ဒီပုံကတော့ ရေသူမ ပုံမဟုတ်ဘူး။ချင်းမလေး ဂျပ်ခုပ်ပုံပါ။
ရေသူမလေးပုံပြင်ကို ပြောပြမယ်။ ပထမဦးစွာ အရေးအသား ညံ့တာရယ်၊စာလုံးပေါင်းမမှန်တာတွေ အတွက် နားလည်ပေးကြပါ လို့တောင်းပန်ပါရစေ။ ဒီပုံပြင်လေးကတော့ တကယ်လိုလို ဒဏ္ဍာရီလိုလို ဖြစ်နေတယ်။
ပုံပြင်လေးကတော့ ဒီလိုပါ...
ရှေးရှေးတုန်းက ကောင်လေးတစ်ယောက်က ချောင်းသွားတယ်။ ငါးထွက်ရှာတာပေါ့။ သူငါးရှာတဲ့ ရေကန်ဘေးမှာ ကောင်မလေး ဂျပ်ခုပ်၊ယက်ကန်းယက်နေတာ နောက်ဘက်ကနေ မြင်လိုက်တယ်။ ကောင်မလေးက နောက်ဘက်မှာ ကြည့်တော့ အရမ်းလှနေတယ်။ အလွန့်အလွန် လှလွန်းတော့လည်း ကောင်လေးက သူမ မျက်နှာကို မြင်ချင်တာပေါ့။ အမှန်တော့ မြင်မြင်ချင်းချစ်တာပေါ့။
ကောင်လေးကစပြောတယ်...ကောင်မလေးရေ မင်းမျက်နှာလေး မြင်ခွင့်ရမယ် ဆိုရင် ခဏလေး မြင်ပါရစေ။ ကောင်မလေးက...ငါက မလှဘူး မမြင်ချင်ပါနဲ့။ အဲဆေး ကိုယ့်လမ်းကို သွားစမ်းပါကွာ။ ဒါပေမယ့် ကောင်လေး အကြိမ်ကြိမ် ပူဆာတာနဲ့ နောက်ဆုံးတော့...ကောင်မလေးကပြောတယ်...ငါ့မျက်နှာမြင်ရင် မင်းမပြေးနဲ့နော်။ ဘယ်ပြေးမလဲ...နောက်ဘက်မှာ ကြည့်ရင်တောင် ဒီလောက်လှတဲ့ ကောင်မလေး။ မပြေးဘူး ကတိ ကတိ။ တကယ်မပြေးနဲ့နော်။ မပြေးဘူး မြန်မြန်တာ ဖူးမြှော်ခွင့်ပြုပါ။
ဒါနဲ့ကောင်မလေးလည်း မတတ်နိုင်လို့ ကောင်လေးရှိရာဖက်ကို လှည့်လာတယ်။ သူ့မျက်နှာက ချောက်ကမ်းပါးကြီးပဲ။
ရေတံခွန်လို ရေတွေကျ လာတာကောင်လေးတွေ့လိုက်တယ်။ သူမျှော်လင့်တဲ့ ကောင်မလေး မျက်နှာနဲ့တော့ ခစီးတခြား လီးတခြား ဆိုသလိုပေါ့ဗျာ။
ကောင်လေးက ကြောက်လန့်တကြားနဲ့ အိမ်ကိုပြေးသွားတော့တယ်။ လမ်းမှာ သူ့ခြေမ ကျောက်ခဲကို ကန်မိတာနဲ့ အဲဒီနေရာမှာ သွေးတွေ ကျကျန်နေတယ်။ နောက်ကနေ တကောက်ကော် လိုက်လာတဲ့ ကောင်မလေးက ကျကျန်ခဲ့တဲ့ သူ့သွေးကို လျှာနဲ့ယက်တယ်။ ကောင်လေးက အိမ်ကို ရောက်ပြီး သူ့အဖြစ်အပျက်တွေ ကို သူ့မိဘတွေ ပြောပြပြီးမှတော့ အသက်ကို ရှုံးသွားရှာတယ်တဲ့။အဲဒီရေ ကန်ကို အခုထိ ရေသူမလေးရဲ့ ဂျပ်ခုပ်စင်၊ယက်ကန်းစင် လို့ အမည်တွင် လျက်ရှိပါတယ်။
ပုံပြင်လေး ကတော့ ဒါပါပဲ.....
