Mei Awm Law
Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

Saturday, August 13, 2011

ကျွဲရိုင်း

လမ်း မရှိ
ကား မရှိ
ငွေ မရှိ
အိမ် မရှိ

အလင်း မရှိ
လျှပ်စစ်မီး မရှိ
စားစရာ မရှိ
အားကိုးစရာ မရှိ

စည်း မရှိ
ကမ်း မရှိ
ဥပဒေ မရှိ
ကိုယ့်အဖို့ဘာမှ မရှိ

အစိမ်းရင့်ရောင်
ဝတ်စုံနဲ့
ကျွဲရိုင်းတွေ
ကခုန်နေတဲ့
အမိချင်းလျန်ကို
ကျွန်တော် အဘယ့်ကြောင့်
အမြဲတမ်း
လွမ်းမိပါသနည်း...?

ZP.Lintan

Sunday, August 7, 2011

ယုံကြည်ချက် ကဗျာများ(၁)

ဖတ်ချင်ရင် စာအုပ်ပေါ်က wiew in fullscreen ကိုကလစ်ပြီး အကြီးကြီးဖတ်နိုင်ကြောင်း

ကိုမင်းသုခ ဆီကဆွဲလာတာပါ...တောင်းချင်ရင် ကိုမင်းသုခဆိုက်မှာ သွားတောင်းကြပါ...ကျနော့် လို လမ်းသွား လမ်းလာ ဖတ်ချင်ရင် ဝင်ဖတ်နိုင်အောင် စာအုပ်လေးအဖြစ်တင်ထားပါတယ်...အလွယ်တကူဖတ်လို့ရ အောင်ပေါ့...

Wednesday, July 27, 2011

ပန်းလေး

ပန်းလေး
ကိုယ်ချစ်တဲ့
ပန်းလေးရယ်....

အနားမှာထား
မွှေးမွှေးပေးလိုက်ချင်တယ်
ဒါပေမယ့်......

မင်းနဲ့နှိုင်းဖို့
အနှိုင်းမဲ့
သြော်...
မနှိုင်းရက်ပါဘူး...

လှတဲ့ပန်းကလေး
ကိုယ့်ကြောင့်
နွမ်းမလား
စိုးရိမ်တယ်.....

ဇက်ဗီလင်းတန်း

Thursday, July 7, 2011

အကြင်နာ


အကြင်နာ မင်းအမုန်းတွေ အညှိုးတွေ
ရပ်တန့်ရင် ရပ်လိုက်ပါလား
တကယ် ဆိုရင် လူ့ဘဝဟာ
တိုတောင်းလွန်းပါတယ်...

အကြင်နာ ရန်ဖြစ်တာ
ဘာအကျိုးမှမရှိဘူး
ဦးနှောက်မရှိတဲ့
လူတွေရဲ့လုပ်ရပ်ပါ
ထပ်ပြောမယ်
ရန်ဖြစ်တာ ဘာအကျိုးမှမရှိဘူး
မင်းအချိုးတွေ ပြင်သင့်တယ်
ပြင်ပါတော့ကွာ...အကြင်နာ။

အကြင်နာ
မင်းကြောင့် လမ်းပျောက်သူတွေ
မင်းကြောင့် ဘဝပျက်သူတွေ
များနေပြီ...

နင့်လမ်း...ငါ့လမ်း
မလျှောက်သင့်တော့ဘူး
နင်လား...ငါလား
ခေတ်နောက်ကျနေပြီ
အတွေးသစ် အမြင်သစ်
အချစ်သစ်နဲ့ နေရာသစ်မှာ
အသက်ရှင်သင့်ပြီ.....

အကြင်နာ ငယ်ငယ်တုန်းက
အမြဲရွက်ဆိုဖူးတဲ့ စာတိုလေး
**စည်းလုံးညီညာ အောင်ကြောင်းဖြာတဲ့**
ဒါမမှန်ဘူးလို့ မပြောသင့်တော့ဘူး...

အကြင်နာ
မင်းရဲ့ အမုန်းတွေ
မင်းရဲ့ အညှိုးတွေ
မင်းရဲ့ အတ္တတွေ
မင်းရဲ့ တပ်မက်မှုတွေ
မင်းရဲ့ တဖက်သတ်
ကိုယ်ကျိုးတွေ ရပ်တန့်
မယ်ဆိုရင် ငါ့မျက်ရည်တွေလည်း
ခန်းခြောက်နိုင်ပါတယ်.....

