေဟာ ဉာဏ်ရည် ဉာဏ်သွေး ပညာရေးမှာ ဘာမှ မကွာပါဘူး။ ပြီးတော့ အသားအရောင်၊ ဘာသာရေးဟာလည်း အရေးမကြီးပါဘူး။
ဆင်းရဲတဲ့နိုင်ငံက လူတွေဟာ သူတို့တိုင်းပြည် မှာ လုပ်စရာမရှိ ဖြစ်နေကြပေမယ့် ချမ်းသာတဲ့ နိုင်ငံကို အလုပ်လာလုပ်ရင် အလွန်အလုပ် ကြိုးစားတဲ့ အလုပ်သမားကောင်းတွေ ဖြစ်နေတာတွေ့ရတယ်။ ဥပမာ-မြန်မာနိုင်ငံက တချို့လူငယ်တွေ အလုပ်မရှိ လက်ကြောမတင်းပဲ လ္ဘက်ရည်ဆိုင်ထိုင် အချိန်ဖြုန်း နေကြပေမယ့် မလေးရှားမှာ အလုပ်လာလုပ်တော့ မြန်မာအလုပ်သမားတွေ အလွန်အလုပ်လုပ်တဲ့ အကြောင်း နာမည်ကြီး တယ်လေ။
အဲဒီတော့ဘာကွာလဲ၊ လူတွေရဲ့ အကျင့် (ATTITUDE) ကွာတယ်။ အဲဒီအကျင့်ဆိုတာ ပညာ အရည်အချင်း၊ ယဉ်ကျေးမှုနဲ့ ပါတ်ဝန်းကျင်စရိုက်က သားစဉ်မြေးဆက် ပုံဖေါ်ပေးလိုက်တာပါပဲ။ ချမ်းသာပြီး တိုးတက်တဲ့ နိုင်ငံကလူတွေရဲ့ အမူအကျင့်နဲ့ လုပ်ဆောင်ချက်တွေကို လေ့လာဆန်းစစ် ကြည့်လိုက်တဲ့အခါ လူအများစုဟာ အောက်ပါအခြေခံ သဘောတရားတွေကို လိုက်နာကျင့်သုံး ကြတာ တွေ့ရပါတယ်။
၁။ ကိုယ်ကျင့်တရားနဲ့ အကျင့်စာရိတ္တကို ထိန်းသိမ်းကြတယ်။
လူဆိုး၊ သူခိုးတွေများနေရင် အဲဒီတိုင်းပြည် ဘယ်တိုး တက်မလဲ။
၂။ ရိုးသားဖြောင့်မတ်တယ်။
လူလိမ်၊ လူကောက်တွေများရင် အဲဒီတိုင်းပြည်မှာ ဘယ်သူမှ လာပြီး စီးပွားရေးလုပ်မှာ မဟုတ်ဘူး။
၃။ တာဝန်သိကြတယ်။
လမ်းပေါ်မှာ အမှိုက်ကျနေရင် ကောက်ပစ်တယ်။ အမှိုက်ကို အမှိုက်ပုံးထဲပစ်တယ်။ တယောက်ယောက်က လမ်းပေါ်ကို အမှိုက်ပစ်မိရင် မြင်တဲ့သူက မပစ်နဲ့လို့ပြောတယ်။ ဘတ်စ်ကားစီးရင် ရထားပေါ်တက်ရင် တိုးခွေ့မတက်ဘူး။ တန်းစီတယ်။ အရင်ရောက်တဲ့ လူကိုဦးစားပေးတယ်။ အသက်ကြီးတဲ့ လူ၊ ကိုယ်ဝန်ဆောင်၊ မသန်မစွမ်း လူတွေကို ဦးစားပေးတယ်။
၎။ ဥပဒေနဲ့ စည်းကမ်းကို ရိုသေလေးစားပြီး လိုက် နာကျင့်သုံးတယ်။
ချမ်းသာတဲ့ နိုင်ငံတွေမှာ ကားတွေများပေမယ့် ယာဉ် တိုက်မှုသိပ်မရှိဘူး။ လာဘ်ပေးလာဘ်ယူတာတို့ ကိုယ်နဲ့ရင်းနှီး ခင်မင်တဲ့ သူကို ဦးစားပေးတာတို့ လူခင်ရင်မူပြင်ပြီး လူမုန်းရင်မူသုံးတာတို့ မရှိ သလောက်ပါပဲ။
၅။ ပြည်သူအချင်းချင်းရဲ့ လွတ်လပ်ခွင့်ကို လေးစားကြတယ်။
အချိန်မတော် ဆူတာတို့ အိပ်ချိန်မှာ အသံချဲ့စက်ဖွင့် တာတို့ လမ်းပိတ်ပြီး မဏ္ဍာပ်ဆောက်တာတို့ သူများအနှောင့် အယှက်ဖြစ်မှာကို ရှောင်ကြတယ်။
၆။ မိမိအလုပ်ကို ဂုဏ်ယူတယ်။ တန်ဘိုးထားတယ်။
အိမ်ဖေါ်လုပ်တဲ့ လူကလည်း ကျမအလုပ်က အိမ်ဖေါ်ပါလို့ ဂုဏ်ယူစွာနဲ့ ပြောကြတယ်။ တခါက မင်္ဂလာဆောင် တခုမှာ ဆရာဝန်ရယ်၊ ရှေ့နေရယ်၊ ဘဏ်အရာရှိရယ် ကျောင်းဆရာရယ်၊ အိမ်ဖေါ်အမျိုးသမီးကြီးရယ် ထမင်းတဝိုင်းတည်း ထိုင် စားနေတာတွေ့ရတယ်။ ဘယ်သူမှ အထင်သေးတဲ့ အကြည့်နဲ့ မကြည့်တဲ့အပြင် အဲဒီအမျိုးသမီးရဲ့ ပုဂံထဲဟင်းတွေ ထည့်ပေးကြ၊ ရီစရာတွေပြောကြနဲ့ ခင်ဗျားလို အိမ်ဖေါ်မရှိရင်ကျွန်တော်တို့တော့ ဒုက္ခပဲဆိုပြီး တန်ဘိုးထားပြောတာ ကြားဖူးတယ်။ တချို့နိုင်ငံ တွေမှာလို အိမ်ဖော်နဲ့ ထမင်းတဝိုင်းတည်း မစားချင်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးမရှိကြဘူး။
၇။ ငွေကြေး စုဆောင်းတယ်။ ပြန်လည်ရင်းနှီးမြှုပ် နှံတယ်။
ဆိုလိုတာက ကိုယ်နဲ့ တန်ရာပဲ ဝတ်ကြတယ်။ စား ကြတယ်။ သုံးကြတယ်။ အပိုမသုံးဘူး။ တတ်နိုင်သမျှ စုကြ တယ်။ စုလို့ရတဲ့ငွေကို ငွေစုလက်မှတ်တို့ ရှယ်ယာတို့ ဝယ်ပြီး အတိုးရအောင်လုပ်တယ်။ ဈေးဝယ်ရင်တောင် ဈေးချတဲ့အခါမှ ဝယ်တယ်။ အကျိုးမရှိရင် ငွေမဖြုန်းကြဘူး။
၈။ အမြဲတမ်း ကုန်ထုတ်စွမ်းအားတိုးတက်ဖို့ စိတ်ရှိကြတယ်။
ဥပမာ နွားတကောင်ရှိတဲ့ လူက နွား ၁၀ ကောင်ဖြစ် အောင်၊ ၁၀ ကောင်ရှိတဲ့လူက အကောင် ၁၀၀ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အမြဲတွေးတော ကြံဆနေတယ်။ ဖြစ်အောင်လည်း ကြိုးစားကြတယ်။ တခါက အုဌ်စက်သူဌေး သားအဖဟာ မနက် ၇ နာရီဆိုရင် အလုပ်စလုပ်နေပြီး အလုပ် သမားတွေက ၈ နာရီမှ စလုပ်တယ်။ အလုပ်သိမ်းတဲ့ ညနေ ၅ နာရီမှာ အလုပ်သမားတွေက မလုပ်တော့ပေမယ့် သားအဖ ၂ ယောက်က ၆ နာရီထိ ဆက်လုပ်တယ်။ ကိုယ်တိုင်အုဌ်ရိုက် အုဌ်သယ်လုပ်တယ်။ အလုပ်သမား တယောက်ဟာ တနေ့ကို အုဌ်ဘယ်နှစ်ချပ်ကို ရိုက်နိုင်တယ်။ အုဌ်ဘယ်နှစ်ချပ် သယ်နိုင် တယ်ဆိုတာသိနေတော့ သူတို့ကို ဘယ်လိမ်လို့ ရပါ့မလဲ၊ သား ကိုအသေးစိတ် သင်ပေးနေတယ်။ အပင်ပန်းခံကြိုးစားတယ်။ ဟော အခုဆိုရင် အုဌ်စက် ၂ စက်ဖြစ်သွားပြီ။
၉။ နောက်ဆုံးတချက်ကတော့ အချိန်မှန်တာပဲ။
ချမ်းသာတဲ့ နိုင်ငံက လူတွေဟာ အချိန်ကို တန်ဖိုး ထားတယ်။ အချိန်ရဲ့ တန်ဖိုးကိုနားလည်တယ်။ သူတို့နိုင်ငံတွေမှာ အချိန်မမှန်တဲ့လူ အလုပ်မရပါဘူး။ အလုပ်မပြောနဲ့ ရည်းစားနဲ့ ချိန်းထားလို့ အချိန်နောက်ကျနေရင်တောင် ပြဿနာတက်သေး တယ် မဟုတ်လား။
ဆင်းရဲပြီး မတိုးတက်တဲ့နိုင်ငံက လူအများစုဟာ အထက်ပါအချက် ၉ ချက်ကို မလိုက်နာကြပါဘူး။ အချောင်ခိုချင်တဲ့ စိတ်၊ လွယ်လွယ်နဲ့ ငွေရချင်တဲ့ စိတ်၊ ဘုရားမ,ပါ၊ ဘိုးဘိုးကြီး မ,ပါ၊ နတ်မျိုးစုံ မ,ပါ ဆိုပြီး ကိုယ့်ကိုယ်ကို အားမကိုး မကြိုးစားပဲ ကံကိုပဲ ပုံချတတ်တဲ့ စိတ်ဓာတ်တွေ ရှိကြတယ်။ သူများတွေ ချမ်းသာတိုးတက်အောင်လုပ်နိုင်ရင် ငါလည်း သူတို့လို ချမ်းသာ တိုးတက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိအောင် အတုယူကြဖို့ လိုတယ်။ ဘယ်အရာမဆို လွယ်လွယ်နဲ့တော့မရပါဘူး။
ကျွန်တော်တို့ နိုင်ငံဟာ သဘာဝ သယံဇာတတွေရှိ တယ်။ မြေလည်း ထိုက်သင့်သလောက် ကျယ်တယ်။ ရာသီဥ တုလည်း မျှတတယ်။ ရေမြေတောတောင်လည်း မျှတတယ်။ လူဦးရေလည်း အချိုးကျတယ်။ ကုန်းရော၊ ရေရော ဆက်သွယ် ရေးကောင်းတယ်။ မြေသြဇာလည်းကောင်းတယ်။ ဆန်စပါး ထွက်ကုန်သီးနှံလည်းရှိတယ်။ ဥာဏ်ရည်လည်း ထက်တယ်။
ဒီလောက်အဖက်ဖက်က ပြည့်စုံရဲ့သားနဲ့ ဆင်းရဲတဲ့ နိုင်ငံဖြစ်နေရသလဲဆိုရင် အကျင့် (ATTITUDE) မကောင်းလို့ ပဲ ပြောစရာရှိတယ်။
နိဂုံးချုပ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန်းခွန်းထဲက စကားလေးနဲ့ အဆုံးသတ်ပါရစေ။
“ခင်ဗျားတို့ စောက်ကျင့်တွေကို ပြင်ဖို့အချိန်တန်ပြီ” လို့.....။
ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းနားဆင်ရန်
Source..လမ်းသစ်
Posted by
SK.Lintan
at
9:36 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
Sunday, August 7, 2011
ဖခင်တယောက်ရဲ့ မကွယ်လွန်မီ မှာတမ်းစာ
အသက်၄၅နှစ်အရွယ်ရှိ ကျောင်းဆရာဖြစ်သူပေါလ်ဟာ အရေပြားကင်ဆာရောဂါနဲ့ သူမကြာမီလူ့လောကမှ စွန့်ခွာရတော့မှန်း သိပြီးနောက် လူလားမမြောက်သေးတဲ့ ၅နှစ်နဲ့၁နှစ်ခွဲအရွယ်ကလေးငယ်များ နောင်တချိန် အရွယ်ရောက်လာတဲ့အခါဖတ်ဖို့ စနစ်တကျရေးသားပြုစုထားပါတယ်။ စာဖတ်သူတို့လည်း မှတ်သားလိုက်နာ ကျင့်ကြံကြပါစို့လား။
၁။ ယဉ်ကျေးသိမ်မွေ့ပါ။ အချိန်တိကျပါ။ ကျေှးဇူးပြု၍ ၊ ကျေးဇူးတင်ပါတယ်ဆိုတာကို အမြဲတမ်းထည့်ပြောပါ။
၂။ သင်ကိုယ်တိုင်ပြဿနာ ရှိသော်လည်း တခြားသူဒုက္ခရောက်တဲ့အခါ ထောက်ထားညှာတာပါ။ ကရုဏာထားပါ။ အချိန်တန်တဲ့အခါ သင့်ရဲ့ကိုယ်ကျိုးစွန့်အနစ်နာခံမှုကို လေးစားအံ့သြပြီး သင့်ကို ကူညီလာပါလိမ့်မယ်။
၃။ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ စိတ်ဓါတ်ကို အားထုတ်ကျင့်ကြံပါ။ သင့်အတွက် မထင်ပေါ်သော်ငြား မှန်တယ်ထင်ရင် လုပ်ပါ။ မနက်တိုင်း ကိုယ့်ကိုယ်ကို ဘာအပြစ်မှမကျုးလွန်ပါ (သို့) ကိုယ်လုပ်ခဲ့သမျှကို နောင်တမရပါဆိုတဲ့ အကောင်းအဆိုးခွဲခြားသိတဲ့စိတ်နဲ့ မှန်ကြည့်နိုင်အောင် ကြိုးစားပါ။
၎။ မိမိကိုယ်ကိုနှိမ့်ချပါ။ မိမိရဲ့အယူအဆ၊ နေရာကို မပြောင်းလဲဘဲမနေဘဲ တဘက်သားပြောတဲ့အပေါ် မူတည်ပြီး မိမိမှားမှန်းသိရင် ရပ်တန်းကရပ်ပြီး နောက်ပြန်ဆုတ်ပါ။ အရိုအသေတန်မှာ အရှက်ရမှာမစိုးရိမ်နဲ့။ သင်ဟာ တယူသန်ခေါင်းမာတဲ့သူ မဖြစ်ပါစေနဲ့။
၅။ သင့်အမှားများစွာမှ သင်ယူနိုင်အောင် ကြိုးစားပါ။ သင်ဟာ ပြဿနာတခုခုနဲ့ ကြုံလာတိုင်း ဆက်ပြီး တူညီတဲ့အမှားမျိုးလုပ်မယ်ဆိုရင် သင်ဟာတခုခုတော့ မှားနေပြီ။
၆။ သူတပါးအား မထီမဲ့မြင် မလေးမစားပြုမူမဆက်ဆံပါနဲ့။ မိမိအတွက်လည်း မကောင်းပါ။ ပြဿနာ တခုခုရှိရင် မျက်နှာချင်းဆိုင်ဆွေးနွေးတိုင်ပင်ပါ။
၇။ ရန်စကို ထိန်းချုပ်ပါ။ တစုံတယောက်က ကိုယ့်ကိုဆန့်ကျင်တိုက်ခိုက်လာရင်လည်း ချက်ချင်းမတုန့်ပြန်ပါနဲ့။ ဒေါသထွက်ရင် စကားထဲက အမှားပါလာတတ်ပါတယ်။ သည်းခံခြင်းက ကိုယ့်အတွက်ထိုက်တန်တဲ့ အခွင့်အရေးရလာပါလိမ့်မယ်။
၈။ ပျော်ပျော်နေပါ။ မိမိထက်နိမ့်ကျပြီး ကံမကောင်းအကြောင်းမလှတဲ့သူများကို ပေးကမ်းရက်ရောကူညီပါ။ ဒါဟာ လုပ်သင့်လုပ်ထိုက်ပြီး မိမိအတွက် ခက်ခဲတာလည်းမဟုတ်။
၉။ အမြဲတမ်း အကောင်းမြင်တတ်ပါစေ။ ဥပမာ- ဖန်ခွက်ထဲကရေဟာ တဝက်ပြည့်နေတာ။ တဝက်မရှိတာ မဟုတ်ဘူး။ ကံဆိုးမှုတိုင်းကို ရှာဖွေသင်ခန်းစာယူတတ်ရင် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
၁၀။ တခုခုကိုလုပ်ဖို့ အကျိုးအကြောင်းရှာဖွေပါ။ အမြဲတမ်း"YES"ဆိုတာပြောဖို့ အသိစိတ်မွေးရပါမယ်။ "NO"ပြောဖို့ မကြံပါနဲ့။ အဲဒီအတွက် သင့်မိတ်ဆွေဟာ သင့်ကိုချစ်ခင်လာပါလိမ့်မယ်။
၁၁။ သူများနဲ့ ပိုင်ပိုင်နိုင်နိုင်တိုင်ပင်ညှိနှိုင်းခြင်းဖြင့် သူတို့အကြိုက်ကိုပို၍ သင်လိုက်လျောပေးနိုင်ရင် သင်လည်း လိုအပ်တာထက် ပိုမိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။
၁၂။ အဖွဲ့အစည်း၊ ပါတီဖိတ်ကြားခြင်းကို ယဉ်ကျေးပျူငှာစွာ လေးစားဂုဏ်ပြုတဲ့အနေနဲ့ အမြဲတမ်း လက်ခံတက်ရောက်ပါ။
၁၃။ မိမိထက် အဆင့်အတန်း၊ ရာထူး နိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ အမြဲတမ်းတန်းတူ ဆက်ဆံရပါမယ်။ သင့်ထက်ဝါကြီးသူကို ရိုသေကိုင်းရှိုင်းရပါမယ်။ ဖော်လံဖားသူမဖြစ်ပါစေနဲ့။ ရွယ်တူကို လေးစားပါ။
၁၄။ သင့်မောင်နှမသားချင်းများရဲ့ အကြိုက်ကို ဦးစားပေးပါ။ မိမိကိုယ်ကိုနဲ့ မိမိနိုင်ငံကို ဂုဏ်ယူမြတ်နိုးပါ။ တခြားတိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားများကိုလည်း လေ့လာပါ။ သင်တခြားတိုင်းပြည်သို့ ခရီးသွားတဲ့အခါမှာ မိမိတိုင်းပြည်ဟာ ကမ္ဘာမှာ ဘယ်လောက်အရေးပါတယ်၊ မပါဘူးဆိုတာကို သိလာပါလိမ့်မယ်။ သိပ်ပြီး သွေးကြီးပြီး ဘဝင်မမြင့်ပါနဲ့။
၁၅။ ရည်မှန်းချက်ကြီးကြီးထားပါ။ မိမိတတ်ကျွမ်းတဲ့ပညာနဲ့ ကြိုးစားလုပ်ကိုင်ပြီး အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပါ။
၁၆။ နေ့စဉ်လုပ်ရမယ့် အလုပ်ကို ပြီးမြောက်အောင်လုပ်ပါ။ အချိန်မဆွဲပါနဲ့။
၁၇။ ကျောင်းမှာ အတော်ဆုံးဖြစ်အောင်လုပ်ပါ။ ဆရာ၊ဆရာမများသင်ကြားတာအပြင် မိမိကိုယ်ကို တီထွင်ကြံဆပါ။
၁၈။ သင်တတ်နိုင်တဲ့ အတိုင်းအတာအထိ သုံးစွဲပါ။ အလွန်အမင်းလည်း ခြိုးခြံမချွေတာပါနဲ့။ သူ့ ဈေးနှုန်းနဲ့တန်တဲ့ ပစ္စည်းမျိုးရှာဖွေဝယ်ယူပါ။
၁၉။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ဖခင်မရှိပေမဲ့ သတ္တိရှိပါ။ ကြင်နာရက်ရောပါ။ ကျန်းမာသန်စွမ်းအောင် နေပါ။ မိမိကံကြမ္မာကို ကောင်းအောင်ဖန်တီးပါ။
၂၀။ မိမိကိုယ်ကို ဘယ်တော့မှ ဝမ်းနည်းအားငယ်မနေပါနဲ့။ ငိုယိုခြင်းကနေ ဘာမှကောင်းတာ ဖြစ်မလာဘူး။
၂၂။ ဘာသာစကားတခုခုကို လေ့လာသင်ယူလိုက်စားပါ။ အထူးသဖြင့် နိုင်ငံတကာသုံး အင်္ဂင်္လိပ်စာကို ကျွမ်းကျင်အောင် ပြုလုပ်ပါ။
၂၃။ နောက်ဆုံးအနေနဲ့ သင့်မိခင်ကို သေချာဂရုစိုက်ပါ။ ချစ်ခင်ကြင်နာယုယပါ။
Source..http://myblogmonpharmacy.blogspot.com/
Posted by
SK.Lintan
at
12:25 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
Saturday, August 6, 2011
တရုတ်လုပ် အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုးနဲ့  ဘေးအန္တရာယ်
ကိုရွှေတရုတ် တို့ ကတော့လုပ်ရက်ပါပေ့ဗျာ ။ ဒီကိစ္စ က မိန်းကလေးတွေပါ မဟုတ်ဘူး ဆံပင်အရှည်ထားပြီး
နောက်မှာ ချည်ထားတတ်တဲ့ ယောက်ျားလေးတွေပါ သတိထားတော့ဗျို့  ။
comment ရော ပေးလို့ ရပြီလား မသိဘူးဗျာ ။ မရင်တော့ ကျွန်တော်လည်း မူးနောက်နေပြီ
ဘာဖြစ်လို့ လဲ မသိဘူးဗျာ ။ သိတဲ့သူရှိရင် ကူညီကြပါအုံးဗျာ ။ comment ပေးချင်လို့ ၊ပေးလို့  မရဘူးဆိုရင် မေးလ်ကိုသာ ပို့ ကြတော့ဗျာ ။
တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး Hair Bands များ အကြောင်း။
စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။
ပြည်သူလူထု ကြီး ခင်ဗျာ....
ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူ အဆင်ပြေတယ် ဆိုတာလောက်ကို ကြည့်ပြီး ဘေးအန္တရယ် ကျရောက်နိုင်တာ၊ သုံးစွဲရ သင့်တော် မသင့်တော် ကိုပါ ထည့်တွက် စဉ်းစားပြီးမှ ၀ယ်ယူသုံးစွဲ သင့်ပါတယ်။
ဘေးဒုက္ခ ရောက်မှသာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရ တာတွေ မဖြစ်စေချင်ပါ။
ယခုဖေါ်ပြတဲ့ ဆံပင် ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။
ဒီ ဆံပင်ခေါင်းစည်းကြိုးဟာ ဈေးပေါပေါနဲ့ ရောင်းချသလို ၀ယ်ယူသုံးစွဲကြသူ အမျိုးသမီးထုဟာလည်း အရောင်အသွေးလှလှပပနဲ့ မို့  ကြိုက်နှစ်သက် ကြပါတယ်။
ဒါပေမယ့် ဒီဆံပင် ခေါင်းစည်းကြိုးကို သေသေချာချာ သတိပြု မိသူကတော့ အတော့်ကို ရှားပါလိမ့်မယ်။
အောက်ပုံကို ကြည့်ပါ
တွေ့တဲ့ အတိုင်းဘဲ - ဒီဆံပင် ခေါင်းစည်း ကြိုးတွေကို အရောင်လှလှ ချည်မျှင်လေးတွေနဲ့ ပတ်ထားတာကို ဖြေကြည့် လိုက်တဲ့ အခါ-- အတွင်းမှာ ကွန်ဒုံ (Comdom) တွေကို ထည့်သွင်းထားတာ တွေ့ ရပါတယ်။
ဘယ်လောက်အန္တရာယ်ကြီးမားလှလည်းဆိုတာ တွက်ဆကြည့်ပါ။
ဒီ ဆံပင်စည်းကြိုးထဲမှာ သုံးတဲ့ ကွန်ဒုံတွေဟာ အသစ်စက်စက်တွေ မဟုတ်ဖူးလို့ သိရပါတယ်။
သုံးစွဲပြီးသား ကွန်ဒုံတွေဖြစ်လို့  ရောဂါပိုးတွေ ကပ်တွယ် နေနိုင်ပါတယ်။
ကိုယ်ခံစွမ်းအား ကျဆင်းစေတဲ့ အေအိုင်ဒီအက်စ်ရောဂါလို အခြားသော လိင်ပိုင်း ဆိုင်ရာ ရောဂါတွေ ကူးစက်နိုင်ပါတယ်။
တစ်ခါတစ်ရံကြရင် အမျိုးသမီးတွေဟာ ဒီဆံပင်စည်းကြိုးကို သုံးစွဲတဲ့နေရာမှာ ဆံပင်စည်း နေတုန်း လက်နှစ်ဘက် မအားတဲ့ အခါမှာ ဒီဆံပင် စည်းကြိုးလေးတွေကို ပါးစပ်မှာ ခဏ ကိုက်ထားကြတာမျိုး လုပ်လေ့ ရှိပါတယ်။
ဈေးပေါပေါနဲ့  ရတဲ့ ပစ္စည်း တစ်ခုကြောင့် အင်မတန် တန်ဖိုးကြီးလှတဲ့ မိမိဘ၀ အသက် ထိခိုက်မှာကို တွေးမိတိုင်း... ရင်လေးစရာ ကောင်းလှပါတယ်။
မြန်မာပြည်မှာ ဒီလို ဆံပင်ခေါင်းစည်းကြိုးလေးတွေ တရုတ်ပြည်ကနေ ဘယ်လောက် များများ ရောက်နေလို့  သုံးစွဲထားကြပြီလည်း မပြောတတ်တော့ပါဘူး။
မိမိနှင့်နီးစပ်ရာ..ဆွေမျိုး၊မိတ်ဆွေ၊သူငယ်ချင်း အသိုင်းအ၀ိုင်းများကိုလက်ဆင့်ကမ်းဝေမျှပေးကြရန်တိုက်တွန်းပါတယ်....
ဒီ ဆံပင် ခေါင်းစည်းကြိုး အကြောင်း ရေးသား ထုတ်ပြန်ထားတဲ့ သတင်း မူရင်းမှာ ဒီလို ရေးသား ဖေါ်ပြ ထားပါတယ်။
BEIJING (AFP) - Used condoms are being recycled into hair bands in southern China threatening to spread sexually-transmittable diseases they were originally meant to prevent, state media reported Tuesday
In the latest example of potentially harmful Chinese-made products, rubber hair bands have been found in local markets and beauty salons in Dongguan and Guangzhou cities in southern Guangdong province, China Daily newspaper said.
'These cheap and colorful rubber bands and hair ties sell well ..... threatening the health of local people,' it said..
Despite being recycled, the hair bands could still contain bacteria and viruses, it said.
'People could be infected with AIDS, (genital) warts or other diseases if they hold the rubber bands or strings in their mouths while waving their hair into plaits or buns,' the paper quoted a local dermatologist who gave only his surname, Dong, as saying. A bag of ten of the recycled bands sells for just 25 sen (three cents), much cheaper than others on the market, accounting for their popularity, the paper said.
A government official was quoted as saying recycling condoms was illegal. China 's manufacturing industry has been repeatedly tarnished this year by a string of scandals involving shoddy or dangerous goods made for both domestic and foreign markets.
In response, it launched a public relations blitz this summer aimed at playing up efforts to strengthen monitoring systems.
*** အင်တာနက်ဘလော့ဂ်တစ်ခုမှပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်...***
မေးလ်ထဲရောက်လာတဲ့ စာလေး တစောင် ပါ...
မြန်မာအမျိုးသမီးများအတွက်သတိထားနိုင်အောင်ဖြန့်ဝေပေး တာပါခင်ဗျ
.... ကျနော် စစ်ကိုနိုင် ၈၈၈၈.ပါ
လေးစားလျှက် ( စိုင်းမြင့်ထွန်း)......
http://saimyinttun.blogspot.com မှ ပြန်လည် မျှဝေတာပါ...ကျနော်ကတော့ တိုတိုလေး ညှပ်လိုက်ပြီ..ဟိဟိ
Posted by
SK.Lintan
at
6:19 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
Wednesday, August 3, 2011
အချစ်သည် အပြစ်များကိုမမြင်ပါ
•အချစ်ကြောင့် အသည်းကွဲတာ မဆန်းပါဘူး။ အချစ်ကြောင့် ဘ၀ ပျက်သွားရတာသာ ဆန်းတာပါ။
•ငါ့ဦးနောက်က ငါ့ကိုအမိန့်ပေးနေတယ်၊ ငါ့နှလုံးသားရဲ့အလိုကို ငါ့ဦးနောက်က ခွင့်မပြုဘူး။ မိန်းမ တစ်ယောက်ကို လွယ်လွယ်နဲ့ ဖြစ်သလို မယူရဘူး၊ အိမ်ထောင်တစ်ခုကို တည်ဆောက် တော့မယ်ဆိုရင် ကျကျနန ပြင်ဆင်ပြီးမှ တည်ဆောက် သင့်တယ်တဲ့။
•လောက၌ အချစ်ဆုံးအရာသည် ဒုက္ခအပေးဆုံး။ ချစ်စရာ တစ်ခုရှိလျှင် ဒုက္ခတစ်ခု၊ ချစ်စရာများလျှင် ဒုက္ခများ၏၊ ချစ်စရာ မရှိတော့လျှင် ဒုက္ခမရှိတော့။
•အချစ်သည် ရှာလေရှာလေ ဒုက္ခ ပိုများလေဖြစ်သည်။
•လောကတွင် ဥစ္စာရူးထက် အချစ်ရူး၊ တဏှာရူးသည် ပို၍ အကြည့်ရ အမြင်ရ ဆိုးသည်။ အချစ် စိတ်ကြောင့် ရူးသွပ်ပြီး မစား၊ မအိပ်နိုင်ခြင်းသည် ကိုယ့်ကိုယ်ကို ဒုက္ခ အပေးဆုံးဖြစ်သည်။
•လူငယ်ဘ၀တွင် ပညာရေး၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ရရေးသာ နံပတ်တစ် ဖြစ်သည် ကြင်ယာ အရေးသည် နှစ်ဖြစ်သည်။
•အချစ်ဟောင်း၏ မီးစ မီးကြွင်းတို့မှာ မကြာခင်မှာပင် မီးစွဲလေ့ရှိသည်။
•အချစ်သည် (၇)စက္ကန့် တည်တံ့၏၊ ရသာရုံက (၇)မိနစ်ခံ၏၊ စိတ်မချမ်းသာမှုက ဘ၀တစ်လျှောက်လုံး ခိုင်မြဲ တက်၏။
•မိမိကိုယ်ကို အချစ်နှင့်ထိတွေ့သူသည် မိမိကိုမိမိ ပူဆွေးသောကနှင့် ထိတွေ့မှု ရှိစေသူပင်ဖြစ်သည်။
•မဆင်မခြင် အိမ်ထောင်ကျ နောင်မှ နောင်တ ရကြလေသည်။ နောက်မှရသော နောင်တသည် ပူပင်ရစမြဲပင်။
•တွေ့မရှောင် အချောင်စိတ်ဖြင့် ချစ်ခြင်းသည် တစ်ကယ်တမ်းတွင် လုံးဝ ပျော်စရာ မကောင်းပဲ အဖျက် များသာ ခံစား ရတော့သည်။ နောင်မှ အခက်တွေ့အောင် ကြိုးစားမိခြင်း ဖြစ်သည်။
•သင့်ကိုသင်ချစ်ပါ။ ထိုအခါ သင့်တွင် ပြိုင်ဖက်များရှိမည်မဟုတ်။
•သစ်ကိုင်းကိုချစ်လျှင် သစ်ပင်ကိုလည်းချစ်ရမည်။
•တူနှစ်ကို တဲအိုပျက်မှာ နေရနေရ၊ ထမင်းရည်ကိုပဲ သောက်ရသောက်ရ၊ ထမင်ကြမ်းခဲကိုပဲ စားရစားရ တစ်ဦးနှင့် တစ်ဦး ချစ်ရင်ပြီးရော၊ ချစ်ရန်သာ အရေးကြီးသည် ဆိုသော စကားလုံးများမှာ လုံးဝ အနှစ်သာရ မရှိသော အပေါ်ရံကြော အလွယ်တကူ လူတိုင်း ပြောဆိုသော စကားများသာ ဖြစ်သည်။
•လောက၌ ချစ်သူပါင်းများစွာမှာ ဆင်းရဲခြင်း၊ မပြည့်စုံခြင်းကြောင့် မကွဲသင့်ပဲကွဲ၊ မခွဲချင်ပဲခွဲရသည်မှာ ရင်နာစရာ ကောင်းလှသည်။
Source...http://www.meepyatite.info/
Posted by
SK.Lintan
at
5:38 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
အချိန်တစ်ခု
ဖြစ်စဉ်တိုင်းအတွက် အချိန်ရာသီ စက်ဝိုင်းတစ်ခုလိုအပ်သည်။ အချိန်တစ်ခုမှာ ကောင်းကင်ဘုံအောက်မှာရှိသမျှ ကိစ္စတွေ အားလုံး ဖြစ်ပေါ်လာကြသည်
For everything there is a season, And a time for every matter under heaven:
•အချိန်တစ်ခုက မွေးဖွားဖို့၊ အချိန်တစ်ခုက သေဆုံးဖို့
A time to be born, and a time to die;
•အချိန်တစ်ခုက စတင်ဖို့၊ အချိန်တစ်ခုက မယိုင်လဲအောင် မနည်း အားတင်းထားဖို့
A time to plant, and a time to pluck up what is planted;
•အချိန်တစ်ခုမှာ ဖျက်ဆီးဖို့၊ အချိန်တစ်ခုမှာ ပြင်ဆင် ကုသဖို့
A time to kill, and a time to heal;
•အချိန်တစ်ခုက ပြိုကျဖို့၊ အချိန်တစ်ခုက တည်ဆောက်ဖို့
A time to break down, and a time to build up;
•အချိန်တစ်ခုက ငိုကြွေးဖို့၊ အချိန်တစ်ခုက ရယ်မောဖို့
A time to weep, and a time to laugh;
•အချိန်တစ်ခုက ဝမ်းနည်းပူဆွေးဖို့၊ အချိန်တစ်ခုက ပျော်ရွှင် ကခုန်ဖို့
A time to mourn, and a time to dance;
•အချိန်တစ်ခုက အဝေးကို ပယ်ထုတ်ဖို့၊ အချိန်တစ်ခုက အနီးနား အတူရှိနေဖို့
A time to throw away stones, and a time to gather stones together;
•အချိန်တစ်ခုက ပွေ့ဖက်ဖို့၊ အချိန်တစ်ခုက ရှောင်ဖယ်ဖို့
A time to embrace, And a time to refrain from embracing;
•အချိန်တစ်ခုက အကျိုးရှိရှိအသုံးချဖို့၊ အချိန်တစ်ခုက ဖြုန်းတီးဖို့
A time to seek, and a time to lose;
•အချိန်တစ်ခုက ထိန်းသိမ်းထားဖို့၊ အချိန်တစ်ခုက စွန့်လွှတ်ဖို့
A time to keep, and a time to throw away;
•အချိန်တစ်ခုက ဆုတ်ဖြဲဖို့၊ အချိန်တစ်ခုက ဖာထေးဖို့
A time to tear, and a time to sew;
•အချိန်တစ်ခုက ဆိတ်ဆိတ်နေဖို့၊ အချိန်တစ်ခုက စကားပြောနေဖို့
A time to keep silence, and a time to speak;
•အချိန်တစ်ခုက ချစ်ဖို့၊ အချိန်တစ်ခုက မုန်းဖို့
A time to love, and a time to hate,
•အချိန်တစ်ခုက စစ်ပွဲ၊ အချိန်တစ်ခုက ငြိမ်းချမ်းခြင်း
A time for war, and a time for peace.