google မှာ သွားရှာကြည့်တော့ ရေသူမလေးတွေ လှနေတာပဲ။
ချင်းပြည်က မုန်းချောင်းမှာပါ။ မုန်းချောင်းက ချင်းပြည် တောင်ပိုင်းမှာ မြစ်ဖျားခံပြီး ဧရာဝတီမြစ်ထဲ ကိုစီးဝင်ပါတယ်။ ခေတ်အခြေအနေကောင်းလာလို့ မြန်မာပြည် ပြန်ဖြစ်ရင်တော့ ဓာက်ပုံကိုပါ တင်ပေးမယ်။ အဲဒီ ရေကန်နားမှာ လူအုပ်လိုက် သွားရင်တော့ မကြောက်ဘူး။ တယောက်တည်းသွားရင်တော့ ပုံပြင်ထဲက ရေသူမလေးကို မြင်တော့ မလိုလို ရေကန်ကြည့်ရင် စိမ်းသလိုလို ပြာသလိုလို ကြက်သီးတွေ ထတတ်ပါတယ်။ အပေါ်ကပုံ ကိုကြည့်လိုက်ရင် ရေသူမလေး ယက်ကန်းယက်တဲ့ပုံစံ ကွက်တိပဲ။ ရေသူမလေးထိုင်တဲ့နေရာ ယက်ကန်းသွား ချိတ်တဲ့နေရာ ကွက်တိဖြစ်နေတယ်။ အဲဒီယက်ကန်းစင်ရှိတဲ့ ဘက်ကို သွားလာလို့ အဆင်မပြေဘူး။ချောက်ကြီး ဖြစ်နေတယ်။ တဖက်ကမ်း မှာတော့ သွားလာလို့ အဆင်ပြေတယ်။ကောင်လေးလည်း သွားလာလို့ရတဲ့ ဘက်မှာ ရပ်မှာကတော့ သေချာတယ်။သဘာဝရဲ့ ဖန်တီးမှု နဲ့ ပုံပြင် ကတော့တိုက်ဆိုင်မှု လား။တကယ်လား တော့ကျနော် လည်းမသိဘူး။
အားလုံးကို ကျေးဇူးတင်လျက်....ဇက်ဗီလင်းတန်း
Category
- Cbox (4)
- Chin Music Videos (15)
- Cho Music Mp3 (7)
- Dictionary (1)
- Facebook (4)
- Gmail N Gtalk (6)
- Google + Facebook (1)
- HTML Code (1)
- IT (23)
- Lwin Moe Travelling (1)
- Mizo Music Videos (1)
- MM-Music Videos Full Album (29)
- MM-Musicmp3 (3)
- MM-MusicVideos (3)
- Movie (3)
- PhaiKhaw Videos (10)
- Photo Gallery (1)
- Poems (27)
- ကချင်သီချင်း (1)
- ချင်းတောင်တန်း (13)
- စာအုပ်များ (9)
- ဖတ်စရာပြန်လည်မျှဝေခြင်း (20)
- ဗဟုသုတ (7)
- ဟာသ (5)
- ရေးသမျှလေးတွေ (3)
About Me
- SK.Lintan
Powered by Blogger.