အကြင်နာ မင်းနဲ့ငါ့ကြောင့်
ကမ္ဘာမြေကြီးတောင် စိမ်းလန်း
စိုပြေ လှပသွားမှာကတော့
အမှန်ပါပဲ အကြင်နာ....

ငါ့စာတွေကြောင့် ကဗျာ ဆရာကြီးများ မျက်စိနောက်နေပြီလားမသိ။ ကျနော်ကဗျာချစ်တယ် ကဗျာမရေးတတ်ဘူး။ ကျနော်ရေးတဲ့ စာတိုလေးတွေ ကို ကဗျာမှာပဲ အားနာနာနဲ့ ထည့်လိုက်တယ်။ ဒီနေ့ကျနော့ မွေးနေ့ အမှတ်တရလေး ဖြစ်အောင် ကြိုးစားပြီး ရေးကြည့်တာပါ။ရွာမပြန်နိုင်တာ ၁၂ နှစ်ကျော်နေပြီ။ ပြန်ဖို့လည်း ခရီးမပေါက်သေးဘူး။ လူလည်း အိုနေပြီ ရွာလည်းလွမ်းနေသည်။ လာရောက်ဖတ်ရှု အားပေးသူများကို အထူးကျေးဇူးတင်ပါသည်။
ဇက်ဗီလင်းတန်း

Sunday, July 3, 2011

တောင်ဇလပ်နီနီ


ဝေးနေသည် တောင်ဇလပ်နီနီ
ကမ္ဘာခြားနေသည် တောင်ဇလပ်နီနီ
အရမ်းလွမ်းနေသည် တောင်ဇလပ်နီနီ
နီးချင်သည် တောင်ဇလပ်နီနီ

ဆုတောင်းနေလည်း မပြည့်ဘူး တောင်ဇလပ်နီနီ
အော်ပြောနေလည်း မကြားဘူး တောင်ဇလပ်နီနီ
တောင်းပန်နေလည်း မရဘူး တောင်ဇလပ်နီနီ

ဒါပေမယ့်
တောင်ဇလပ်နီနီ
သွေးနီနီကြား
ရဲရဲပွင့်၏....

တောင်ဇလပ်နီနီ
အသည်းနီနီကြား
မြဲမြဲပွင့်၏....

လုံးဝ မဖြစ်နိုင်ဘူး
ဆိုတာ
တခါတလေ ကျတော့
ဖြစ်နိုင်တတ်တယ်
အဲဒီ အဲဒီ
တစ်နေ့တော့
ဒို့ပြန်ဆုံနိုင်ဖို့
ဖြစ်နိုင်ချေရှိသေးတယ်
တောင်ဇလပ်နီနီ

ဇက်ဗီလင်းတန်း...ဇလပ်နီနီ..သို့

Monday, June 27, 2011

ကဗျာချစ်သူ

ငါ ကဗျာတွေဖတ်နေတယ်
ငါ ကဗျာတွေရေးနေတယ်

ဒီနေ့ အပြင်မှာ မိုးတွေရွာနေတယ်
ဒီနေ့ အပြင်မှာနည်းနည်းချမ်းနေတယ်
ဒီနေ့ အထဲမှာလည်းနည်းနည်းချမ်းနေတယ်

နက်ဖြန် ဘာတွေဖြစ်လာမလဲငါမသိဘူး
နက်ဖြန် ဆိုတာရှိနေသေးရင်
နက်ဖြန် မှာပဲ ရေးလက်စ
ကဗျာလေး ဆက်ရေးဦးမယ်.....

ဘလောဂ်ဂါတွေ အားလုံးနက်ဖြန်နေ့လေး ပိုင်ဆိုင်ကြပါစေ...ဇက်ဗီလင်းတန်း

ချစ်သူ

မချစ်ရင် မနေနိုင်သူ
ငါပဲကွာ
ပညတ်ချက်နဲ့ဓလေ့တွေ
ကြားမှာ......

မမုန်းရင် မနေနိုင်သူ
နင်ပဲကွာ
လွတ်လပ်မှုနဲ့ အတိုင်းအဝိုင်းတွေ
ကြားမှာ

ပြောပါ ပြောပါ
မုန်းတယ် ဆိုတဲ့ စကား
ခွင့်လွှတ်ချစ်နေမယ်
ဆက်ချစ်နေမယ်
ထာဝရချစ်နေမယ်

ဇက်ဗီလင်းတန်း

Sunday, June 26, 2011

ရုတ်တရက်အမုန်း


သိပ်သိပ် ချစ်ကြတဲ့
မင်းနဲ့ငါ့ကြား
အချစ်တစ်ခုကလွဲရင်
ဘာပြဿနာမှ မရှိဘူးထင်တယ်.....