Source...http://www.meepyatite.info/
Posted by
SK.Lintan
at
1:06 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
ခေါင်းဆောင်မှု ကျင့်စဉ်
•သင်သည် လူတွေကြားတွင် မကြောက်မရွံ့ သွားနေသည်ဟု လူတွေက ထင်ပါစေ။
•လူတိုင်းချီးကျူးခံချင်သည် ဆိုခြင်းကို သတိရပါ။
•တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာဆင်နွဲပါ။
•အစဉ်အလာ၊ ယဉ်ကျေးမှု၊ စည်းကမ်းနှင့် ပုဂ္ဂိုရေးသိက္ခာကို တစ်ခါတစ်ရံ ဘေးချိတ်ထားပါ။
•အင်အားကို နောက်ဆုံးအားကိုရာအဖြစ်သာသုံးပါ။
•အဖွဲ့အစည်း တစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ အကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်ပါ။
•မှန်မှန်ကန်ကန် ရပ်သူနှင့်အတူရပ်ပါ။ သူအမှားလုပ်သောအခါ ထိုသူကို စွန့်လွတ်လိုက်ပါ။
•တစ်ခါတစ်ရံ မသိယောင်ဆောင်နေခြင်းသည်၊ အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။
•ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိုမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကို နောက်ထက်ဘယ်တော့မှ ရနိုင်တော့မည်မဟုတ်။
•လူတစ်ယောက်အားနှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏ မိတ်ဆွေများသည် မိမိအဖွဲအစည်းအတွက် ထာဝရ ရန်သူများဖြစ်လာနိုင်သည်။
•မလိုတမာစိတ်ကိုရှောင်ပါ။ မေတ္တာစေတနာကိုဆောင်ပါ။
•မိမိ၏ အကောင်းဆုံး အပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။
•ကိုယ့်သိသလောက်၊ တက်သလောက်နှင့် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ ပြီးဆုံးအောင် အထိလုပ်ပါ။
•မတရား စွပ်စွဲချက်များကို တစ်ကြိမ် အရှုံးပေးလိုက်ရလျှင် နောက်ထပ် စွဲချက်များအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်သည်။
•မိမိ၏လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင်လျှော့လုပ်ပါ၊၊ အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြင်ပါ။ အမြင်သစ် အမြင်မှန်ကို အမြဲ ကြိုဆိုလက်ခံပါ။
•ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။
•အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။
•ရှေတန်းသို့ထွက်ပါ။ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါစေ။
•ဘယ်တော့မှမကြိုးစားလျှင် ဘယ်တော့မှ မအောင်မြင်နိုင်။
•အတော်ဆုံးခေါင်းဆောင်များသည် အမြဲတမ်း လေ့လာ ဆည်းပူးနေသည် ဟူသာ အချက်ကို မမေ့ပါနှင့်။
•ဘာစကားမှ မပြောပဲနေသင့်သည့် ကာလများရှိသည်ကို သတိရပါ။
•ယနေ့လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။
•တစ်ဝက်တပျက်သာ ပြီးအောင်လုပ်သော အလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။
•လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။
Source...http://www.meepyatite.info/
မှတ်ချက်။ ။comment ပေးချင်ရင် မီးပြတိုက် သူ့မူရင်းဆိုက်ကို သွားပြီးပေးကြပါ။ ကျနော်ကတော့ သူ့ရဲ့အဖိုးတန် စာတွေကို ကြိုက်လို့ ယူလာတာပါ။
Posted by
SK.Lintan
at
12:56 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
ခေါင်းဆောင်မှု ကျင့်စဉ် (၂)
•ဖြစ်နိုင်တာတွေနဲ့ စတင်ပါ။
•ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်း ဆိုတာ အောင်ပွဲပဲ။
•အချိန် မည်မျှကြာအောင် ကြိုးစားခဲ့ခြင်းသည် အဓိကမဟုတ်။ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်မှု သည်သာ အဓိက ဖြစ်သည်။ အချိန် ကြာကြာတိုက်ရင် ဓားတုံးတယ်။ ဓားထက်တုန်းမှာ အချိန်မဆွဲပါနဲ့။
•ဆုပေး၊ ဒဏ်ပေး စနစ် ဆိုတာ နေရာ ဌာနတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ စနစ်တစ်ခု။
•လက်အောက် ငယ်သားတွေကို လူမမာ တစ်ယောက်ကဲ့သို့ သဘောထားပြီး ကြည့်ရှုပေးပါ။ သင်ချောက်ထဲ ဆင်းလျှင် လိုက်ဆင်း ကြပါလိမ့်မယ်။ သင့်အတွက် အသက်စွန့်ဖို့ အသင့် ရှိနေ ကြပါလိမ့်မယ်။
•သေသေချာချာ အကွက်ချ ပြင်ဆင်လေ အောင်ပွဲရဖို့ ပိုမိုနီးစပ်လေပဲ။ ပြင်ဆင်မှု အားနည်းရင် အောင်မြင်မှု ဆိုတာ မသေချာဘူး။ ဘာမှ ပြင်ဆင်တွက်ဆမှု မရှိဘူးဆိုရင် တော့ စဉ်းစား သာကြည့်တော့။ ဒီတစ်ခုကိုကြည့်ပြီး အောင်မြင်မလား၊ ရှုံးနိမ့်မလား အတိအကျ ပြောနိုင်တယ်။
•ပက်ဝန်းကျင်ကို လေ့လာပါ။ မိမိ ကိုယ်ကို သဘောပေါက်ပါ။ ဒါဆိုရင် အောင်မြင်မှုနဲ့ မလွဲပါဘူး။
•အောင်မြင်မှုကို ကြိုပြီး သိနေတဲ့ သူဟာ အောင်ပွဲရဖို့ ၁၀၀% သေချာတယ်။ စစ်မရောက်ခင် မြား ကုန်နေရင် တော့ အောင်ပွဲနဲ့ဝေးဖို့ ကျိန်းသေပဲ။
•ရှေ့ရေးကိုတွေးပါ၊ ဥာဏ်ကို လွှာသုံးပါ အခက်အခဲ ဟူသမျှကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
•နေရာတကာ လိုက်ကာကွယ်နေရင် နေရာတိုင်းက ပျော့ကွက်ဖြစ်နေလိမ့်မယ်။
•နာမည်လိုချင်စိတ်ကိုရှောင်ပါ၊ အကဲ့ရဲ့ခံရမှာကို မကြောက်နဲ့။
•ခေါင်းဆောင်ကောင်း တွေဟာ မိမိမှာရှိတဲ့ အားသာချက်၊ အားနည်းချက်တွေကို အမြဲ တွက်ဆနေတယ်။ အားသာချက်တွေကို စဉ်းစားပြီး စီမံချက်ကို အသက်ဝင်အောင် လုပ်တယ်။ အားနည်းချက်ကို စဉ်းစားပြီး ဆင်ခြင်နိုင်ဖို့ ကြိုးစားတယ်။
•ရောက်ရာအရပ်မှာ မိတ်ဆွေဖွဲ့ပါ။ သဘာဝနဲ့ ကိုက်ညီအောင် နေထိုင်ပြောဆိုပါ။ သဘာဝနဲ့ ဆန့်ကျင်နေသော အရာများကို အထူးဂရုပြုပါ။
•အချိန်ဆွဲတတ်ခြင်းက အဆိုးဆုံးပြဿနာ။
•ထွက်ပေါက်မရှိတော့တဲ့ လူတွေဟာ ဖြစ်သလို ခံချတတ်တယ်၊ ရွေးစရာလမ်း ပိတ်နေသူတွေဟာ ကြောက်စိတ်ပျောက်ပြီး မိုက်ရူးရဲ ဖြစ်သွားတတ်တယ်။
•လူတိုင်းဟာ အမှားနဲ့ မကင်းပါဘူး။ အမှားနည်းအောင်၊ အမှားများများ မလုပ်မိအောင်ပဲနေပါ အောင်မြင်ပြီးသား ဖြစ်ပါလိမ့်မယ်။
•အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲပါ။ အရာရာတိုင်းကို မူသေ ဘယ်တော့မှ တွက်မထားပါနဲ့။
•ဖြစ်ပေါ်လာမယ့် အခြေအနေ အားလုံးကို အဆိုးဆုံးထိ တွက်ပြီး ကြိုတင်ပြင်ဆင်ထားပါ။ အဆိုးဆုံး အတွက် အစဉ်သင့် မဖြစ်လျှင် ဖရိုဖရဲနဲ့ ဇာတ်သိမ်းရလိမ့်မည်။
•တစ်စုံတစ်ယောက်က ကိုယ့်ကို အချိန်မရွေး ကန်ချနိုင်တယ်။ အခြေခိုင်အောင် လုပ်ထားပါ။
•မြှောက်ပင့်မှုမှာ မသာယာမိစေရန် သတိထားပါ။ ဖွဲတစ်ဆုပ် မ နိုင်သူဟာ ခွန်အားကြီးသူမဟုတ်။ နေတွေ လတွေမြင်သူဟာ အမြင်စူးရှသူမဟုတ်၊ မိုးခြိမ်းသံကို ကြားသူဟာ နားပါးသူမဟုတ်။
•ကိုယ်ချင်းစာ ညှာတာတတ်ပါ။ စည်းကမ်း ကိုတော့ တင်းတင်းကိုင်ပါ။
•ကိုယ်တိုင် စည်းကမ်းလိုက်နာပါ။ ဖောက်ဖျက်သူကိုလည်း ထိုက်သင့်တဲ့ အပြစ်ပေးပါ။
•အောင်မြင်မှုကို အရှည်တည်တန့်ဖို့ အဓိကလိုအပ်တာတွေက
1. ခံယူချက်၊
2. ဥာဏ်ပညာ၊
3. အမြော်အမြင်ကြီးမှု၊
4. စိတ်ထားကောင်းမွန်မှု၊
5. ကြင်နာတတ်မှု၊
6. သတ္တိ ဗျတ္တိ နဲ့
7. ပြက်သားမှု ။
Source...http://www.meepyatite.info/
Posted by
SK.Lintan
at
12:44 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်
•ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်။ လောင်းကစား အရက် မရှုပ်နဲ့ ရှိတာလေးပြုတ်သွားမယ်။
•ငွေများများ ရှာချင်ရင် သူများ မတွေးတဲ့ အတွေးမျိုးကို အတက်ပညာနဲ့ ပေါင်းစပ်ပြီး မရပ်မနား အလုပ်လုပ်။
•ငွေကို ကြိုးစားရှာပါ။ သို့သော် ကပ်စေးနဲ တွန့်တိုခြင်း၊ ပရမ်းပတာ သုံးဖြုန်းခြင်း၊ မက်မော တွယ်တာလွန်းခြင်း မဖြစ်သင့်။
•၀င်ငွေနှင့် ထွက်ငွေ မျှတအောင် မသုံးစွဲနိုင်လျှင် ပျော်ရွှင်မှုနှင့် ဝေးမည်ပင်။
•ငွေကြေး ရှာဖွေရာတွင် ၀ီရိယလိုအပ်သည်။ ဥာဏ်လိုအပ်သည်။ သတိတရားလည်း ထားရှိရမည်။ ငွေကြေးအပေါ် မက်မောမှုလည်း ရှိရမည်။
•ငွေကို မိတ်ဆွေလိုဆက်ဆံပါ။ ရန်သူမလုပ်ပါနှင့်။ ငွေပိုရှာနိုင်သော အရည်အသွေးကို မြှင့်တင်ပါ။ အခွင့်အလမ်းကို တွေ့အောင်ရှာပါ။ မိအောင်ဖမ်းပါ။ အချိန် နှင့် မိတ်ဆွေဖွဲ့ပါ။ သင့်စုဆောင်းငွေကို အကျိုးရှိစွာ ရင်းနှီး မြုပ်နှံပါ။ ကြီးပွား ချမ်းသာလိုစိတ်မွေးပါ။
•ဆင်းရဲတွင်ထဲ ၀ုန်းခနဲတွန်းချနိုင်တာ ပျင်းရိခြင်းဆိုတဲ့ လက်တစ်ဖက်ပါပဲ။
•သူဌေးဖြစ်ချင်လျှင် ဇွဲ၊ လုံ့လ၊ ၀ီရိယရှိပါ။
•တကယ် ကြီးပွားချင်စိတ်ရှိရင် တကယ်ကြီးပွားမှာပါ။
•လောကမှာ ချမ်းသာချင်စိတ်နဲ့ တကယ်ကြိုးစားရင် မချမ်းသာတဲ့သူဆိုတာ မရှိပါဘူး။
•လုပ်စရာရှိတဲ့ အလုပ်ကို အချိန်မဆွဲပဲ ချက်ချင်းထလုပ်။ အလုပ်ထဲမှာ စိတ်ရောကိုပါ နှစ်ထားတဲအတွက် အလုပ်ရဲ့ အားနည်းချက်တွေကို သူတပါးထက်ပိုပြီး မြင်နိုင်ပါတယ်။ အောင်မြင်အောင် ဘယ်လို လုပ်ရမယ်ဆိုတာလဲ နည်းလမ်းတွေ ရလာတတ်တယ်။
•အတိတ်၊ ကံ အကြောင်း မစဉ်းစားနဲ့။ အတိတ်၊ ကံ ဆိုတာ ကိုယ် လုပ်လို့မရဘူး။ ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက် တော့ဘူး။ လောလောဆယ် မင်းလုပ်ရမှာက လက်ရှိဘ၀ကို အကောင်းဆုံး ဖြစ်အောင်လုပ်၊ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို တဖြည်းဖြည်း တိုးတက်အောင် လုပ်နိုင်တယ် ဆိုရင် မင်းကြီးပွားမှာပဲ။
•အလုပ်ထဲမှာ စိတ်နှစ်ကိုယ်နှစ် ပျော်ပျော်ပါးပါး လုပ်ကိုင်ပါ။
•အောင်မြင် ကျော်ကြားသူတွေရဲ့ဘ၀မှာ အရေး အကြီးဆုံးတစ်ခုက အချိန်ပဲ။ လူတစ်ယောက်ဟာ အခြား တစ်ယောက်ထက် အချိန် နှစ်ဆလောက် ပိုပြီးလုပ်မယ်ဆိုရင် သူဟာ နှစ်ရက် ရှေ့ရောက်သွားမှာပဲ။
•သင်သည် အလုပ် ကြိုးစားသူဖြစ်က တိုင်းပြည်ရှိ လူအားလုံး၏ ၅၀% ကို ကျော်လွှားပြီးသား ဖြစ်ပါလိမ့်မည်။ သင်သည် ရိုးသား ဖြောင့်မက်သူဖြစ်က နောက်ထပ် ၄၀% ကို ကျော်လွှားနိုင်သည်။
•အပြုဘက်သို့ တွေးတက်သည့် စိတ်သည် ပညာရေး၊ စီးပွားရေး၊ အားကစားရေး စသည့် မည်သည့် အရေးမဆို အောင်မြင်မှုသို့ ဦးတည်စေသည့် အခြေခံဖြစ်သည်။
•သဘာဝကို သဘာဝအတိုင်ထားပါ။
Source...http://www.meepyatite.info
Posted by
SK.Lintan
at
12:35 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
လူကို " စိတ် " က အုပ်စိုးသည်
•လူကို စိတ်ကအုပ်စိုး၍ စိတ်ကို စဉ်းစားတက်တဲ့ အသိဥာဏ်က အုပ်စိုးတယ်။
•စိတ်ဓာတ်ပျက်လျှင် ဒုက္ခကြီးလာ၏၊ စိတ်ဓာတ်တက်လျှင် ဒုက္ခသေးသွား၏၊ စီးပွားပျက်လျှင်လည်း စိတ်ဓာတ်မပျက်နှင့်၊ ကျန်းမာရေးပျက်လည်း စိတ်ဓာတ်မပျက်နှင့်။
•သတ္တ၀ါအားလုံး၏ ကံကြမ္မာ စိတ်ဓာတ်တွင်သာရှိသည်။
•စူးစိုက်သောသမာဓိသည် စိတ်တန်ခိုး။ စိတ်ဓာတ်ကြွယ်ဝမှ လူကြွယ်ဝသည်။ စိတ်ဓာတ်သန်မှ လူသန်သည်။ စိတ်မွဲလျှင် လူလည်းမွဲတော့သည်။
•သောကစိတ်သည် အထွေထွေသော ဒုက္ခဆင်းရဲခြင်း၏ မြစ်ဖျားခံရာဖြစ်သည်။
•စိတ်တို့မည်သည် ညစ်မည်ဆိုလျှင် တိုး၍တိုး၍သာ ညစ်ပြီးမညစ်တော့ပါဘူးဆိုလျှင် တစ်နေ့တစ်ခြား အညစ်ပြေသွားတော့သည်။
•အောင်စိတ်ရှိမှအောင်မြင်မည်။
•ရှုံးနိမ့်မှုသည် ရဲစွမ်းသတ္တိရှသူတို့အဖို့ အောင်မြင်ခြင်းတက်လှမ်းရန် ခုတုံးများဖြစ်သည်။
•လူတစ်ယောက်၏ စိတ်နေသဘောထားကို ကြည့်လျှင် ထိုသူ၏ အနီးစပ်ဆုံးလူများ၏ ဆက်ဆံရေး ကိုကြည့်ပါ။
•စိတ်သဘောထား ကြီးမြတ်သူတို့သည် ကြီးကြယ်မြင့်မြတ်သော ရည်မှန်းချက်ကိုသာ မျှော်မှန်း ထားကြသည်။
•စိတ်ဆိုးစဉ် စကားမပြောနှင့်။ မှန်သောစကားဆိုမှ ကျော်ဇော၏ ကျော်ဇောမှ အလုပ်တွင်၏။
•စိတ်ဓာတ်ရင့်ကျက် ကြံ့ခိုင်တည်မြဲစေရန်မှာ တစ်ခဏလုပ်၍မရနိုင်၊ စွဲမြဲစူးစိုက် အချိန်ပေးလုပ်ယူရမည်။
•စိတ်ဆိုးခြင်းသည် ခေတ္တရူးခြင်းတစ်မျိုးပင်။
•လောက၌ စိတ်ကူးရုံသာစိတ်ကူးပြီး အလုပ်တစ်စုံတစ်ခု မလုပ်ဘဲ ကြီးပွားခြင်းရယ်လို့မရှိ။ စိတ်ကူးကို စွန့်စွန့်စားစား လုပ်ခဲ့သူတွေသာ ကြီးပွားတိုးတက်ခဲ့၏။ ကြီးပွားသူတိုင်းသည် အပင်ပန်းခံ ကြိုးကြိုးစားလုပ်ကြသည်။
•အလွန်ညံ့ဖျင်းသော စိတ်ယုတ်မာအပေါင်းတွင် ကြောက်ရွံ့စိတ်သည်အဆိုးရွားဆုံးဖြစ်၏။
•သင့်ဆန္ဒသာလျှင်ပြင်းပြပါစေ၊ သင်မုချအောင်မြင်ရမည်။
•ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ ရောက်နေလို့ စိတ်ဓာတ်မပျက်ပါနဲ့။ ကြာပန်းလို ရွှံ့ထဲက ထိုးထွက် ရေပေါ်မှာ နေပြလိုက်စမ်းပါ။