Blog Archive
-
▼
2011
(191)
-
▼
August
(53)
- ဆလိုင်း – မိုင် အမေးအဖြေ
- ကျွဲရိုင်း
- Gmail အသုံးပြုနည်း
- Photoshop Degsign Drawing(Basic)
- ကလေးတွေရဲ့ မေးခွန်း
- ချင်းပြည်နယ် ခရီးစဉ် ခရီးသွားမှတ်တမ်း
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (၁)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (2)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (3)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (4)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (5)
- ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (6)
- မြန်မာ စကားပုံများ(Myanmar Proverb)
- ရွှေနိုင်ငံသို့
- C box မှာလျှောက်လည်ရအောင်
- အကောင့်ကာနည်း
- ချင်းတောင်တန်းက အသည်းပုံ ရိရေကန် အကြောင်းတစ်စေ့တစ်...
- မေ့လျောနေခဲ့သော အာရှတိုက်၏ သူရဲကောင်း ဆလိုင်းတင်မေ...
- Happy World - Burma, the dictatorship of the absurd
- ယုံကြည်ချက် ကဗျာများ(၁)
- ဖခင်တယောက်ရဲ့ မကွယ်လွန်မီ မှာတမ်းစာ
- ISSUU.COM မှာစာအုပ်လုပ်နည်း
- တရုတ်လုပ် အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုးနဲ့  ...
- ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ သမိုင်း
- အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း
- Search box For blogger
- Easy making … Read more (blogger post)
- Wordpress လုပ်နည်း
- Peek-a-boo Post ဆိုတဲ့ Read More လုပ်တာပါ
- ဘလော့ဖောင့်တွေကို Zawgyi-One နဲ့ Unicode အဖြင့်လွယ...
- ဘလော့မှာ Kp-3 ရဲ့အသဲနှလုံးပုံလေးကျလာအောင်ထည့်ချင်ရင်
- မိမိ ဘလောက်မှာKp3 ရဲ့ twitter ငှက်လေးကိုယ့်ဆိုက်မှ...
- အဝေးရောက် ရွှေမြန်မာများအတွက် နိုင်ငံတကာ အဘိဓာန်
- Html ကုတ်ထည့်ရန် အကောင်းစား
- အချစ်သည် အပြစ်များကိုမမြင်ပါ
- အချိန်တစ်ခု
- ခေါင်းဆောင်မှု ကျင့်စဉ်
- ခေါင်းဆောင်မှု ကျင့်စဉ် (၂)
- ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်
- လူကို " စိတ် " က အုပ်စိုးသည်
- စကား
- သတ္တိ
- ပန်းဂေါ်ဖီစိမ်းမှ ဒြပ်ပေါင်းက ရင်သားကင်ဆာကို ဟန့်တာ...
- ကဗျာဘွဲ့မှူး...ပဲ့တင်သံ
- ကဗျာဘွဲ့မှူး...စက်ကွင်း
- Peekaboo ပို့စ်ခေါက်နည်းအသေးစိတ်
- သေနတ်
- ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား ပေါက်ကရများ
- သားသားလို ချင်တာ သူ့ဆီမှာ ရှိတယ်(၁)
- သားသားလို ချင်တာ သူ့ဆီမှာ ရှိတယ်(၂)
- သားသမီးများနှင့် ဆက်ဆံရာဝယ်
- ကင်ဆာရောဂါအတွက်ထူးတဲ့အာလူး
- ပညာရှိတို့၏ အဆိုအမိန့် (အောင်သစ်)
-
▼
August
(53)
About Me
- SK.Lintan
VISITORS
Showing posts with label ရေးသမျှလေးတွေ. Show all posts
Showing posts with label ရေးသမျှလေးတွေ. Show all posts
Sunday, July 10, 2011
Wednesday, May 25, 2011
နတ်သမီးလေးသို့.....ပြန်စာ
ဒီမနက်စောစောပဲ ငါ့ရဲ့သေတ္တာဟောင်းလေး ဖွင့်ကြည့်တယ်။
သေတ္တာရဲ့အောက်ခြေကြမ်းပြင်မှာ လှလှလေး ခေါက်ထားတဲ့ စာ
လေးတစ်စောင် ငါတွေ့လိုက်တယ်။
ဘာစာများလဲလို့ ဖောက်ဖတ်ကြည့်တော့........