ဘာအကြောင်းပြချက်မှမရှိတဲ့
ရုတ်တရက်ကြီး
မုန်းတယ် ဆိုတဲ့စကား
နားကြားများ လွဲနေသလား....

မင်းဘက်မှာ ဒီလိုပြတ်သားပြီးမှတော့
ငါဘာတတ်နိုင်ဦးမလဲ
မုန်းမယ် ဆိုရင်လည်း
နည်းနည်းလောက်တော့ ကြိုတင်
အချက်ပြပါလား...

အခုတော့ ရုတ်တရက်ကြီး
ငါ့ဘက်မှာ ဘာမှကြိုတင်
ပြင်ဆင်မထားတော့
အတွေးတွေ ဇဝေဇဝါနဲ့
ဆုံးဖြတ်ချက်ချဖို့
ကမောက်ကမ ဖြစ်နေတယ်....

အနာဂတ်ခရီးမှာ မင်းနဲ့အတူနှင်ဖို့
မင်းနဲ့ အတူရေးဆွဲထားတဲ့
မျှော်လင့်ချက်တွေ
ရည်မှန်းချက်တွေ
ဇယားတွေ အားလုံး
ကယောက်ကယက်နဲ့
ရှုပ်ရှက် ခတ်ကုန်ပြီ.....

ဆက်လက်ကြိုးစားပါဦးမည်....ဇက်ဗီလင်းတန်း

Thursday, June 2, 2011

အွန်လိုင်းပေါ်က ချစ်သူ

မေ့ဖူးချင်သည်
မင်းရဲ့ပါးမို့မို့လေး
လှပလွန်းတဲ့ မင်းရဲ့အပြုံးတွေ
ချိုတာလွန်းတဲ့ မင်းရဲ့စကားသံ
ငါ့ဘဝတစ်ခုလုံးကို
မင်းမူ စိုးမိုးလွန်းလို့ပါကွာ....

ချစ်ဖူးချင်သည်
ကွန်ဗျူတာက
ထွက်လာတဲ့မင်းရဲ့အသံ
**ချစ်တယ် ချစ်တယ်**
ဆိုတာ
တကယ်တမ်းကျတော့
မရေရာလို့ပါ....

တွေ့ဖူးချင်သည်
ကွန်ဗျူတာ ဖန်သားရဲ့
ဟိုး...အပြင်ဘက်မှာ....


ဇက်ဗီလင်းတန်း


Monday, May 16, 2011

လွမ်းတယ်



အဖေ အမေ ရှိလျက်သားနဲ့
မခေါ်နိုင်တာ.................

ငယ်ဖော်တွေ ရှိလျက်သားနဲ့
မပျော် နိုင်တာ................

ပြည်တော် ရှိလျက်သားနဲ့
မပြန် နိုင်တာ.............

ဘာကြောင့် ညာကြောင့်လို့
မပြောချင်ပါဘူး ဟိုကြောင့်
ဒီကြောင့်လို့လည်း အကြောင်း
မပြချင်ပါဘူး...ငါ့ရဲ့ကံလို့ပဲ
မှတ်လိုက်တော့မယ်.......

တကယ်တော့
ဆေးရောင်စုံနဲ့ စီခြယ်ထားတဲ့
တိုက်အိမ်ကြီးဟာ ၀ါးကြမ်း
အိမ်လောက်တော့ သဘာဝ မကျပါဘူး။

အလုံပိတ်တဲ့ တိုက်ခန်းထဲက
အဲယားကွန်းဟာ ၀ါးကြမ်းကြားက
တိုးဝင်လာတဲ့ လေညင်းလောက်တော့
မအေးမြပါဘူး။

ရေခဲစိမ်ဘီယာဟာ တောင်ပေါ်ခေါင်ရည်
လောက်တော့ မချိုပါဘူး။
ဈေးကြီးကြီးနဲ့ဝယ်ရတဲ့ ရေသန့်ဗူးဟာ
စမ်းရေလောက်တော့ မအေးပါဘူး။