•ကိုယ်ဟာ တစ်ဆင့်ထက်တစ်ဆင့် အမြင့်ကိုရောက်လာတိုင်း ကျေနပ်တင်းတိမ်မနေပါနဲ့။ အမြင့်ဆုံးရောက်သည့်တိုင်အောင် ကြိုးစားရုန်းကန်ရမည်။
Source...http://www.meepyatite.info
Posted by
SK.Lintan
at
12:24 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
စကား
•မမေးခင် စဉ်းစားပါ။ မဖြေခင်စဉ်းစားပါ။ မပြောခင်စဉ်းစားပါ။ ပြောပြီးလျှင် ပြင်၍မရ။
•လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။
•လူတစ်ယောက် (သို့) အဖွဲ့စည်းတစ်ခုရဲ့အကြောင်းကို အကောင်းပြောစရာမရှိလျှင် ဘာမှမပြောတာ အကောင်းဆုံး။
•သူတပါးစကားကို အာရုံစိုက်နားထောင်ပါ၊ တစ်ဖက်သား စိတ်ဝင်စားမယ့် အကြောင်းရပ်ကိုပြောပါ၊ အရေးမကြီးသည့် အသေးစိတ်များကို ထည့်မပြောပါနှင့်။
•စကားတစ်လုံး ထပ်တလဲလဲ မသုံးမိအောင် ရှောင်ကြင်ပါ၊ သူတပါးစကား ကြားဖြတ်မပြောနှင့်။
•စကားကို အတိုင်းအဆနှင့်သာ ဆင်ဆင်ခြင်ခြင် ပြောသင့်သည်။ အလျှင်စလို ပြောခြင်းသည် အမှားများ၍ ဆင်ခြင်သင့်ပါသည်။ နေ့စဉ်သုံး စကားများကိုပင် အလျှင်စလို မပြောမိအောင် သတိထားသင့်သည်။
•စကားဝိုင်းတွင် အလုအယက် ပြောတတ်သူများသည် သူတပါးထံမှ အကြံကောင်း၊ ဥာဏ်ကောင်း၊ အချက်အလက်ကောင်းများကို ရနိုင်သော အခွင့်အလမ်း ဆုံးရှုံးသည်။
•စကားများများပြောသူကို လူအထင်သေးသည်။
•အသေအချာမသိသော အကြောင်းအရာကို မပြောပဲနေသည်က ပိုကောင်းသည်။
•ဒေါသထွက်လာလျှင် ဒေါသအရှိုန်မတက်မှီ ဘုရားဂုဏ်တော်ကို ကြည်ညိုရိုသေစွာ အာရုံပြုလိုက်ပါ။
•အခါအားလျှော်စွာ ချီးမွမ်းစကားပြောဆိုပါ။
•ပညာရှိတို့သည် အချင်းချင်း ချီးကျူးနေကြသည်။
•ချီးကျူးစကားသည် ပေါင်းသင်းဆက်ဆံကိုလည်း အဆင်ပြေချောမွေ့စေသည်။ ချီးကျူသူကို ချီးကျူးခံရသူက ခင်မင်နှစ်လိုသည်။
•ချီးမွမ်းစကားသည် လူ၏နှလုံးသားအတွက် နေရောင်ခြည်နှင့်တူသည်။ ချီးမွမ်းစကားမကြားရဘဲ နှလုံးသားသစ်ပင် မရှင်သန်နိုင်။
•အဆွေခင်ပွန်းချင်းရင်းနှီးစွာဖြင့် ချီးမွမ်းစကားတွေ အပြန်အလှန် ပြောကြဆိုကြတာဟာ ပျော်စရာကစားနည်းတစ်မျိုးပဲ။
•လောလောဆယ် သင်တွေ့ဆုံနေရသည့် လူတွေအကြောင်း တစေ့တစောင်း သိထားဖူးသည်ဆိုက၊ ၎င်းလူနှင့်ပတ်သက်သည့် ချီးမွမ်းစရာအချက် တစ်စုံတစ်ရာကို ရည်ညွန်းကာ စကားစတင်မည်ဆိုက အဆင်ပြေနိုင်သော သဘောရှိသည်။
•သူဘာစိတ်ဝင်စားလဲ သိအောင်စူးစမ်း၊ သဲလွန်စရှာ၊ လူတိုင်းလူတိုင်းဟာ တစ်ခုခုမှာတော့ ကျွမ်းကျင်သူချည်းပဲ၊ အရေးကြီးတာက အဲဒီအချက်ကို နှိုက်မိဖို့ပဲ၊ စမ်းကြည့်ပါလား။
•မကူညီနိုင်လျှင် မကူညီနိုင်ကြောင်းပြောရန် ၀န်မလေးပါနှင့်။ အလွယ်တကူတာဝန်မခံသင့်။
မလိုအပ်သော စကားများကို အပိုမပြောမိစေရန်ဆင်ခြင်ပါ။
•အပ်ကြောင်းထပ်စကား ခွန်အားမရှိ။
•ထောင်တန်တဲ့စကား ရယ်ရင်ပေါ့။ သူ့နေရာနဲ့သူသာ ရယ်စရာပြောသင့်သည်။
•သူတပါးကို ထိခိုက်နစ်နာစေသော ဟာသမှန်သမျှ သတိထား၍ရှောင်ရှားပါ။
•လူထုပရိသတ်ကို ဟောပြောရာတွင် ရယ်စရာပြောလျှင် ပရိသတ်ရယ်ချိန်မှာ ကိုတိုင်မရယ်မိစေရန် သတိထားပါ။ စကားပြောရင်းမရယ်သင့်ပါ။ ရယ်ရင်းနှင့်လည်း စကားမပြောသင့်ပါ။
•အလွန်ရင်းနှီးသော မိတ်ဆွေများနှင့် ဆက်ဆံမှုတွင် လွတ်လပ်မှု လွန်ကဲလာသည့်အခါ ပရမ်းပတာတွေဖြစ်လာပြီး ဒုက္ခရောက်တက်ပါသည်။
•မိတ်ဆွေတွေကို မိမိ၏ အတွင်းရေးများကို မိမိဘာသာ အလွန်အကျွန်ဖွင့်ပြောမိလျှင် နောင်ကျမှ တစိမ့်စိမ့်တွေးကာ အဲသည်လူကို မကျေနပ်သလိုလို၊ ရှက်သလိုလို၊ မကျေနပ်ချင်သလိုလို ခံစားရတက်သည်။
•ဧည့်ခံပွဲတွေမှာ လူတိုင်းက ကိုယ့်လိုပဲ ဘာလုပ်ရမှန်းမသိ ကသိကအောက် ဖြစ်နေကြတာ၊ အဲဒီချိန် လူတစ်ယောက်ကို ဖမ်းနုတ်ဆက်လိုက်၊ အဲသည်လူ ၀မ်းသာသွားလိမ့်မယ်။
•အလွယ်ဆုံးနှင့် အစွမ်းထက်ဆုံး အမေးစကားတစ်ခွန်းမှာ " ဥပမာလေးပြောစမ်းပါခင်ဗျာ " ဟူ၍ဖြစ်သည်။
Source...http://www.meepyatite.info
Posted by
SK.Lintan
at
12:14 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
Tuesday, August 2, 2011
သတ္တိ
•ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ အနှစ်သာရမှာ အသိစိတ်၊ အသိတရားဖြစ်၏။
•တစ်ရွာတည်းသားချင်း၊ တစ်ရပ်တည်းသားချင်း၊ တစ်ကျောင်းတည်း သားချင်း တစ်ဦးက နွားကျောင်းသား ဖြစ်၍ တစ်ဦးက ၀န်ကြီးချုပ် ဖြစ်ရခြင်းသည် သတ္တိဖြစ်သည်။
•သတ္တိသည် လုပ်ရည်ကိုင်ရည်နှင့် လုပ်ရဲကိုင်ရဲမှု နှစ်ခုလုံး အကျုံးဝင်သည်။
•ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိရမည်။
•သတ္တိကို မွေးမြူပြီးသော် သင့်အားရှေ့တန်း၌သာ တွေမြင်ရတော့မည်။
•လူ့ဘ၀တွင် အမှောင်ကြီးများ ကျတက်ပါ၏၊ လူ့ဘ၀တွင် တိမ်များ ဖုံးနေတက်ပါ၏၊ သို့သော် ဘာမျှ စိတ်ဓာတ်မကျပါနှင့် တိမ်တိုက်တိုင်းတွင် ငွေနားကွပ်လေးတော့ ရှိစမြဲပါ။
•ကျဆုံးချင်း ဆိုသည်မှာ အောင်မြင်မှု အတွက် ပထမ ခြေလှမ်းဖြစ်သည်။
•သရော်လှောင်ပြောင်မှု ခံရတိုင်း သည်းခံစိတ်ပေါ်တွင် သတ္တိအပင်ကိုစိုက်ပါ။ မကြာမီ သီးပွင့်လာမည်မှာ ဧကန်ဖြစ်ပါ၏။
•စိတ်ပျက်အားငယ်မှုနှင့် ကြုံတိုင်း သတ္တိကို မွေးမြူရ၏။ စိတ်အားငယ်မှုကို ဒီအတိုင်း ဆက်ထားပါက မိမိ စိတ်ဓာတ်သည် မြောင်းထဲ ရောက်သွားနိုင်ပါ၏။ စိတ်အားငယ်မှုကို သတ္တိက ချေဖျက်နိုင်သည်။
•သင့်ပန်းတိုင်သို့ ချီတက်ရေး ကိစ္စကို ပျက်ဆီးစေနိုင်သော အရာကား သင့်ကိုသင် မယုံကြည်ခြင်း ဖြစ်ပါ၏။
•ကျွန်ုပ်တို့တွင် ရှိသော သံသယစိတ် များသည် သစ္စာဖောက်များဖြစ်သည်။
•သင်သည် ဘာဆိုဘာမှ မလုပ်ပဲနေလျှင် ဆုံးရှုံးမှုကို ရှောင်ရှားနိုင်ပါ၏။ တစ်ချိန်တည်းမှာပင် အောင်မြင်မှု ကိုလည်း ရှောင်ရှားပြီးသား ဖြစ်နေသည် ဆိုသောအချက်ကို မမေ့ပါနှင့်။
•လူစွမ်းကောင်း အောင်မြင်သည့် အကြောင်းကိုသာ တွေးတော နေတတ်သည်၊ သာမန်လူတို့သည် သက်သာမှု အကြောင်းများကိုသာ တွေးနေတတ်၏။
Source...http://www.meepyatite.info
Posted by
SK.Lintan
at
11:53 PM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
သေနတ်
သေနတ်(gun)သည် စပရင်မောင်းခလုတ်ပါရှိ၍ ကျည်ဆံထည့်ပစ်ရသော ကိရိယာဖြစ်သည်။
သေနတ်ကို စတင် တီထွင်ခဲ့သူများမှာ တရုတ်လူမျိုးများဖြစ်သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားပါသည်။ တီထွင်သူ၏အမည်ကိုမူ ဖော်ပြထားခြင်း မတွေ့ရပါ။ ခရစ်နှစ် ၉၀၅-ခုနှစ် (လွန်ခဲ့သော အနှစ် ၁၁၀၀-ကျော်)က တီထွင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ တရုတ်တို့သည် မီးတို့ထားသော ဖယောင်းတိုင်ကို သံချွန်တခုနှင့်တွဲစပ်ပြီး ကျည်ဆန်အဖြစ် အသုံးပြုပါသည်။ ၄င်းအား မှုတ်၍ဖြစ်စေ၊ ပစ်၍ဖြစ်စေ သေနတ်ကဲ့သို့ အသုံးပြုခဲ့ကြပါသည်။ သို့သော် ထိုကိရိယာကို သေနတ်ဟု မခေါ်ကြသေးပါ။ မီးလှံဟုသာ ခေါ်ဆိုခဲ့ကြပါသည်။ မည်သို့ပင် ဆိုစေ အဆိုပါမီးလှံသည် သေနတ်၏ မူလအစ ပစ္စည်းပင်ဖြစ်ပါသည်။
၁၂၅၀-ပြည့်နှစ် ရောက်သောအခါတွင်မှ ယမ်းမှုန့်ကို အသုံးပြုပြီး ပေါက်ကွဲစေတတ်သော သေနတ်အစစ်ကို တရုတ်တို့ တီထွင်နိုင်ခဲ့ကြပါသည်။ ထိုအချိန်ထိ ဥရောပနိုင်ငံများတွင် သေနတ်ပေါ်ပေါက်လာခြင်း မရှိသေးပါ။ ၁၄-ရာစုရောက်သောအခါတွင်မှ ဂျာမန်ဘုန်းတော်ကြီးတပါးဖြစ်သော ဘာသိုးလ်ရှဝဒ်ဆိုသူက တရုတ်တို့ထံမှ နည်းပညာကိုယူပြီး သေနတ်ပြုလုပ်ပြခဲ့ပါသည်။
သူတီထွင်သော သေနတ်မှာ ၃-ပေခန့်အရှည်ရှိပါသည်။ တဖက်ပိတ်သတ္တုပြောင်းဖြင့် ပြုလုပ်ထားပါသည်။ ၄င်းသတ္တုပြောင်းကိုငြိမ်အောင် သစ်သားချောင်းအဖြောင့်တချောင်းနှင့် ပူးချည်ထားပါသည်။ သေနတ်ပစ်ပုံပစ်နည်းမှာ အန္တရာယ်များလှပါသည်။ ဦးစွာ ယမ်းကို ပြောင်းဝတွင် ကျောက်ခဲများ သံစများနှင့်ရောပြီး ထည့်ထားရပါသည်။ ပစ်လိုသောအခါ လူတယောက်က သေနတ်ကို ချိုင်းတွင် မြဲမြဲညှပ်ထားပေးရပါသည်။
ကျန်တယောက်က သေနတ်အနောက်ပိုင်းရှိ အပေါက်မှ ယမ်းကို မီးရှို့ပေးရပါသည်။ ထိုအခါ မီးခိုးလုံးများ ထွက်လာပြီး ပြင်းထန်သောအသံဖြင့် ပေါက်ကွဲသွားလေ့ရှိပါသည်။ ဤသေနတ်မျိုးသည် ရန်သူကိုသာမက အခန့်မသင့်လျှင် ပစ်သူကိုယ်တိုင် သေနတ်မှန်ပြီး သေဆုံးတတ်ပါသည်။ ဝေးဝေးလည်း ပစ်မရပါ။
ထို့ကြောင့် ချိုင်းတွင် ညှပ်မပစ်တော့ပဲ ပခုံးတွင် ထောက်ပစ်နိုင်သော သေနတ်မျိုးကို တီထွင်လာကြပြန်ပါသည်။ ထိုသေနတ်မျိုးကို ၁၅-ရာစုတွင် တီထွင်ခဲ့ပြီး အာကွီဗတ် (arquebus) သေနတ်ဟုခေါ်ပါသည်။ ၄င်းသေနတ်မျိုးမှာ အလွန်လေးလံသည့်အတွက် စစ်သားတယောက်တည်း မ,မနိုင်ပါ။ ထို့ကြောင့် သေနတ်အသစ်တမျိုးကို ထပ်မံတီထွင်ရပြန်ပါသည်။
အာကွီဗတ်သေနတ်ကို တဆင့်တက်လိုက်သောအခါ စနက်မောင်းသေနတ် ဖြစ်လာပါသည်။ ထိုသေနတ်မျိုးတွင် သေနတ်ပြောင်းနောက်နား၌ စနက်မောင်းတခု တပ်ဆင်ထားပါသည်။ မီးရှို့မည့်အစား ခလုတ်ကိုဆွဲလိုက်ပါက စနက်မောင်းသည် စနက်ပေါက်တွင် လာရောက်ရိုက်သဖြင့် မီးပွင့်ပြီး သေနတ်ကျည်ဆန် ထွက်သွားပါသည်။ သို့သော် ဤသေနတ်မျိုးမှာ မိုးရွာလျှင် မီးမကူးသောကြောင့် ကျည်မထွက် ဖြစ်တတ်ပြန်ပါသည်။ ၁၅၄၀-ပြည့်လောက်တွင် စပိန်လူမျိုးတို့သည် စနက်မောင်းသေနတ်ထက် ကောင်းသော မတ်စကတ် (Musket) သေနတ်ကို တီထွင်ခဲ့ပြန်ပါသည်။ မတ်စကတ် သေနတ်တွင် ဒတ်ခ်ျတို့သည် ခဲကျည်လုံးကို အသုံးပြုထားပါသည်။ ပြောင်းဝလည်း ပိုရှည်ပါသည်။ ကျည်လုံးကို ယမ်းဆောင့်တံနှင့် ပြောင်းဝမှ ထိုးထည့်ပေးရပါသည်။ သို့မှသာ ယမ်းနှင့် ကျည်လုံးတို့ ထိနေမည်ဖြစ်ပါသည်။ ထိုအချိန်တွင် စနက်မောင်းဖြုတ်လိုက်ပါက ယမ်းပေါက်ကွဲပြီး ကျည်ထွက်သွားမည်ဖြစ်ပါသည်။
ဒတ်ခ်ျတို့သည် ၁၇-ရာစုတိုင်အောင် ဤမတ်စကတ်သေနတ်ကို အသုံးပြု၍ နယ်ချဲ့ခဲ့ကြပါသည်။ ခရစ် ၁၆၀၃-တွင် ပေါ်တူဂီလူမျိုး ငဇင်ကာသည် မြန်မာနိုင်ငံသို့ ကျူးကျော်လာစဉ်က ဤသေနတ်မျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ၁၇-ရာစုမှ ၁၉-ရာစုတွင် မီးခတ်သေနတ်တမျိုး ပေါ်လာပြန်ပါသည်။ ယင်းမီခတ်သေနတ်သည် ပေါက်ကွဲအား ပိုမိုကောင်းမွန်သည့်အတွက် မတ်စကတ်အစား အသုံးများလာပြန်ပါသည်။ ပြင်သစ်တ်ေလှန်ရေးနှင့် နပိုလီယန် စစ်ပွဲများတွင် အဆိုပါ မီးခတ်သေနတ်ကို အသုံးပြုခဲ့ကြပါသည်။
ယနေ့ခေတ် အသုံးပြုနေကြသော ပစ္စတိုခေါ် ပြောင်းတိုသေနတ်မျိုးကို စတင်တီထွင်ခဲ့သူမှာ ဆင်မြူရယ်ကော့ (Saumel) အမည်ရှိ အမေရိကန်လူမျိုး သင်္ဘောသားတဦးပင် ဖြစ်ပါသည်။ ကော့တ်သည် ၁၈၃၀-တွင် သင်္ဘောသားအဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရပါသည်။ ထိုခရီးစဉ်တွင် ကော့တ်သည် သင်္ဘော၌ တပ်ဆင်ထားသော ရေယက်ဘီးကို ကြည့်မိရာမှ သေနတ်တွင် ဆုံလည်တပ်ဆင်လိုက်လျှင် ကျည်ဆံများများကို တချိန်တည်း ပစ်နိုင်မည်ဟု တွေးမိပါသည်။ ကော့တ်သည် သူ့အတွေးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ရာ ၁၈၃၆-တွင် မူပိုင်အဖြစ် မှတ်ပုံတင်နိုင်ပြီး ပစ္စတိုသေနတ်၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ ကော့တ်ပြုလုပ်သော သေနတ်များကို ၁၈၃၇-မှစ၍ အမေရိကန်နိုင်ငံတွင် စတင်အသုံးပြုခဲ့ကြပါသည်။
မရှင်းဂန်းခေါ် စက်သေနတ်ကိုမူ ၁၈၆၂-ခုနှစ်တွင် အမေရိကန်လူမျိုး တီထွင်သူ ရစ်ချတ်ဂတ်လင်း (Richard J.Gatling) က စတင်တီထွင်နိုင်ခဲ့ပါသည်။ ဂတ်လင်းတီထွင်သော စက်သေနတ်မှာ ပေါ့ပေါ့ပါးပါး မဟုတ်သော်လည်း တမိနစ်အတွင်း ကျည်ဆန်အတောင့်ရေ ၂၅၀-မှ ၃၅၀-အထိ ပစ်ခတ်နိုင်ပါသည်။ ဂတ်လင်း၏ စက်သေနတ်အမျိုးအစားကို အမေရိကန်ပြည်တွင်းစစ်တွင် အသုံးပြုခဲ့ကြပါသည်။
ယခုအခါတွင် အဆိုပါသေနတ်မျိုးအပြင် တမိနစ်လျှင် အချက်ပေါင်းမြောက်မြားစွာ ကျည်ထွက်နိုင်သော အမ်-၁၆ ကဲ့သို့သော သေနတ်မျိုးလည်း ပေါ်ပေါက်နေပြီဖြစ်ပါသည်။
သေနတ်အမျိုးမျိုး
ခြောက်လုံးပြူး
နှစ်လုံးပြူး
ပစ်စတို
စနိုက်ပါ ရိုင်ဖယ် (Sniper Rifle)
မောင်းပြန်ရိုင်ဖယ် (Automatic Rifle)
ရိုင်ဖယ် (Bolt-action Rifle)
ကာဘိုင်(Carbine)
အူဇီ
ချေမှုန်းရေးရိုင်ဖယ်(Assault Rifle)
ဆီမီးမောင်းပြန်ရိုင်ဖယ်(Semi-automatic Rifle)
စက်သေနတ်
အမ်-၎
အမ်-၁၆
အေကေ-၄၇
ဂျီ-၃
ဂျီ-၃၆
လေသေနတ် (Air Rifle)
Source...လူဗိုလ်ဟူသည်...