သြော်....ရက်စက်တတ်သော မင်းကို.........
မင်းကွာ.....မင်းက လှသလောက် မင်းရဲ့လက်ရေးလေး ကလည်း
လုံးလုံးဝိုင်းဝိုင်းလေးနဲ့...သိပ်လှနေတယ်ကွာ........
မင်းကွာ....မင်းရေးခဲ့တဲ့စာတွေ ဖတ်လိုက်ရင်းနဲ့ မင်းနဲ့ငါ့ရဲ့ အတိတ်
တွေဟာ ပြန်ဆန်းသစ်စေပါလား...မင်းကို လွမ်းလိုက်တာကွာ..........
မင်းကွာ...ငါ့ကို ဘယ်လောက်ထိချစ်တာလဲလို့.....မေးတော့...တစ်သက်စာ
အတွက်လေတဲ့...မင်းဖြေခဲ့တယ်နော်။မင်းက ဘာမဆို ပြောရင် အ
ကြောင်းပြချက်တွေ ခိုင်လုံအောင် မင်းပြောတတ်တယ်နော်။
အခုလည်း...ငါ့ကို ချစ်သေးရဲ့လား လို့ ပြန်မေးလိုက်ချင်တယ်။
အမြဲတမ်း အကြောင်းပြချက်တွေ ခိုင်လုံအောင် ပြောတတ်တဲ့ မင်းရဲ့
ဆင်ခြေတွေ တစ်ခါလောက်တော့ ပြန်ကြားချင်လိုက်တာ.............
ယုံချင်ယုံ မယုံချင်နေ...မင်းရဲ့ တစ်ချက်တစ်ချက် ပြုံးလိုက်တဲ့ အပြုံးဟာ
ငါကြည့်ကြည့်လိုက်တိုင်း လောကကြီးကို တကယ် ငြိမ်းချမ်းစေတာပဲ...ကွာ။
ငါ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ ဆေးရောင်တွေ လွင့်ပြယ်နေတဲ့ မင်းရဲ့ဓာတ်ပုံဟောင်း
လေးက အတိတ်ကို လှောင်ပြောင်နေ သလိုပါပဲ...........
မင်းအတွက် ငါရေးတဲ့ ကဗျာရဲ့ အောက်မှာ မင်းရေးထိုးထားတဲ့ မင်းရဲ့
နာမည်လှလှလေး............
အဲဒီ စာအုပ်လေးထဲမှာပဲ...မင်းထည့်ထားတဲ့ အနက်ရောင်နှင်းဆီ သေးသေး
လေးရယ်......ဆယ်တန်းတုန်းက ဟာနေတဲ့ ငါ့ရဲ့မှတ်စုတွေ ထဲမှာ မင်းကူးပေးတဲ့
မင်းရဲ့လက်ရေး လှလှလေးတွေ.........
မကြည့်ပါနဲ့လို့ အကြိမ်ကြိမ်တားတဲ့ ကြားက မကြည့်ခိုင်းရင် ငါစိတ်ကောက်မယ်နော်
ဆိုပြီး ငါကြည့်ခိုင်းတဲ့ ဒိုင်ရာရီ ထဲမှာ မင်းချမှတ်တားမြစ်ထားတဲ့ အမိန့်တော် စည်းကမ်း
ချက်တွေ......
ငါ့ရဲ့ခေါင်းရင်းမှာ တန်းစီနေတဲ့ မင်းရဲ့ ခရစ္စမတ်လက်ဆောင်လေးတွေ.....
ဒါတွေ အားလုံးဟာ ပုံပြင်တော့ မဟုတ်လောက်ဘူးနော်.......
ဒါပေမယ့်...တခါခါ ဒါတွေဟာ ပုံပြင်တွေပဲလား...
အိပ်မက်တွေလားလို့ ငါ့ကိုငါ မေးနေမိတယ်။
မင်းကို စိတ်နာပေမယ့် ဒီနေ့မနက်စောစော မင်းရဲ့စာလေးဖတ်လိုက်တော့.....