ဆီပြန်ဟင်းလျာတွေဟာ ပြာရည်ဟင်း
လောက်တော့ မမြိန်ရှက်ပါဘူး။

လူစီကားတဲ့နာမည်ကြီး ပန်းခြံကြီးဟာ
တောင်ပေါ် ရှုခင်းလောက်တော့
မသာယာပါဘူး။

မိတ်ကပ်ထူထူနဲ့ ရွှေအိုရောင်ဆံပင်
ပိုင်ရှင်မလေးဟာ တောသူမလေး
လောက်တော့ မယဉ်ပါဘူး။

ဒီမှာ.............................
ရွှေတွေ...ငွေတွေ အရာရာတွေနဲ့
ပြည့်နှက်ပေမယ့် စိတ်မချမ်းသာ
တာကတော့ အမှန်ပါပဲကွာ......

လူ့လက်မပါ...သဘာဝတရားနဲ့ လှပပြည့်စုံနေတဲ့
တို့ရဲ့ မွေးရပ် ဇာတိ ဌာနေဟောင်းကို
ပြန်ချင်လိုက်တာ လွမ်းလိုက်တယ်ကွာ.............

ရွာကိုလွမ်းလျက်....ZP.Lintan

Sunday, May 15, 2011

အဆိုးလေး

လုံခြုံစွာ သိမ်းထားတဲ့ ငါ့နှလုံးသား
မင်းမရောက်ရောက်အောင် ဝင်ပြီးတော့မှ
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်
ငါ့နှလုံးသား ဇရပ်မှ မဟုတ်တာ
အထပ်ထပ် ဒဏ်ရာတွေနဲ့
နာတယ်ကွာ...

ဖြူစင်စွာ ထားရှိတဲ့ ငါ့နှလုံးသား
မင်းမရရအောင် ယူပြီးတော့မှ
ပစ်ချင်ရာပစ် လွှတ်ချင်ရာလွှတ်
ငါ့နှလုံးသား ကျောက်ရုပ်မှ မဟုတ်တာ
အထပ်ထပ် ဒဏ်ချက်တွေနဲ့
နာတယ်ကွာ...

ယုံကြည်စွာ ပေးအပ်ထားတဲ့ ငါ့နှလုံးသား
ကြည်ဖြူစွာ မင်းသိမ်းထားသင့်တယ်
လူတစ်ဖက်သားကို
စာနာစိတ်
ညှာတာစိတ်
လုံးဝ ကင်းမဲ့သူရေ....

ZP.Lintan

သူဌေးသမီးလေး...သို့



ဟေ့....သူဌေးသမီးလေးရယ်
အသက်ရူနှုန်းတွေ မတူညီမှန်းငါသိတယ်......

ဟေ့....သူဌေးသမီးလေးရယ်
ပထ၀ီအနေထားတွေ မတူညီမှန်းငါသိတယ်.....
ကွယ်ရာမှာ...မင်းကို အကြိမ်ကြိမ်မုန်းမေ့ခဲ့တယ်
ငါ့ရင်ထဲမှာ...မင်းကို ဖျက်ဆီးလွှတ်ပစ်ခဲ့တယ်
ကြံရာကြံမိ...မင်းရဲ့မကောင်းကြောင်းတွေ
ပြောဖြစ်ခဲ့တယ်..........

ဒါပေမယ့်...မင်းနဲ့ဆုံတုန်း
မင်းရဲ့မျက်နှာလေး မြင်ရင်
လှိုက်ဖိုရင်ခုန်သံတွေ မြန်နေဆဲပဲ......
မင်းရဲ့အပြုံးလေးမြင်ရင်
စွဲမက်စွာ ခုံမင်နေဆဲပဲ.......

မင်းရဲ့အသံလေး ကြားရင်
စွဲလန်းစွာ တပ်မက်နေဆဲပဲ....
မင်းနှင့်ငါ ဆုံနိုင်ဖို့တော့
ငါဆုတောင်းရင်လည်း
ပြည့်ချင်မှ ပြည့်မယ်.....

လောကမှာ စည်းစိမ် ဥစ္စာ ဓန ဆိုတဲ့
တိုင်းတာခြင်းတွေ မရှိရင်တော့
မင်းနဲ့ငါ........။ ။

ZP.Lintan

Friday, May 13, 2011

မိုးနှင့်မြေ



၁။
မင်းလျှောက်ဖို့ ခင်းတဲ့လမ်းလေး
ခုတော့ ဟောင်းနွမ်းသွားပြီ
မင်းပန်ဖို့ထားတဲ့ ပန်းလေးလည်း
ခုတော့ ညိုးနွမ်းသွားပြီ........