Posted by
SK.Lintan
at
3:22 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား ပေါက်ကရများ
[By အဘ ဥက္ကာကိုကို]
တနင်္ဂနွေနေ့လည်ခင်းဟာ မိုးကလေးစိုစိစိုစိနဲ့ အင်မတန်ပျင်းရိဖွယ်ရာအသွင်ကို ဆောင်နေပါတယ်။ သည်းလိုက်၊ စဲလိုက်၊ ဖွဲလိုက် ဖြစ်နေတဲ့ ဇူလိုင်လရဲ့ မိုးရာသီနေ့ရက်ဟာ ကျနော့်ကို အိမ်အတွင်းထည့်ပြီး ထွေးပွေ့ထားပါတယ်။
ညီတွေက “We Were Soldier” ဆိုတဲ့ဇာတ်ကားကို အားတက်သရောထိုင်ကြည့်နေကြရဲ့။ ကွမ်းတစ်ယာ ယာစားနေရင်း တစ်လောက လှည်းတန်းလမ်းဘေးကနေ ကောက်လာခဲ့တဲ့ ကမ္ဘာ့ဖြစ်ရပ်ဆန်းများ စာအုပ်တွေကို ကျနော်သတိရသွားတယ်။ စာအုပ်စင်ကို မွှေနှောက်ပြီး ဆွဲထုတ်လိုက်တဲ့ စာအုပ်သုံးလေးအုပ် ကိုပဲ စိတ်ရှည်လက်ရှည်ထိုင်ဖတ်နေလိုက်ပါတယ်။
ရီရတယ်။ ကမ္ဘာကျော်လူပုဂ္ဂိုလ်ကြီးတွေရဲ့ မြင်ကွင်းနောက်ကွယ်မှာ လူမသိထင်မရှားဖြစ်ရပ်လေးတွေ ကိုယ်စီရှိနေကြပါတယ်။ ရုပ်တည်ကြီးတွေနဲ့ ကမ်းကုန်အောင်ရက်စက်ခဲ့တဲ့ လူဆိုးသွမ်းကြီးတွေဟာလည်း တစ်ချိန်ချိန်မှာတော့ ပေါတောတောကလေးတွေ လုပ်မိခဲ့တယ်ဆိုတာကို ၀မ်းသာအားရတွေ့ရှိလိုက်ရပါတယ်။ အဲဒါနဲ့ပဲ ကျနော်ရဲ့ပုစွန်ဦးနှောက်မှတ်ဥာဏ်လေးထဲမှာ ရှိနှင့်ပြီးသားဖြစ်ရပ်တွေနဲ့ အသစ်တွေ့ရှိလာတဲ့ ဖြစ်ရပ်ကလေးနည်းနည်းပါးပါးကို မသိသေးတဲ့မိတ်ဆွေတွေ ရယ်မောရအောင် စာစီမျှဝေတင်ပြလိုက်ပါတယ်ခင်ဗျား။
အပေါအညံ့ဆုံးရုပ်ရှင်ကား
Robot Monster (1953)
စက်ရုပ်ကြီးတွေက လူဝံ၀တ်စုံကြီးတွေဝတ်ပြီး ရေငုပ်ခေါင်းစွပ်တွေဆောင်းထားတယ်။ ဘယ်ကရောက်လာမှန်းမသိတဲ့ သတ္တ၀ါကြီးတွေကလည်း ပေါ်ပေါ်လာတယ်။ တော်တော်ဆိုးရွားတဲ့ ဇာတ်ကားလို့ ကြည့်သူတိုင်းက သတ်မှတ်ခဲ့ကြတယ်။ ရိုက်ကူးတဲ့ ဒါရိုက်တာကိုယ်တိုင် သူ့ဇာတ်ကားသူ ပြန်ကြည့်ပြီး သတ်သေသွားပါတယ်။
ထူးခြားသော မင်္ဂလာဦးည
မင်္ဂလာဦးညမှာ ခင်ပွန်းက သတို့သမီးကို ရိုးရိုးမဆက်ဆံဘဲ ရေချိုးပေးပြီး လူသေကောင်လိုထားတယ်။ ပြီးတော့ လူသေကောင်လို သဘောထားဆက်ဆံတယ်။ အဲဒါကြောင့် သတို့သမီးလေး ကြောက်ပြီး အမေ့ဆီပြန်ပြေးလာတယ်တဲ့။ ထူးဆန်းပေစွ။
အိပ်လျှင်ထူးခြားသူများ
- ၀င်စတန်ချာချီဟာ ခုတင်နှစ်ခု တပြိုင်တည်းပြင်ထားပြီး ခုတင်တစ်ခုမှာ အိပ်မပျော်ရင် နောက်ခုတင်တစ်ခုကို ပြောင်းအိပ်တတ်ပါတယ်။
- ဘင်ဂျမင်းဖရင့်ကလင်းဟာ တစ်ရေးနိုးတိုင်း ထပြီး အိပ်ရာကို ယပ်ခပ်လေ့ရှိပါတယ်။ အေးသွားရင် ပြန်အိပ်ပါတယ်။
- ဒေါ်ရသီဂိတ်ဂဲလင်း ဟာ အိပ်ဆေးသောက်မှ အိပ်ပျော်ပါတယ်။ ၁၉၆၅ မှာ အိပ်ဆေးလွန်ပြီးသေပါတယ်။
- ကဗျာဆရာ ကစ်ပလင်းဟာ အိပ်မပျော်တဲ့အခါတိုင်းမှာ ပန်းခြံထဲလမ်းလျှောက်ပြီး ““ကျွန်တော်တို့ကို သနားပါ... ကျွန်တော်တို့ကို သနားပါ”” လို့ အော်နေတတ်ပါတယ်။
- ရိုဘယ်မြို့စားကြီးဟာ အိပ်မပျော်တဲ့ရောဂါကြောင့် ဗြိတိသျှဝန်ကြီးချုပ်ဘ၀ကနေ နှုတ်ထွက်ပေးခဲ့ရပါတယ်။
- ဂျက်ကလင်းဆူဆန်ဟာ တစ်နေ့တာလုံး သူမ ရေးသားထားတဲ့ ၀တ္ထုတွေ စာတွေကို ပြန်လည်တည်းဖြတ်နေရင်း အိပ်ပျော်တတ်ပါတယ်။
- ဗင်ဆင့်ဗန်ဂိုးကတော့ ပရုတ်လုံးတွေကို ခေါင်းအုံးနဲ့ အိပ်ရာပေါ် ကြဲချထားမှ အိပ်ပျော်ပါတယ်။
အိပ်လျှင် ဟောက်သူများ
ရောမခေါင်းဆောင် ကာတို၊
ဗြိတိသျှဘုရင် ဒုတိယဂျော့၊
ကန်သမ္မတအေဘရာဟင်လင်ကွန်း၊
အီတလီအာဏာရှင် မူဆိုလီနီ၊
ရောမဘုရင် မားကတ်အောသို့၊
ကန်သမ္မတ ရုစဗဲ့၊
ကန်သမ္မတ ဂျော့ဝါရှင်တန် - တို့ဟာ အိပ်ပျော်စဉ်မှာ အကျယ်ကြီး ဟောက်တတ်သူတွေဖြစ်ပါတယ်။
ကမ္ဘာကျော်ရောဂါသည်များ
- နပိုလီယန်ဟာ လိပ်ခေါင်းရောဂါကြောင့် ၀ါတာလူးစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ရှေ့တန်းကို မြင်းစီးပြီး သွားရောက်မလေ့လာနိုင်တာကြောင့်ပါ။
- ဂျာမန်သီချင်းရေးဆရာကြီး ဗီသိုဗင်
- အမေရိကန်တောပုန်းကြီး အယ်လ်ကပုန်း
- ရှာဖွေတွေ့ရှိသူ ခရစ်တိုဖာ ကိုလံဘတ်
- ပြင်သစ်ပန်းချီဆရာ ပေါလ်ဂေါ်ဂင်
- ဗြိတိသျှ အဋ္ဌမဟင်နရီဘုရင်
- ပြင်သစ် ၁၄ မြောက် လူဝီဘုရင်
- အင်္ဂလန်ဘုရင်မ ပထမမေရီ
- ပြင်သစ် ဧကရာဇ် နပိုလီယန်
- ရုရှားဇာဘုရင်
- ပြင်သစ်က ဖိုမကိစ္စ စာရေးဆရာ မားကွက်ဒီဆေး- တို့ဟာ ဆစ်ဖလစ် ကာလသားရောဂါသည်များဖြစ်ခဲ့ကြပါတယ်။
အောက်ပိုင်းထူးခြားသူများ
- တက္ကဆပ်ပြည်နယ်က မိုင်တယ်ကော်ဘင် ဆိုတဲ့ မိန်းမဟာ ခြေလေးချောင်းပါပါတယ်။ အထက်ပိုင်ကိုးက လူတစ်ယောက်တည်းပေမယ့် အောက်ပိုင်းက နှစ်ယောက်ဖြစ်နေပါတယ်။ သူအိမ်ထောင်ကျပါတယ်။ ကလေးငါးယောက်မွေးပါတယ်။
ပထမ ခန္ဓာကိုယ်က သုံးယောက်ထွက်ပြီး ဒုတိယခန္ဓာကိုယ်က နှစ်ယောက်ထွက်လာတာပါ။
- ကျုးဘားနိုင်ငံသား ဂျင်းဘက်ပတီးဆားဟာ ကျားလိင်တန်နှစ်ခုနဲ့ ခြေထောက်အသေးလေး အပိုနှစ်ခုပါလာပါတယ်။ သူက သူများထက်ဦးနှောက်ကောင်းပြီး လိင်နှစ်ခုပါတာကြောင့် လိင်ဆက်ဆံတဲ့နေရာမှာ အစွမ်းပိုထက်တယ်လို့ ဆိုပါတယ်။
- ဘက်တီဝီလီယန်ဆိုတဲ့ အမျိုးသမီးလေးဟာ ဘယ်ဖက်တင်ပါးတစ်ခု အပိုရှိပါတယ်။ သူ့ချစ်သူက သူ့ကိုမယူဘူးလို့ ပြောတဲ့အတွက် ၂၁ နှစ်အရွယ်မှာ စိတ်ဓာတ်ကျပြီး သေသွားပါတယ်။
- ပြင်သစ်ရဲ့ ၁၆ ယောက်မြောက် လူဝီဘုရင်ဟာ အိမ်ထောင်ကျပြီး ၇ နှစ်အတွင်း လုံးဝ လိင်ဆက်ဆံခြင်းမရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ လိင်တံထိပ်မှာ အဖုကြီးတစ်လုံးပေါက်နေလို့ပါ။ လိင်စိတ်ပေါ်လာတိုင်း အဖုကြီးက တင်းပြီးနာလာပါတယ်။ နောက်ဆုံးမှာ ဆရာဝန်တွေရဲ့ တိုက်တွန်းမှုကြောင့် ခွဲစိတ်ကုသလိုက်ပါတယ်။ အဲဒီတော့မှ သူ အလုပ်ဖြစ်သွားပါတယ်။
- ဗြိတိသျှစာရေးဆရာ ဂျွန်ရပ်စကင်(၁၈၁၉- ၁၉၀၀) ဟာ မင်္ဂလာဦးညမှာ ဇနီးသည်ရဲ့ အမွှေးတွေကိုမြင်ပြီး တစ်သက်လုံး လိင်မဆက်ဆံဘဲ လူပျိုကြီးလုပ်သွားခဲ့ပါတယ်။
- ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာ(၁၈၈၉- ၁၉၅၄) ဟာ ဂွေးစေ့တစ်လုံးတည်းရှိသူဖြစ်ပါတယ်။ သူဟာ လိင်ဆိုင်ရာ အပြာစာအုပ်ရုပ်ရှင်တွေကို တပ်မက်သူပါ။ တစ်ခုသော ခရစ်စမတ်ညမှာ သူ့ရဲ့ လိင်အင်္ဂါကို အမျိုးသမီးတစ်ယောက်က နမ်းလိုက်ပြီးကတည်းက သူဟာ အကြောက်ကြီးကြောက်သွားပါတယ်။ သေကာနီးအချိန်မှာမှ အီဗာ နဲ့ လက်ထပ်ခဲ့တာပါ။
လိင်ကိစ္စနဲ့ အလုပ်များခဲ့သူများ
- ဘီစီ ၄ ရာစုက နီဆရာဆိုတာ သူ့ခေတ်မှာ အလှဆုံးပြည့်ဆန်ဆာပါ။ ဂရိနိုင်ငံမှာ အထူးကျော်ကြားခဲ့တာပေါ့။ တရားရုံးက သူမကို အပြစ်ပေးမယ့်အချိန်မှာ တရားသူကြီးကို သူမက ကိုယ်လုံးတီးချွတ်ပြခဲ့ပါသေးတယ်။ သိပ်နောက်တာပဲ။