မင်းကို သတိရလိုက်တယ်ကွာ။
ဒီလိုနဲ့ပဲ....ဒီပြန်စာကို ငါချက်ချင်းရေးလိုက်တယ်။
ဒီစာကို ဖတ်ဖြစ်တယ် ဆိုရင်.....အတိတ်က ဇာတ်လမ်းတွေဟာ
ဝတ္တုတစ်အုပ်(သို့မဟုတ်)ပုံပြင်တစ်ခု(သို့မဟုတ်)ကဗျာ လေးတစ်ပုဒ်
လိုပဲ သဘော ထားပြီး ဖတ်လိုက်ပါ......။ ။
ဇက်ပီလင်းတန်း
Posted by
SK.Lintan
at
1:33 PM
0
comments
Labels: ရေးသမျှလေးတွေ
Friday, May 20, 2011
နော်ဝေရေနံဆီ နှင့်မြန်မာကျောက်စိမ်းတုန်းကြီး
နော်ဝေ ရေနံထုတ်လုပ်ပုံ ဂူဂယ်မှ
အစကတည်းက စာရေးညံ့တဲ့ စာရေးဆရာ...ဟီး..ကျောင်းထွက်ပြီး စာအုပ်နဲ့ဝေးတာ(၁၃)နှစ်ရှိလာတော့ စာလုံးပေါင်းတွေ သေချာပေါက်မှားမှာပဲ။ပြင်ဖတ်ပေးကြပါလို့ ဦးစွာ ပထမ တောင်းပန်ပါတယ်။
နော်ဝေနိုင်ငံသည် ၁၉၇၁ လောက်က ပင်လယ်ထဲ ရေနံတွေ အမြောက်အများတွေ့တာ နဲ့ ကမ္ဘာမှာ ချမ်းသာတဲ့ နိုင်ငံတစ်ခု ဖြစ်လာတယ်။ ၇၁ မတိုင်ခင်မှာ နော်ဝေနိုင်ငံလည်း ဆင်းရဲပြီး လူပေါင်းများစွာ အမေရိကန် ကိုပြောင်းရွှေ့နေထိုင်ကြသည်။ဟိုတစ်နေ့က နော်ဝေ ရေနံဆီ အကြောင်း သင်ပါသည်။ရေနံ ဖြစ်ပေါ်လာ ပုံကတော့ အားလုံးသိမယ်ထင်တယ်။ရေနံသည် သဘာဝဖြစ်တာမဟုတ်ဘူး။သဘာဝက ဖန်တီးတာပါ။အကြမ်းဖြင်း ပြောမယ်ဆိုရင် ဟိုရှေးရှေးတုန်း သေကြေးပျက်စီးကြတဲ့ အကောင်၊အပင်တွေကထွက်လာတဲ့ အညစ်အကြေးတွေ မိုးရေ ကြောင့် ပင်လယ်ဆီရောက်သွားတယ်။အောက်ခြေ စုစည်းရာကနေ အပေါ်မှာ များစွာသောမြေသားတွေက ဖိ၊ကြာလာတော့ ရေနံပေါ့ဗျာ။
ဒါကျနော် ထောက်ခံပါတယ်။မြန်မာ ပြည်မှာလည်း မြေနိပ်ပိုင်းမှာ ရေနံထွက်လို့ပါ။နော်ဝေလူတွေကတော့ တစ်နေ့ ရေနံ ကုန်လာမယ် ဆိုတာ သေချာသိကြတယ်။(ရေနံကုန်ရင် ရေနံမကုန်နိုင်အောင်လုပ်တံ့နည်းသူတို့သိကြတယ်)။
ပုံ..http://tunyadanaseinn.com/news/all-postsမှ
မြန်မာနိုင်ငံမှာ တွင်းထွက်များရှိသည့်အနက် ကျောက်စိမ်းတုန်းကြီးရွေးရတာ ကျောက်စိမ်းတွေနဲ့ရင်နှီးလို့ပါ။ဒီမှာ နည်းနည်း ရှည်လိုက်ဦးမယ်။ကျနော်၎တန်းကနေ ဆယ် တန်းအထိ နွေရာသီ ကျောင်းပိတ်တိုင်း ကချင်ပြည် ကိုရောက်နေလို့ပါ။ကျောက်သွားတူးတာ မဟုတ်။အစ်ကိုဆီ ငွေသွားတောင်းရင်း ရွာမှာကောင်မလေးတွေနဲ့ ရန်ဖြစ်လို့ သွားပုန်းတာပါ..ဟိ..