Cho....
မင်းမလိုချင်တဲ့ ငါ့ဘ၀မှာ
မင်း...ကိုယ်အမြဲတမ်းလွမ်းနေလည်း
မိုးနဲ့မြေအရမ်း/အလှန်းဝေးကွာလွန်းတယ်။

၂။
မင်းအတွက် ထားတဲ့နှလုံးသားလေး
ခုတော့ ဆွေးမြေ့သွားပြီ
မင်းအတွက် ထားတဲ့ကိုယ့်ဘ၀လည်း/လေး
ခုတော့ ကြေကွဲသွားပြီ.......

ကျနော်စာသားလေးပါ။
ZP.Lintan.

အသပြာ ရန်ပွဲ



မလှပတဲ့ ဘ၀အတွက်
အဖြူအမည်း မျက်လုံးတွေအောက်မှာ
ခြေတွေလက်တွေ စကားပြောပြီး
အလုပ်လုပ်ရတဲ့ဘ၀ ဘုရားသခင်ရေ.
လာကယ်ပါဦးလို့ အော်ဟစ်ရတာ
အကြိမ်မနည်းတော့ဘူးကွာ။

ဘ၀အတွက် ချွေး...သွေးနဲ့
လုပ်ရတဲ့အလုပ်ရယ်.......
အလွမ်းတွေ အဆွေးတွေနဲ့
အိပ်မပျော်တဲ့ ညတွေမှာ
တရေးအိပ်ခဲ့လည်း အိပ်မက်ထဲမှာ
လက်တွေ့မှာရော ရဲ နဲ့ လိုက်ရပြေးရ...ပြေးရလိုက်ရ
ဘ၀အတွက် ပြေးလွှားနေတုန်းပဲ
ငါ့ဘ၀လေး ဘယ်ချိန်ငြိမ်းချမ်းခွင့်လေးရမလဲ။

မတည်မြဲတဲ့ အသပြာလေးအတွက်နဲ့
ဒီဟာကငါ့နေရာ ဟိုဟာကငါအရင်တွေ့တာ
လုကြယက်ကြ ဖြုတ်ကြထုတ်ကြ
သတ်ကြဖြတ်ကြ အသပြာရန်ပွဲ
ငါလွတ်မြောက် ချင်တာကြာပါပြီ။   ။

မလေးရှား(2006)Zp.လင်းတန်း

Wednesday, May 11, 2011

မလိုက်ပါရစေနဲ့ မေရယ်




မလိုက်ပါရစေနဲ့ မေရယ်
မြို့ကြီးပြကြီးမှာ
အသွားအလာမတတ်ရင်
မင်း အရှက်တွေကွဲလိမ့်မည်

မလိုက်ပါရစေနဲ့ မေရယ်
ဆွေတွေမျိုးတွေ အသိုင်းအ၀ိုင်း
တွေကြားမှာ
မင်း မျက်နှာငယ်လိမ့်မည်

မလိုက်ပါရစေနဲ့ မေရယ်
ဒီတောင်တန်းမှာ ငါနေရစ်မယ်
မင်းနဲ့ရှိတဲ့ တဒင်္ဂလေး
အချိန်တွေကိုပဲ
ကျေနပ်စွာ ထွေးပိုက်ရင်းနဲ့
ဒီတောင်တန်းမှာ ငါကျန်ရစ်မယ်။ ။

တောင်ဇလပ်မြေမှ...ဇက်ပီ

Tuesday, May 10, 2011

စိန်

သူငယ်ချင်းတို့ရေ
ကြားကြရဲ့လား
ရွှေဈေးကျလို့
စိန်ဈေးတက်သတဲ့ကွယ်

ကောလဟလ သတင်းလည်း
ထွက်လာသေးတယ်
ရွှေဈေးနှင့်စိန်ဈေး
အတူတူပဲတဲ့

ညီမလေးရေ
ဘာဈေးတက်တက်
ဘာဈေးကျကျ
ငါတို့နဲ့မဆိုင်သေးဘူးထင်တယ်
ဒီမနက်ဝမ်းရေး
ဖြေရှင်းဖို့အတွက်
ဟိုအန်ဒီရဲ့ဆိုင်မှာ
ဆန်တစ်ပြည်
အကြွေးသွားယူလိုက်ပါ။

ညနေကျရင် အစ်ကို
ရေရောင်းပြီး ရလာတဲ့
ငွေသွားပေးမယ်လို့
ပြောလိုက်ပါ။   ။
ဇက်ပီ

Monday, May 9, 2011

ဘယ်သူလဲ



ကိုယ့်ရဲ.စက်ဘီး ဘယ်သူ“မ”မှန်းမသိ

“မ”၍ ပျောက်သည်.......