- ဘီစီ ၃၀ ခန့်က ကလီယိုပက်ထရာဟာ လိင်ကိစ္စမှာ စံပြပါပဲ။ အသက် ၁၂ နှစ်ကစပြီး လိင်အတွေ့အကြုံရခဲ့သူပါ။ ၃၈ နှစ်အထိ အပျော်ကြူးပြီးနောက် ကိုယ့်ဘာသာပဲ သတ်သေလိုက်ပါတယ်။
- ၁၇ ရာစု အစောပိုင်းက အင်ဂိုလာနိုင်ငံ ဇင်ဂွာဘုရင်မဟာ သူမရဲ့ ကျွန်တွေကို ခြေထောက်ရိုက်ချိုးပါတယ်။ ခြေမသန်တဲ့ ယောက်ကျားတွေဟာ လိင်ကိစ္စမှာ ပိုသန်စွမ်းတယ်လို့ သူမက ခံယူထားလို့ပါ။
ဘုရင်မဟာ ယောက်ျားနှစ်ယောက်ကို သတ်ဖြတ်ယှဉ်ပြိုင်တဲ့ပွဲတွေ ကျင်းပပြီး အနိုင်ရသူနဲ့ အိပ်ပါတယ်။ တစ်ညလုံးမရပ်မနားအိပ်ပြီး မနက်လင်းတာနဲ့ အဲဒီလူကို သေဒဏ်ပေးပါတယ်။ ကြောက်စရာကြီးပါ။
- လန်ဒန်မြို့စားကြီး ၀ီလီယန်ဒေါက်ကလပ်ဟာ သူ့အိမ်ရှေ့က ဖြတ်သွားတဲ့ မိန်းမတွေကို လှမ်းလှမ်းခေါ်ပြီး ငွေတွေ နင့်နေအောင်ပေးကာ လိင်ဆက်ဆံတတ်သူပါ။
- ၁၈ ရာစုနှောင်းပိုင်းက ရုပ်ရှင်မင်းသမီး မောဝက်စ် ဟာလည်း လိင်စံပြတစ်ဦးပါပဲ။ သူမရဲ့ ဘ၀အတ္တုပ္ပတ္တိကို ဘယ်အချိန်မှာရေးသလဲလို့ သတင်းထောက်တွေက မေးတဲ့အခါ ကျွန်မအိပ်ရာပေါ်မှာပဲရေးခဲ့တာပါလို့ ပြန်ဖြေခဲ့တဲ့မင်းသမီးဟာ အသက် ၈၀ အထိ သောင်းကျန်းခဲ့ပါတယ်။
- ဆော်ဒီဘုရင် ဗစ်တာအီမယ်နုရယ် (၁၈ရာစု) ဟာ ပြင်သစ်နိုင်ငံကို ဧည့်သည်တော်အနေနဲ့သွားရောက်ခဲ့ပါတယ်။ အဲဒီမှာသူဟာ ပြင်သစ်အမျိုးသမီးတွေ အတွင်းခံဘောင်းဘီမ၀တ်ဘူးဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ တစ်သက်လုံး အဲဒီအကြောင်း ကို သူပြောလို့မဆုံးတော့ပါဘူးတဲ့။
- ဗြိတိသျှစာရေးဆရာ လူဝီကာရေးဟာ အရွယ်မရောက်သေးတဲ့ ကောင်မလေးတွေကို အ၀တ်မပါဘဲ ဓာတ်ပုံရိုက်ရတာ တော်တော်ဝါသနာပါသူဖြစ်ခဲ့ပါတယ်။
ထူးဆန်းတဲ့ သေဆုံးမှုတွေ
(၁) ဥရောပ တစ်ခုလုံးကို ကျုးကျော်တိုက်ခိုက်သိမ်းယူခဲ့တဲ့ အတီလာသီဟန် (၄၀၆-၄၅၃) ဟာ လိင်ဆက်ဆံရင်း အသက်ထွက်ပါတယ်။
(၂) ပြင်သစ်သမ္မတ ဖိလစ်ဖော်ရီ(၁၈၄၁-၁၈၉၉) ဟာ လိင်ဆက်ဆံနေရင်း နှလုံးဖောက် သေပါတယ်။
(၃) အမည်မဖော်သင့်ဘူးလို့ဆိုတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦးကတော့ သူတပါးမယားတစ်ယောက်ကို မုဒိမ်းကျင့်နေတုန်း အသက်ထွက်သွားပါတယ်။
ကမ္ဘာကျော်အခြောက်များ
ဆိုကရေးတီး၊ အရစ္စတိုတဲလ်၊ ဂရိဘုရင် အလက်ဇန်းဒါးသည်ဂရိတ်၊ ရောမဘုရင် ဂျုးလိယက်ဆီဇာ၊ ပန်းချီဆရာလီယိုနာဒိုဒါဗင်ချီ၊ ရုရှားဇာဘုရင်ပီတာ၊ ဗြိတိသျှပြဇာတ်ဆရာ အော်စကာဝိုင်း တို့ဟာ ကမ္ဘာကျော်အခြောက်တွေဖြစ်ကြပါတယ်။
-
ဖဲသမားကြီးများ
- နပိုလီယန်ဟာ ၀ါတာလူးစစ်ပွဲမှာ အဖမ်းခံရပြီး အကျယ်ချုပ်ဘ၀မှာ လုပ်စရာမရှိတာနဲ့ အကျွမ်းကျင်ဆုံးဖဲသမားကြီးဖြစ်လာခဲ့ပါတယ်။
- အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါးဟာလည်း ဖဲသမားကြီးပါ။
- ဗိုလ်ချုပ်ကြီး နာသန်ဖောရက်ဆိုသူဟာ ပိုကာဒေါင်းရင်း ဒေ၀ါလီခံလိုက်ရပါတယ်။ ဒေါ်လာ ၁၀ကို အရင်းငွေပြုပြီး လူပြန်ဖြစ်ခဲ့ရပါတယ်။
- အမေရိကန်သမ္မတ ၀ါရင်ဟားဒင်းလက်ထက်မှာ ထိပ်သီးခေါင်းဆောင်ငါးယောက်ဟာ အိမ်ဖြူတော်မှာ သမ္မတနဲ့အတူ ပိုကာဆွဲလေ့ရှိပါတယ်။ ပြဿနာတစ်ခုပေါ်လာတော့ နှစ်ယောက်က ထောင်ကျပြီး တစ်ယောက်က သတ်သေသွားပါတယ်။
- အမေရိန်ကန်သမ္မတ ရုစဗဲ့ဟာ ပိုကာဒေါင်းနေရမှ ကျေနပ်သူပါ။ တစ်ခါကတော့ ရေဒီယိုမိန့်ခွန်းပြောရမှာကို ဖဲကစားရင်းတန်းလန်းထပြောတဲ့အတွက် ကုလားဖန်ထိုးတဲ့အသံတွေပါ ရေဒီယိုကလွှင့်တဲ့အထဲပါသွားတာကို ပြည်သူတွေက နားဆင်ခဲ့ရပါတယ်။
- ရောဘတ်ကူမင်းဆိုတဲ့ အမေရိကန်သံအမတ်ဟာ အင်္ဂလန်နန်းတော်ထဲက မူးမတ်တွေနဲ့ ဆွေတော်မျိုးတော်တွေအားလုံးကို ပိုကာဒေါင်းနည်းသင်ပေးခဲ့သူပါ။
- စာရေးဆရာကြီး တော်စတွိုင်းနဲ့ သမ္မတထရူးမင်းတို့ဟာလည်း ဖဲသမားအကျော်အမော်တွေပါ။
အရက်သမားကြီးများ
- အင်္ဂလန်ရဲ့ အဋ္ဌမမြောက်အွက်ဒွက်ဘုရင်ဟာ ၁၉၃၆ ဒီဇင်ဘာလမှာ ဘရန်ဒီအသောက်လွန်ပြီး သတိမေ့သွားတယ်။ အစာအိမ်ထဲကအရက်ကို ပြန်စုပ်ထုတ်လိုက်မှ သတိရပါတယ်။
- ဂျိုအာကွင်းမီလာဆိုတဲ့ ကမ္ဘာကျော်ကဗျာဆရာဟာ မူးလာရင် လူတွေရဲ့ခြေထောက်ကို ခွေးလိုဟောင်ပြီး လိုက်ကိုက်တတ်ပါတယ်။ ဆေးပြင်းလိပ်သုံးလိပ်ကို တပြိုင်တည်းသောက်ပြပါတယ်။ အဲဒီလိုသတ္တိကို သူဟာ ၀ီစကီကရတယ်လို့ ဆိုပါတယ်။
- အမေရိကန်က သတင်းဂျာနယ်အယ်ဒီတာ အမ်ဘရိုးဆီးယက်စ်ဟာ အရက်အသောက်လွန်ပြီး မက္ကဆီကိုနိုင်ငံအတွင်း ပျောက်ကွယ်သွားပါတယ်။
- ရှားဝတ်အင်ဒါဆင်ကို သူရေးတဲ့ဝတ္တုတိုတွေကြောင့် ကမ္ဘာကလေးစားရပါတယ်။ သူက အရက်သောက်ထားမှ စာရေးလို့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၁၉၄၁ ခုနှစ်မှာ သွားကြားထိုးတံကို မျိုချမိပြီး အူပေါက်သေသွားပါတယ်။
- စာရေးဆရာ စတီဖင်ကရိန်းဟာ အရက်ကိုရေလိုသောက်ရင်းနဲ့ ဖာခန်းထောင်ထားတဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားပါတယ်။
- ၁၉၀၃ ခုနှစ်ကစပြီး အကဘုရင်မအဖြစ်ကျော်ကြားခဲ့တဲ့ အိုင်ဆာဒိုရာဒတ်ကင်ဟာ အရက်မူးလာတိုင်း အ၀တ်အစားချွတ်ပြီး ကတတ်ပါတယ်။
- ဂျော့စတေတာလင်ဆိုတာ ကဗျာဆရာပါ။ ကဗျာစာအုပ်ဆယ်အုပ်တွဲကို တည်းဖြတ်ခဲ့သူပါ။ ““အရက်သည် လူကို ပျော်ရွှင်စေသည်။ စိတ်ညစ်စရာကိုမေ့ပျောက်စေသည်”” လို့ဟောပြောရာကနေ နာမည်ကျော်လာပါတယ်။ ၁၉၆၂ ခုနှစ်မှာ သူ့ကိုယ်သူ သတ်သေသွားပါတယ်။
ဆေးလိပ်သမားများ
- ၀င်စတန်ချာချီ(ဗြိတိသျှနန်းရင်းဝန်)ဟာ တစ်နေ့ကို ဆေးပြင်းလိပ် ၁၅ လိပ်သောက်ပါတယ်။
- အမေရိကန်ပြည်တွင်းစစ်ကာလက ဗိုလ်ချုပ်နဲ့သမ္မတလည်းဖြစ်သူ ယူလီးဆီးဂရန့်ဟာ စစ်ပွဲဖြစ်နေတုန်း တစ်နေ့ကို ဆေးပြင်းလိပ် ၂၄ လိပ်သောက်ပါတယ်။ ၁၈၆၂ ခုနှစ်မှာ စစ်ပွဲအောင်နိုင်တော့ ပြည်သူလူထုက သူ့ကို ဆေးပြင်းလိပ် တစ်သောင်းတစ်ထောင်ကျော် လက်ဆောင်ပေးကြပါတယ်။
- ဆာအိုင်းဆက်နယူတန်ဟာ ဘေးမှာရှိတဲ့ သူ့မိန်းမရဲ့ လက်ကို ရုတ်တရက်ဆွဲယူပြီး ဆေးလိပ်မီးဖိတ်သတ် တတ်ပါတယ်။ မကြာခဏပါတဲ့။
- ဗြိတိသျှဒေသသစ်ရှာဖွေသူ သမိုင်းဆရာ ဆာဝါလတာရီလေး ဆေးတံသောက်ပြီးအိပ်နေတာကို သူ့တပည့်က သူ့ဆရာမီးလောင်ခံနေရပြီထင်ပြီး ရေပုံးနဲ့ပြေးလောင်းပါတယ်။ ဒါလည်း မကြာခဏပါပဲတဲ့။
- အမေရိကန်စာရေးဆရာ မတ်တွိုင်းဟာ ဆေးပြင်းလိပ်သမားပါ။ ““ဆေးလိပ်ဖြတ်ရတာ သိပ်လွယ်ပါတယ်။ ကျနော်ဆေးလိပ်ဖြတ်ခဲ့တာ အကြိမ်တစ်ရာမကရှိပြီ”” လို့ သူက ပြောပါတယ်။
ဆက်လက်ဖော်ပြပါမည်....
(မှတ်ချက်။ ။ ဟုတ်ရဲ့လားဆိုသော မေးခွန်းအား မမေးပါရန် ကြိုတင်သတိပေးပါသည်။ တကယ့်ဖြစ်ရပ်မှန်များဖြစ်ပါ၏)
မောင်ဥက္ကာ
Source...လူဗိုလ်ဟူသည်....