မြန်မာပြည်မှာလည်းတွင်းထွက် ပစ္စည်းကြောင့် ဝင်ငွေအမျောက်အများရ ရှိပါသည်။
ပုံ..http://www.lankamsma.org/2010/01/blog-post_19.html မှ
ကျနော် ဆရာမကိုမေးမိပါတယ်။နော်ဝေနိုင်ငံက ရေနံကြောင့်ချမ်းသာတယ်။ရေနံကရလာ တဲ့ငွေကို ဘယ်လို အသုံးပြုကြသလဲ။ဆရာမကပြောတယ်။ရေနံက ရလာတဲ့ဝင်ငွေရဲ့3% ကသာ နိုင်ငံအတွင်းလိုအပ်တဲ့ နေရာမှာ သုံးကြတယ်။ကျန်တဲ့ငွေနဲ့တော့ နိုင်ငံခြားမှာ စက်ရုံ(သို့)မြေနေရာ၊ဟိုတယ် စသဖြင့်ပေါ့ ဝင်ငွေရနိုင်တဲ့ နေရာ မျိုးမှာသာ သုံးကြတယ်တဲ့။ဥပမာ။ ။နိုင်ငံခြားမှာ ဟိုတယ် တစ်လုံးဝယ်မယ်။အဲဒီဟိုတယ်မှာ ဝင်ငွေ မကောင်းရင် တော့ ပြန်ရောင်းလိုက်ပေါ့။အမြတ်မရရင်တောင် အနည်းဆုံး အရင်းပေါ့။ဒီနည်းက ရေနံကုန် ရင်တောင် ရေနံ မကုန်တဲ့ နည်းပဲ။
ဒါနဲ့ ကျနော်တို့ကျောက်စိမ်းတုန်းကြီးတွေ ပြေးသတိရတယ်။ဟုတ်တယ် ကျောက်တွေလည်း တစ်နေ့တော့ ကုန်လာမှာပဲ။ ဒါဆိုရင် မြန်မာ ပြည်က ဘာနဲ့ ချမ်းသာတော့မလဲ။ကုမ္မဏီတွေ ဘာတွေ ညာတွေ ဆိုတာ လူတစ်ဦးတစ် ယောက်ကိုသာ ချမ်းသာစေတယ်။နော်ဝေမှာ ထွက်တဲ့ရေနံတွေ ကတော့ နော်ဝေ သား အားလုံးကပိုင်တယ်။ဒါဆိုရင် မြန်မာ ပြည်မှာထွက်တဲ့ တွင်းထွက်တွေရော လောပန်းတွေ ဟိုချောက်မှာ ငတ်ပြတ်နေတဲ့ မြန်မာနိုင် သားတွေ အားလုံး ပိုင်ဆိုင်သင့်တယ်။
ဒီရနာတွေကုန်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ် ဘယ်လိုဖြစ်မယ် ဆိုပြီး ကျနော်ရဲ့ အတွေးသက်သက်ပါ။ကျနော်တောင်ဒီလိုတွေးတယ် ဆိုရင် မြန်မာပြည်က တာဝန်ရှိသူတွေကို နည်းနည်းလေး စဉ်းစားစေချင် သည်။
ဇက်ပီ လင်းတန်း

11:23 PM
0
comments
Labels: ရေးသမျှလေးတွေ
Subscribe to:
Comments (Atom)