ကိုယ့်ရဲ.ထမင်း ဘယ်သူစားမှန်းမသိ

စား၍ ကုန်သည်........

ကိုယ့်ရဲ.ချစ်သူ ဘယ်သူချစ်မှန်းမသိ

ထွက်၍ ပြေးသည်..........

ကိုယ့်ရဲ.နှလုံးသား ဘယ်သူလွမ်းမှန်းမသိ

ဆွေးမြေ. သွားသည်.......

ကိုယ့်ရဲ.မျက်ရည် ဘယ်သူ့ကြောက်မှန်းမသိ

ကျ၍ လာသည်.........

ကိုယ့်ရဲ.ဘ၀ ဘယ်သူဖျက်မှန်းမသိ

ပျက်၍ သွားသည်........

မင်း.....ငါ့ကိုနည်းနည်းလောက်တော့

နားလည်ပေးသင့်တယ်။ ။

Zp.လင်းတန်း

Sunday, May 8, 2011

မိငယ်



မိငယ်...ရောင်စုံပန်းတွေ
ဖူးပွင့်နေတဲ့ ပန်းဥယျာဉ်မှာ
လိပ်ပြာတွေ ပျားပိတုန်းတွေ
ဝဲပျံကြစမြဲပါ...............

မိငယ်...ငါလည်းမင်းအနားမှာ
ဝဲပျံ ခဲ့ဖူးတယ်ဆိုရင်
ပျားပိတုန်း တစ်ကောင်ပေါ့....

မိငယ်...ငါ့ကြောင့်
လှပတဲ့ မင်းရဲ့ပွင့်ဖတ်တွေ
သင်းပျံ့နေတဲ့ ရနံ့တွေ
ချိုမြနေတဲ့ ၀တ်ရည်...၀တ်မှုံတွေ
ပွန်းပဲ့နေတယ် ဆိုရင်.........


မိငယ်...ငါဟာ
ပျားပိတုန်းရူး တစ်ကောင်လို့ပဲ
မှတ်လိုက်ပါ....နော်.....

Zp.လင်းတန်း

Saturday, May 7, 2011

မင်းကိုငါချစ်တယ်

ရင်မှာ ဒဏ်ရာ ဒဏ်ရာတွေ
အထပ်ထပ် ငါရရှိခဲ့တယ်

ရင်မှာ ဒဏ်ချက် ဒဏ်ချက်တွေ
အကြိမ်ကြိမ် ပြင်းထန်ခဲ့တယ်

နက်ဖြန်ဆိုတာ ရှိသေးရင်
မင်းလေးရက်စက်ပါဦး
ငါ့အသည်းဟာ သံမဏိ
မဟုတ်ပေမယ့်
ဆက်ချစ်ချင်သေးတယ်

မင်းရဲ့အမုန်းမြစ်တစ်စင်းမှာ
ပွန်းပဲ့နေတဲ့ငါ့အသည်း
လှေငယ်တစ်စင်း
ရွက်လွှတ်ချင်သေးတယ်

မင်းရဲ့အနက်ရောင်အကြည့်တွေ
မင်းရဲ့အနီရောင် စွန်းတဲ့ပါးမို့မို့လေး
မင်းရဲ့အနီရောင် နှုတ်ခမ်းမှာ
မင်းရဲ့ချိုသာလွန်းတဲ့ အဖြူရောင် အပြုံးတွေ
ငါပိုင်ဆိုင်ချင်သေးတယ်

ငါဟာ ချစ်တတ်တယ်
ငါဟာ ကြင်နာတတ်တယ်
ငါဟာ ခံစားတတ်တယ်

Zp.Lintan(7/4/2011)

Friday, May 6, 2011

ဆန့်ကျင်ဖက်


ပျက်ရင်းနဲ့လှလာတဲ့
ဂျင်းဘောင်းဘီ

နှင့်

ချစ်ရင်းနဲ့ကွဲလာတဲ့
ငါ့အသည်းဟာ
တစ်ခြားစီပါလား။ ။

ဇက်ပီလင်းတန်း

SK.LINTAN@2011