Posted by
SK.Lintan
at
3:11 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
သားသမီးများနှင့် ဆက်ဆံရာဝယ်
သင်တန်းနည်းပြက ကလေးငယ်လေးတွေနဲ့ ဆက်ဆံရာမှာ sensitivity, give and take, reassurance ဆိုတဲ့ အချက်သုံးချက်ကို ဂရုစိုက်ရမယ် ဆိုပါတယ်။
(၁) sensitivity ဆိုတာက ကလေးငယ်လေးတွေရဲ့ လိုအပ်ချက်လေးကို သတိထားမိနေတာ၊ အတူတူပျော်ရွှင်ဖွယ် လုပ်ငန်းဆောင်တာတွေလုပ်တာနဲ့ တယောက်နဲ့တယောက်ရဲ့ ဘ၀ကမ္ဘာလေးတွေကို မျှဝေတာ ဖြစ်ပါတယ်။ ကျွန်မတို့ လူကြီးတွေက တခါတလေ ကလေးငယ်လေးတွေ ဘယ်လိုတွေးတယ်ဆိုတာကို ထည့်မစဉ်းစားတတ်ကြပါဘူး။ ကိုယ်ဖြစ်စေ ချင်တာတွေ၊ ကိုယ်လုပ်စေချင်တာတွေကိုသာ အတင်းအကြပ် တွန်းအား ပေးတတ်ကြပါတယ်။ ကလေးငယ်လေးတွေက မေးလာတဲ့ မေးခွန်းတွေကိုလဲ ဂရုတစိုက် ပြန်ဖြေဖို့ အားနည်းတတ်ကြသလို သူတို့ပြောတာလေးတွေကိုလဲ ကိုယ့်ရဲ့ စိတ်နဲ့နှိုင်းပြီး ပြန်ပြောတတ်ကြပါတယ်။
အောက်က မေးခွန်းလေး တချို့ကို ဖြေကြည့်ပါနော်။ သင်တန်းမှာ ဖြေခဲ့ရတဲ့ မေးခွန်းလေးကို ဘာသာပြန်ပေးတာပါ။
(၁) တကယ်လို့ သင့်ကလေးက သူ့ကုတင်အောက်မှာ monster ရှိတယ်လို့ ပြောရင် သင်ဘယ်လို ပြန်ပြောမှာလဲ။
(က) ကုတင်အောက်က monster ကို ဘာမှစိတ်ပူစရာမရှိဘူး။ တကယ်စိတ်ပူရမှာက အိမ်ထဲကို သူခိုးရောက်လာမှာပဲ စိတ်ပူရမှာ။
(ခ) ဘာတွေလျှောက်ပြောနေတာလဲ။ အသုံးမကျတာတွေ တွေးမနေနဲ့။ ရှိစရာလား။
(ဂ) ဟုတ်လား။ ဒါဆို မေမေတို့ monster လိုက်ရှာရအောင်။
မိဘတယောက် အရွေးချယ်သင့်ဆုံးအဖြေကတော့ (ဂ) ဖြစ်ပါတယ်။ နှစ်ယောက်စလုံးအတွက် ပျော်စရာ ဂိမ်းလေးတခုဖြစ်လာနိုင်ပါတယ်။
(၂) သင်အပြင်မှာ ကလေးနဲ့တူတူ လမ်းလျှောက်နေတုန်း ကလေးက ကောင်းကင်ကို ထိုးပြပြီး၊ spaceship ကြီးရှိတယ်လို့ ပြောလာရင် သင်ဘာပြန်ပြောမှာလဲ။
(က) ဟယ်ဟုတ်လား။ ကမ္ဘာတွေအချင်းချင်းတိုက်တဲ့ စစ်ကြီး ဖြစ်နေပြီလားမသိဘူး။
(ခ) လျှောက်ပြောမနေနဲ့။ အဲဒါတွေက တီဗွီထဲမှာပဲရှိတာ။ အပြင်မှာ တကယ်မရှိဘူး။
(ဂ) (သူနဲ့ ဆက်ကစားဖို့ ကြိုးစားမယ်) ဟုတ်လား။ ဘယ်ကရောက်လာတာလဲ။
မိဘတွေ ဖြေသင့်တဲ့ အဖြေကတော့ (ဂ) ဖြစ်ပါတယ်။ ကလေးလေးတွေက ပုံပြင်ပြောတာ ၀ါသနာပါပါတယ်။ တချို့ မိဘတွေက လုပ်ကြံပြောတတ်သွားမှာကို စိုးရိမ်ပြီး၊ ဟန့်တားတတ်ကြတယ်။ အရွယ်ရောက်လာတဲ့အခါမှာ အလိုလိုနားလည်သွားမှာစိုးလို့ ပူပင်စရာမလိုပါဘူး။ သူတို့ရဲ့ ဥာဏ်ရည် တိုးတက်မှုအတွက်၊ တီထွင်စဉ်းစားဥာဏ် ပေါ်လာအောင် အကူအညီပေးသင့်ပါတယ်။
အဓိကကတော့ ကလေးတွေရဲ့ လိုအပ်ချက်ကို သတိပြုမိနေရပါမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ အဖြစ်အပျက်လေး တခုရှိပါတယ်။ ကျွန်မအမေက အရာတော်တော်များများမှာ ကျွန်မလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပေမယ့်၊ ကျွန်မလိုချင်တာတခုနဲ့က မကိုက်ညီဖူး ဖြစ်နေခဲ့ဘူးတယ်။ မေမေက ထမင်း၊ ဟင်းကို တခါမှ ချက်ဖူးတာမဟုတ်ဖူး။ ဒီတော့ ကျွန်မက အိမ်က အဖွားတို့ရဲ့လက်ရာတွေ၊ အိမ်ဖော်လက်ရာတွေပဲ စားရတယ်။ ငယ်ငယ်တုန်းကတော့ လိုချင်ရင်တဇွတ်ထိုး ဖြစ်တတ်တဲ့ ကျွန်မဟာ ဒီကိစ္စအပေါ်မှာလဲ ဇွတ်တရွတ်ဖြစ်နေခဲ့တယ်။ မေမေ့လက်ရာစားချင်တယ်။ ဒါပေမယ့် ကျွန်မကလဲ တိုက်ရိုက်ဖွင့်မပြောဘူး။ ဒါတွေစားရတာ ရိုးနေပြီလို့ပဲ မသိမသာပြောတယ်။ သူငယ်ချင်းတွေကို သူတို့အမေတွေက ဘာတွေချက်ကျွေးတယ်ဆိုပြီး ပြောတယ်။ ဒီတော့ မေမေက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ ခေါ်သွားပါလေရော။ ကျွန်မပြောတဲ့ ဟင်းမျိုးတွေပါပဲ။ မရရအောင်ကို ရှာဖွေကျွေးမွေးတယ်။ ဆေးရုံက နမ့်စ်တွေကိုတောင် ချက်ခိုင်းလိုက်သေးတယ်။ ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်နဲ့။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်တိုင်းကိုမကျဘူး။ ကျွန်မကလဲ မပွင့်လင်းဘူး။ မေမေကလဲ သဘောမပေါက်ဘူး။ ဒါကို ကျွန်မကလဲ နည်းမျိုးစုံနဲ့ ဂျီတိုက်တယ်။ စားသောက်ဆိုင်တွေမှာ ဟင်းဆယ်မျိုးလောက်မှာပြီး တို့ကနန်း၊ ဆိတ်ကနန်း စားတာမျိုးလဲလုပ်ရဲ့။ ကိစ္စမရှိဘူး။ မေမေ့နာမည်နဲ့ ထားထားပစ်ခဲ့တာဆိုတော့ ဒီလောက်ဖြုန်းရလားဆိုပြီး ပြောများပြောမလားပေါ့။ အဲလိုပြောလာရင်တော့ “မဖြုန်းစေချင်ရင် မေမေချက်ကျွေး” ဆိုပြီး ပြန်ချွဲမယ်ပေါ့။ ဒါကို မေမေက မေးလဲတခါမှ မမေးဘူး။ သိပ်ခက်တာပဲ။
အဲဒီပြဿနာက ဘယ်တော့မှ ပြီးသွားလဲဆို ကျွန်မဆေးကျောင်း ဒုတိယနှစ်မှာ တနေ့မေမေ မန္တလေးရောက်လာတယ်။ အဲဒီတုန်းက ကျွန်မက ကျောင်းနားက မင်္ဂလာဈေးအပေါ်ထပ် ကွန်ဒိုတိုက်ခန်းမှာ နေတယ်။ ညနေဘက်ဆိုရင် တပည့်တွေအိမ်သွား စာသင်ပေးနေတော့ ကျွန်မစားရေးသောက်ရေးက မပူရတာမို့ အိမ်မှာအဖော်မခေါ်ထားဘူး။ တယောက်တည်း အေးအေးဆေးဆေးနေချင်လို့ကို အိပ်ခန်းသုံးခန်းရှိပေမယ့် သူငယ်ချင်းတွေနဲ့တောင် ရှယ်ယာ လုပ်မနေဘူး။ မေမေခဏလာလည်တော့ သားအမိနှစ်ယောက် တူတူစားရအောင်ဆိုပြီး တပည့်တွေဆီမှာ မစားတော့ဘူး။ ကျွန်မပြန်မလာခင် မေမေက အနီးတ၀ိုက်ဆိုင်တွေဆီက သွားဝယ်ထားပေးတယ်။ အဲဒီနေ့ညနေကတော့ ကျွန်မဘာဖြစ်တယ်မသိဘူး။ မေမေ့အတွက်ပေးထားတဲ့ တိုက်ခန်းသော့အပိုကိုပါ ယောင်နနနဲ့ ကောက်ထည့်သွားခဲ့မိတယ်။ မေမေကလဲ ထွက်လို့မရတော့ ကျွန်မပြန်လာရင် ဆာနေမှာပဲဆိုပြီး၊ အဆင်သင့်အိမ်မှာရှိတာလေးကို သူတတ်သလို စီမံထားလေရဲ့။ အိမ်ပြန်ရောက်တော့မှ မေမေအခန်းထဲ ပိတ်မိနေတာ သိတော့တယ်။ ကျွန်မဆိုတာကလဲ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေးတောင် ပေးထားခဲ့တဲ့သူ မဟုတ်ဘူး။ အဲလိုနဲ့ အိမ်ပြန်ရောက်တော့ စားစရာ ကြက်ဥပြုတ်လေးကတော့ အဆင်သင့်ပဲ။ (အဲဒီကြက်ဥလဲ ကြက်ဥကို ဟင်းချက်တတ်လို့၊ ကြော်တတ်လို့ အိမ်မှာရှိနေတယ် မထင်ကြပါနဲ့။ ခေါက်ဆွဲပြုတ်ထဲ ထည့်ဖောက်သောက်ဖို့ ၀ယ်ထားတာလေးပါ)။ ဘာပဲပြောပြော အဲဒီနေ့က ကျွန်မတော်တော်ပျော်သွားတယ်။ ကြက်ဥပြုတ်အခွံကို တူတူထိုင်ခွာနေကြရင်း ကျွန်မတို့ သားအမိကြားက တံတိုင်းတခု ပြိုကျသွားသလိုပဲ။
တခါတလေ မိဘနဲ့သားသမီးကြားမှာ ဘာမဟုတ်တာလေးတွေနဲ့ အဲလိုလေးတွေ ရှိတတ်တယ်။ ခရီးသွားချင်တယ်ဆိုတိုင်း ပိုက်ဆံအုပ်တွေပဲ ပေးနေတဲ့ မိဘကို စိတ်ကောက်တဲ့ သူငယ်ချင်းတယောက်လဲ ရှိဖူးတယ်။ အမှန်တော့ သူသွားချင်တာက ရန်ကုန်ကနေ သန်လျင်လောက်ပဲဖြစ်ဖြစ် မိဘတွေနဲ့ တူတူသွားဖူးချင်တာ။ သူပြောလိုက်တိုင်း သူငယ်ချင်းတွေနဲ့ပဲသွား၊ ဘယ်ကားယူသွားဆိုပြီး၊ ငွေစက္ကူတွေပဲ အုပ်လိုက်ထုတ်ပေးနေတဲ့ မိဘကို သူအရမ်းပေါက်ကွဲနေခဲ့တယ်။ ဒီနေ့ ညနေသင်တန်းမှာ ဆွေးနွေးကြတော့ သားသမီးတွေရဲ့ လိုအင်ဆန္ဒလေးတွေကို သတိမူမိတတ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ပေါ်မှာ ဒီကိစ္စလေးတွေကို ကျွန်မပြောပြဖြစ်ခဲ့တယ်။
၂။ Give and Take ဆိုတာကကျတော့ မိဘနဲ့ ကလေးနဲ့အကြား အလဲအလှယ်တခု၊ ညှိနှိုင်းမှုတခု လုပ်ကြတာမျိုးပါ။ လူကြီးတွေက ကလေးငယ်တွေကို တဘက်သတ်အနိုင်ကျင့်တတ်ကြပါတယ်။ “စာကျက်ရမယ်” လို့ ခြိမ်းချောက်ပြောဆိုတတ်ကြတယ်။ စာရရင် ဘာလုပ်ပေးမယ် ဆိုတာမျိုးကို ကျတော့ ပြောလေ့မရှိတတ်ကြဘူး။ ချီးမွမ်းပြောဆိုဖို့ကျတော့လဲ မေ့နေတတ်ကြတယ်။ အမှန်တော့ “တော်လိုက်တာ” ဆိုတဲ့ ချီးမွမ်းစကားလုံးလေးတခုဟာ ကလေးငယ်လေးတွေသာမက လူကြီးတွေအတွက်ပါ လိုအပ်တဲ့ အသုံးအနှုံးတခုပါ။ လူတွေရဲ့ ဘ၀များစွာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
အောက်က ဥပမာလေးကို ဖြေကြည့်ရအောင်ပါ။
(၁) သင့်ကလေးက တီဗွီက သူကြိုက်တဲ့ အစီအစဉ်လေးကို ကြည့်ချင်တယ်လို့ ပြောလာရင် ဘာပြန်ပြောမလဲ။
(က) ညနေစာကို ကောင်းကောင်းစားရင်၊ သားကြည့်ချင်တာ ကြည့်ရမှာပေါ့။
(ခ) သားအခန်းကို သန့်သန့်ရှင်းရှင်းလေး တပတ်ထားရင်တော့ ဒီအခွင့်အရေးရနိုင်မှာပါ။
(ဂ) တနေ့လုံးသားကိစ္စနဲ့ချည်းပဲ၊ မေမေအလုပ်ရှုပ်နေတာ။ မေမေကြိုက်တာလေး ကြည့်ပါရစေဦး။ မေမေ့အလှည့်ရောက်ပြီ။
မိဘတွေအနေနဲ့ ရွေးသင့်တာက အဖြေ (က) ကို ဖြစ်ပါတယ်။ ဒီဥပမာလေးနဲ့ ဆိုရင်တော့ လွယ်တယ်ထင်ရပေမယ့် တကယ်တမ်းကျတော့ ကလေးတွေနဲ့ ပြိုင်လုနေတတ်တဲ့ မိဘတွေအများကြီး ရှိပါတယ်။ တကယ်ကိုပါ။ ကလေးတွေနဲ့ တီဗွီချယ်နယ်ထိုင်လုနေတဲ့ လူကြီးတွေအများကြီးကို တွေ့ဖူးပါတယ်။ အရေးကြီးဆုံးကတော့ ကလေးတွေရဲ့ စိတ်ကို နားလည်ပြီး အပေးအယူလုပ်တတ်ဖို့ပါပဲ။
မြန်မာပြည်တုန်းက ကျွန်မက စာသင်တော့ တပည့်ပေါင်းများစွာနဲ့ သူတို့ရဲ့ မိဘပေါင်းများစွာကို တွေ့ဖူးပါတယ်။ ကလေးတွေကို အပေးအယူ မလုပ်တတ်ကြပါဘူး။ နံနက် ခုနစ်နာရီကနေ ညဆယ့်နှစ်နာရီအထိ စာဖတ်၊ စာသင်နေရတဲ့ ကလေးတယောက်ရဲ့ ဘ၀ကို မစာနာတတ်ကြပါဘူး။ မြန်မာပြည်မှာက ဆေးနဲ့ စက်မှုဆိုတာကို ကလေးတွေထက် မိဘတွေက ပိုရူးသွပ်နေကြပါတယ်။ ဆေးကျောင်းနဲ့ စက်မှုကို မရောက်ရင်ပဲ လူတယောက်ရဲ့ ဘ၀တခုလုံး မြောင်းထဲရောက်သွားမတတ် ပြောဆိုပြုမူနေကြပါတယ်။ ကလေးတွေကို အမှတ်များအောင် အတင်းဖိအား ပေးနေကြပါတော့တယ်။ ကလေးဆိုတာက သူ့စိတ်ဝင်စားမှုနဲ့သူ၊ သူ့ဥာဏ်ရည်နဲ့သူပါ။ တကယ်တော့ ကမ္ဘာလောကကြိးမှာ ဆရာဝန်နဲ့ အင်ဂျင်နီယာတွေပဲ လိုအပ်တာမဟုတ်ပါဘူး။ ဒီလိုရူးသွပ်မှုရဲ့ ရလာဒ်ကတော့ ဆရာဝန်မလုပ်သော ဆရာဝန်ဘွဲ့ရများနဲ့ အင်ဂျင်နီယာမလုပ်သော အင်ဂျင်နီယာပေါင်းများစွာ ပေါ်ထွက်နေခြင်းပါပဲ။ သူတို့ဘ၀ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းပစ်ရုံသာမက၊ တကယ် အရည်အချင်းရှိပြီး အမှတ်အနည်းငယ် ကပ်လွဲသွားတဲ့ ဆရာဝန်ဘ၀ကို တကယ်လိုချင်သူတွေရဲ့ အခွင့်အလမ်းတွေကိုပါ လျော့ကျသွားစေနိုင်ပါတယ်။ ပိုပြီးဆိုးတာက ဒီလို ဆရာဝန်မလုပ်တဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာမလုပ်တဲ့ အင်ဂျင်နီယာတွေဟာ တခြားဘာသာရပ်တွေမှာသာ စိတ်ဝင်စားရာ လုပ်ခွင့်ရခဲ့ရင်၊ ရလာနိုင်မယ့် လူ့စွမ်းအား အရင်းအမြစ်တွေကိုပါ ဆုံးရှုံးသွားနိုင်တာပါပဲ။ ပညာရပ် တွေကို သင်ယူပြီး၊ အသုံးမပြုတာဟာ ပတ္တမြားကျောက်လေးတွေကို မြေကြီးတွင်းတူးပြီး မြှုပ်ပစ်နေတာနဲ့ အတူတူပါပဲ။
ဒါပေမယ့် ကျွန်မမိဘများအပါအ၀င် မြန်မာပြည်က မိဘအများစုကတော့ ဒီဆရာဝန်၊ အင်ဂျင်နီယာဆိုတာကြီးကို အတော်ပဲ ရူးသွပ်ခုံမင်ကြပါတယ်။ ကလေးတွေနဲ့ အပေးအယူ မရှိတော့ပါဘူး။ မိဘတွန်းအားတွေများလွန်းလို့ မိဘနဲ့ သားသမီးကြား ဘယ်လိုမှ ညှိယူလို့ မရနိုင်တော့တဲ့ ပဋ္ဋိပက္ခလေးတွေ အများကြီးကို ဆရာမတယောက်အနေနဲ့ တွေ့မြင်ခဲ့ရဖူးပါတယ်။ ကြားကနေ ညှိနှိုင်းဖို့ ကြိုးစားပေးခဲ့ရတာလဲ အများကြီးပါပဲ။ အောင်မြင်တာလဲရှိ၊ မအောင်မြင်တာလဲ ရှိပါတယ်။ ကလေးမလေး တယောက်ဆိုရင် ၀ါသနာပါတာက ပန်းချီပါ။ ပန်းချီပုံလေးတွေ တခါတလေ ဆွဲလေ့ရှိတယ်။ ဒါကို လုပ်ငန်းရှင်မိဘက လုံးဝအသိအမှတ် မပြုပါဘူး။ သူတို့မိတ်ဆွေ သားသမီးတွေ အားလုံးက ဆေးကျောင်းမှာမို့ ဆေးကျောင်းပဲ ၀င်စေချင်တယ်တဲ့။ စာသင်တဲ့ အတွေ့အကြုံများအရ ဒီကလေးမ ဆေးကျောင်းဝင်မယ့် အမှတ်ရမှာ မဟုတ်ဘူးဆိုတာ ကျွန်မသိနေတယ်။ ဒါပေမယ့် သူ့မိဘတွေကျေနပ်အောင် စက်မှုတော့ဝင်အောင် ကြိုးစားပေးပါမယ်ဆိုပြီး ကျွန်မတာဝန်ယူ စာပြပေးတယ်။ ဆယ်တန်းဖြေပြီးရင် ပန်းချီပြပွဲတွေ လိုက်ပို့ပေးမယ်ဆိုပြီး စည်းရုံးတယ်။ အချိန်ဇယားတွေ ဆွဲပေးထားတာမှာ တပတ်တခါလောက် အေးအေးဆေးဆေး သူဆွဲချင်တာလေးတွေ ဆွဲနိုင်အောင် ကိုယ်ပိုင် အချိန်တချို့ လျှော့ထားပေးတယ်။ သူဆွဲထားတဲ့ ပုံလေးတွေကို ချီးကျူးပေးတယ်။ လောကမှာ ဆရာဝန်စာရေးဆရာမ၊ အင်ဂျင်နီယာ ကဗျာဆရာ၊ စီးပွားရေးလုပ်ငန်းရှင် အနုပညာသည်တွေလဲ အများကြီးရှိနေတာ၊ ၀ါသနာနဲ့ အသက်မွေးဝမ်းကျောင်းတွေကို တွဲစပ်လုပ်လို့ရတာတွေကို ပြောပြပေးတယ်။ အားလုံး ချောချောမွေ့မွေ့ပါပဲ။ ပြဿနာကတော့ သူ့အဖေကြီးကြောင့် ဖြစ်ရတာ။ စာမေးပွဲဖြေခါနီး တရက် သူဆွဲထားတဲ့ ပန်းချီပုံလေးတွေ တွေ့သွားပြီး၊ ဖြဲဆုတ်လွှင့်ပစ် သောင်းကျန်းပါရောတဲ့။ နောက်ဆုံးဘာဖြစ်လဲ။ ကလေးမက နောက်ဆုံးနေ့ဘာသာကို တမင်ကိုခြစ်ချခဲ့တယ်။ မိဘကို အရွဲ့တိုက်ပစ်လိုက်တာလေ။ ကျွန်မကိုလာပြောတဲ့ ကလေးကိုကြည့်ပြီး ကျွန်မသူ့ကိုဆူရမလား၊ သူ့အဖေကို သွားဆူရမလား မစဉ်းစားတတ်နိုင်ခဲ့အောင်ပဲ။ သိပ်တင်းကြပ်လွန်းတဲ့ အိမ်မှာမနေနိုင်ပဲ အဲဒီညီမလေး စောစောစီးစီး အိမ်ထောင်ကျသွားတယ်။ ယောက်ျားနောက်ကို လိုက်ပြေးသွားတာ။ တချိန်မှာ ပန်းချီဆရာမလေး ဖြစ်မဖြစ်မသိတော့ဘူး။ သိတာကတော့ ပန်းချီဆရာမလောင်းလျာ၊ အင်ဂျင်နီယာလောင်းလျာ ကျောင်းသူတယောက်ရဲ့ ဘ၀ အလဟဿဖြစ်သွားခဲ့တယ်။ မိဘတွေဟာ သားသမီးတွေနဲ့ အပေးအယူ လုပ်ရမယ်ဆိုတာကို ဒီနေ့သင်တန်းမှာ ဆွေးနွေးကြတော့ ဒီဥပမာလေးကို ကျွန်မပြောပြဖြစ်ခဲ့တယ်။
၃။ Reassurance ဆိုတာကတော့ စိတ်ညစ်နေတဲ့၊ နာကျင်မှုခံစားနေရတဲ့၊ စိတ်ရှုပ်ထွေးနေတဲ့ ကလေးတယောက်ကို ဘယ်လောက်ထိ နှစ်သိမ့်မှုပေးနိုင်မလဲ၊ ကူညီထောက်မမှုပေးနိုင်မလဲ ဆိုတာပါ။ မိဘတွေဟာ သားသမီးတွေအတွက် အဖော်ကောင်းဖြစ်ရပါမယ်။ နားလည်မှုပေးနိုင်ရပါမယ်။ မျှဝေခံစားပေးနိုင်ရပါမယ်။ အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ပါ။
(၁) သင့်ကလေး ချော်လဲပြီး၊ တစုံတရာထိခိုက်မှုမရှိပါပဲ ငိုကြွေးနေလျှင် သင်ဘာကိုလုပ်မည်နည်း။
(က) ဒီလောက်တောင် နမော်နမဲ့နိုင်ရလား။ ချော်မလဲပါစေနဲ့ ပြောထားတယ်မလား။
(ခ) ကလေးဆန်မနေစမ်းနဲ့။ နာတာလဲ မဟုတ်ပဲ ဟန်ဆောင်နေတယ်။ အလကားကောင်လေး။
(ဂ) သားနာသွားလား။ မေမေ magic cream လေးလိမ်းပေးမယ်နော်။ ဘယ်နားလဲ။ ပလာစတာ ကပ်ပေးရမလား။
မိဘများအနေနဲ့ အဖြေ (ဂ)ကို ရွေးသင့်ပါတယ်။ ကလေးလေးတွေက ဂရုစိုက်ခံချင်တယ်ဆိုတာကို သတိပြုရပါမယ်။ ဒီနေရာမှာ တချို့က ပြောတတ်ပါတယ်။ ဟန်ဆောင်ချော်လဲပြနေရင်ရောတဲ့။ အဲလိုအပြုအမူမျိုးဆိုရင်တော့ ကိုင်တွယ်ရမယ့် ပုံစံက တမျိုးပါ။ တကယ်ချော်လဲမိပြီး၊ ငိုမဲ့မဲ့လေးဖြစ်လာတာဆိုရင်တော့ ဂရုစိုက်ပြပေးတာ အကောင်းဆုံးပါပဲ။ အပြင်ပန်းမှာ မထိခိုက်သွားပေမယ့် ချော်လဲတာကို စိတ်ထဲက လန့်သွားတာမျိုးကော မဖြစ်နိုင်ဘူးလား။ နောက်တခုကြည့်ရအောင်ပါ။
(၂) သင့်ကလေး စိတ်ရှုပ်ထွေးပုံပေါက်နေလျှင် သင်ဘာလုပ်မည်နည်း။
(က) စကားပြောကြည်ပြီး ဘာတွေဖြစ်နေလဲ၊ ဘာတွေခံစားနေရလဲ ဆိုတာ သိအောင်လုပ်မယ်
(ခ) ဂရုမစိုက်ပဲ ပစ်ထားလိုက်မယ်
(ဂ) ဘယ်လိုမျက်နှာဖြစ်နေတာလဲ။ အချိုးကိုပြင်စမ်း။ အလုပ်ရှုပ်ရတဲ့အထိ သူကတမျိုးလို့ ပြောမယ်
ဒီလိုမေးလာရင်တော့ လူတိုင်းက အဖြေ (က) ကိုရွေးကြမှာပဲ။ ဒါပေမယ့် တကယ်လက်တွေ့မှာ (ခ)နဲ့ (ဂ)တွေ လုပ်နေလေ့ရှိကြပါတယ်။
ကျွန်မတို့ ဘ၀မှာ မိဘ၊ ဆရာတွေ ပြောခဲ့တဲ့ စကားတွေက အနည်းနဲ့အများ လွှမ်းမိုးမှုတွေ ရှိတတ်ကြပါတယ်။ ကိုယ်လေးစား အထင်ကြီးတဲ့လူတွေက ပြောလိုက်တဲ့ အမှတ်မထင် စကားလေးတွေဟာ မိမိကိုယ်ကိုယုံကြည်မှုကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ ပြန်စဉ်းစား ကြည့်လိုက်ပါ။ မိဘ၊ ဆရာတွေ ပြောခဲ့တဲ့ အနုတ်စကားတွေ၊ ဝေဖန်ချက်တွေကို ကျွန်မတို့ ထူးထူးခြားခြား မှတ်မိနေတတ်ကြပါတယ်။ ကျွန်မငယ်ငယ်က ပုံဆွဲမတော်ဘူး။ ကြိုးစားဆွဲကြည့်ပါတယ်။ လေး၊ ငါးပုံကို ဆွဲပြီး ဆရာမကို ပြပါတယ်။ ဒါပေမယ့် ဆရာမက လုံးဝအကောင်းမပြောဖူး။ တသက်လုံး ပုံဆွဲတတ်တော့မယ် မထင်ပါဘူး လို့ မှတ်ချက်ပေးတယ်။ ဘာလို့လဲမသိဘူး။ အဲဒီကတည်းက အခုအချိန်ထိ ပုံဆွဲရမှာ ကြောက်နေတုန်းပဲ။ ပုံဆွဲတော့မယ်လုပ်တိုင်း ကျွန်မစိတ်ထဲမှာ အဲဒီတုန်းက စကားလုံးတွေက ပေါ်ပေါ်လာတယ်။
တခါက အရမ်းထင်ရှားကျော်ကြားတဲ့ ဗေဒင်ဆရာကြီးတယောက်ကလဲ ကျွန်မကို ဟောဖူးတယ်။ ”သမီးဘ၀မှာ မရည်ရွယ်ပဲ လူသတ်မှုတခုခု ဖြစ်သွားလိမ့်မယ်။ သူစိမ်းယောက်ျားတယောက်နဲ့ တမိုးအောက်မှာ ဘယ်တော့မှမနေပါနဲ့”တဲ့။ အဲဒီတုန်းကတော့ “တသက်လုံးအိမ်ထောင် မပြုရတော့ဘူးလား အဘရယ်” လို့ ပြန်နောက်လိုက်မိသေးတယ်။ သူက ပြန်ပြောတယ်။ “သေကွဲမဟုတ်ရင် ရှင်ကွဲတွေချည်းပဲ ပါတဲ့ဇာတာ”တဲ့။ ဘ၀မှာ တိုက်ဆိုင်သလိုမျိုးလေးတွေ ကြုံလာခဲ့ပေမယ့်၊ ကျွန်မက အဲလိုမျိုးတွေ သိပ်အယုံအကြည် မရှိတတ်ဘူး။ ကျွန်မအိမ်က ခေါ်သွားလို့သာ မေးဖြစ်သွားတာ။ ဒါပေမယ့် ဘ၀အနာဂတ်အတွက် စီမံကိန်းတွေဆွဲရင် အဲဒီစကားဟာ မသိမသာ ကျွန်မအတွေးထဲ ရောက်လာတတ်တာတော့ အမှန်ပဲ။ စကားလုံးတွေဟာ လူတွေရဲ့ အနာဂတ်ဘ၀ကို တခါတရံ ခြယ်လှယ်တတ်တယ် ဆိုတဲ့အကြောင်း ဥပမာအနေနဲ့ ဆိုလိုတာပါ။ အပြင်လူတွေရဲ့ စကားလေးတွေကတောင် မဆီမဆိုင် အတွေးထဲ ရောက်စေတတ်သေးရင် မိဘတွေရဲ့ စကားတွေဟာ ဘယ်လောက်ထိ သက်ရောက်စေနိုင်မလဲဆိုတာ သိသာပါတယ်။ အထူးသဖြင့် အားငယ်နေတဲ့အချိန်၊ ၀မ်းနည်းနေတဲ့အချိန်တွေမှာဆို ပိုဆိုးပါတယ်။ reassure လုပ်ကို လုပ်ပေးရပါတယ်။ နှစ်သိမ့်မှု ပေးရပါတယ်။
မိဘနဲ့ သားသမီးကြား မဟုတ်ပေမယ့် ဒါနဲ့ပတ်သက်ပြီး ကျွန်မမှာ အတွေ့အကြုံလေး တခုရှိခဲ့ဖူးပါတယ်။ ကျွန်မဂိုက်အနေနဲ့ စာသင်စတုန်းက ဆယ့်ခုနစ်နှစ် မပြည့်ခင်အချိန်ဆိုတော့ ကိုယ်ကလဲ ကလေးစိတ် သိပ်မကုန်ပါဘူး။ ကိုယ်တောင်ဒီစာကို ရသေးရင် သူကဘာလို့မရရမှာလဲ ဆိုပြီး တဘက်သတ်ကလဲ တွေးတတ်သေးတယ်။ ဒီလောက်ရှင်းပြနေတာကို ဘာလို့နားမလည်နိုင်တာလဲ ဆိုပြီး၊ ဒေါသကလဲ ထွက်တတ်သေးတယ်။ တရက်တော့ ကလေးတယောက်က လပတ်စာမေးပွဲမှာ သင်္ချာဂုဏ်ထူးမပါဘူး။ စိတ်ဆိုးလိုက်တာဆိုတာ မပြောပါနဲ့တော့။ ကျွန်မတော်တော်ကို ဆူပစ်လိုက်မိတယ်။ ကလေးမျက်ရည်တွေကျပြီး ရှိုက်ကြီးတငင် ထိုင်ငိုတော့မှ လွန်သွားပြီ သတိထားလိုက်မိတာပါ။ တကယ်တော့ ကျွန်မနဲ့ မတွေ့ခင်ကတည်းက သူအရမ်းဝမ်းနည်းနေပါတယ်။ တခန်းလုံးမှာ သူတယောက်တည်း ဂုဏ်ထူးမပါတာပါ။ တကယ်ဆို ကျွန်မလုပ်သင့်တာက အားပေးပြီး၊ နောက်ဒီလိုမဖြစ်အောင် အားနည်းချက်တွေကို အဖြေပြန်ရှာသင့်တာပါ။ တကယ်တော့ မကြိုးစားတဲ့ ကလေးလဲမဟုတ်ပါ။ သူ့မျက်နှာကိုကြည့်ပြီး၊ သူ့အရိပ်အကဲကို ကျွန်မသိတတ်ခဲ့ဖို့ကောင်းပါတယ်။ အဲဒီတုန်းက သူကျွန်မကို ဘယ်လောက်များ စိတ်နာသွားမယ် မသိဘူး။ ကျွန်မ ဂရုဏာဒေါသော ပြောလိုက်မိတဲ့ စကားတွေကလဲ သူ့ဘ၀မှာ ဘယ်လောက်ထိများ ရိုက်ခတ်သွားခဲ့မယ် မသိဘူး။ ဒီအဖြစ်အပျက်ဟာ နောက်ပိုင်းကျွန်မကို အမြဲအမှတ်ရနေစေခဲ့ပါတယ်။ ကလေးတယောက်ကို အပြစ်ရှိတဲ့အခါ မဆူရဘူး၊ ပြစ်ဒဏ်မပေးရဘူးလို့ ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ အချိန်အခါကို ကြည့်ပြီး၊ လိုက်လျောညီထွေ ဆက်ဆံဖို့ လိုတယ်ဆိုတာကိုပါပဲ။ အထူးသဖြင့်တော့ ၀မ်းနည်းအားငယ်နေချိန်မှာ ပြစ်တင်ဝေဖန်ခြင်း လုံးဝမလုပ်သင့်ပါဘူး။ တရက်၊ နှစ်ရက်နေမှ သူ့အခြေအနေကို ကြည့်ပြီး၊ အမှားကို သင်ခန်းစာယူဖို့ ပြောပြတာ လုပ်သင့်ရင်လုပ်ရမှာပါ။ တရက်၊ နှစ်ရက်လေးစောင့်လိုက်ရလို့ ဘာမှ ဖြစ်မသွားပါဘူး။ အဓိကအရေးကြီးတာကတော့ ကလေးရဲ့ အရိပ်အကဲကို သတိပြုမိဖို့ပါပဲ။ သူဘာတွေ ခံစားနေရတယ်၊ ဘယ်လိုအခက်အခဲတွေ ရှိနေတယ်ဆိုတာ သိရရင်၊ အားပေးထောက်ကူမှုတွေနဲ့ ဘ၀လမ်းကြောင်းကို ပဲ့ပြင်ထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။
အခု ဒီဆောင်းပါးလေးကို ကျွန်မဒီနေ့ သင်တန်းမှာ သိခဲ့ရတဲ့ အချက်လေးသုံးချက်ပေါ်မှာ ကျွန်မဆွေးနွေးခဲ့တဲ့ ဥပမာလေးတွေပါ ထည့်သွင်းပြီး၊ ရှိခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေနဲ့ မျှဝေခံစားတာပါ။ ကျွန်မဟာ child psychologist တယောက်မဟုတ်ပါဘူး။ ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်တယောက်လဲ မဟုတ်ပါဘူး။ မိဘတို့ သိသင့်တတ်သင့်တာ လေးတွေကို လေ့လာသင်ယူနေတဲ့ မိခင်တယောက်သာ ဖြစ်ပါတယ်။ တချို့သော မိဘများအတွက် တစုံတရာ အကျိုးရှိစေမယ်ထင်လို့ မျှဝေပေးခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် အမှားအယွင်းလေးတွေ၊ သဘောထား မတိုက်ဆိုင်တာလေးတွေရှိရင် ပြန်လည်မျှဝေ၊ ထောက်ပြပြောဆိုပေးကြဖို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။
ခင်မမမျိုး
Source>လူဗိုယ်ဟူသည်....
Posted by
SK.Lintan
at
1:10 AM
0
comments
Labels: ဖတ်စရာပြန်လည်မျှဝေခြင်း
Blog Archive
-
▼
2011
(191)
-
▼
August
(53)
- ဆလိုင်း – မိုင် အမေးအဖြေ
- ကျွဲရိုင်း
- Gmail အသုံးပြုနည်း
- Photoshop Degsign Drawing(Basic)
- ကလေးတွေရဲ့ မေးခွန်း
- ချင်းပြည်နယ် ခရီးစဉ် ခရီးသွားမှတ်တမ်း
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (၁)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (2)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (3)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (4)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (5)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (6)
- မြန်မာ စကားပုံများ(Myanmar Proverb)
- ရွှေနိုင်ငံသို့
- C box မှာလျှောက်လည်ရအောင်
- အကောင့်ကာနည်း
- ချင်းတောင်တန်းက အသည်းပုံ ရိရေကန် အကြောင်းတစ်စေ့တစ်...
- မေ့လျောနေခဲ့သော အာရှတိုက်၏ သူရဲကောင်း ဆလိုင်းတင်မေ...
- Happy World - Burma, the dictatorship of the absurd
- ယုံကြည်ချက် ကဗျာများ(၁)
- ဖခင်တယောက်ရဲ့ မကွယ်လွန်မီ မှာတမ်းစာ
- ISSUU.COM မှာစာအုပ်လုပ်နည်း
- တရုတ်လုပ် အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုးနဲ့  ...
- ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ သမိုင်း
- အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း
- Search box For blogger
- Easy making … Read more (blogger post)
- Wordpress လုပ်နည်း
- Peek-a-boo Post ဆိုတဲ့ Read More လုပ်တာပါ
- ဘလော့ဖောင့်တွေကို Zawgyi-One နဲ့ Unicode အဖြင့်လွယ...
- ဘလော့မှာ Kp-3 ရဲ့အသဲနှလုံးပုံလေးကျလာအောင်ထည့်ချင်ရင်
- မိမိ ဘလောက်မှာKp3 ရဲ့ twitter ငှက်လေးကိုယ့်ဆိုက်မှ...
- အဝေးရောက် ရွှေမြန်မာများအတွက် နိုင်ငံတကာ အဘိဓာန်
- Html ကုတ်ထည့်ရန် အကောင်းစား
- အချစ်သည် အပြစ်များကိုမမြင်ပါ
- အချိန်တစ်ခု
- ခေါင်းဆောင်မှု ကျင့်စဉ်
- ခေါင်းဆောင်မှု ကျင့်စဉ် (၂)
- ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်
- လူကို " စိတ် " က အုပ်စိုးသည်
- စကား
- သတ္တိ
- ပန်းဂေါ်ဖီစိမ်းမှ ဒြပ်ပေါင်းက ရင်သားကင်ဆာကို ဟန့်တာ...
- ကဗျာဘွဲ့မှူး...ပဲ့တင်သံ
- ကဗျာဘွဲ့မှူး...စက်ကွင်း
- Peekaboo ပို့စ်ခေါက်နည်းအသေးစိတ်
- သေနတ်
- ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား ပေါက်ကရများ
- သားသားလို ချင်တာ သူ့ဆီမှာ ရှိတယ်(၁)
- သားသားလို ချင်တာ သူ့ဆီမှာ ရှိတယ်(၂)
- သားသမီးများနှင့် ဆက်ဆံရာဝယ်
- ကင်ဆာရောဂါအတွက်ထူးတဲ့အာလူး
- ပညာရှိတို့၏ အဆိုအမိန့် (အောင်သစ်)
-
▼
August
(53)















