Mei Awm Law
Showing posts with label Facebook. Show all posts
Showing posts with label Facebook. Show all posts

Saturday, July 30, 2011

Facebookရဲ့ Password မေ့သွားလို့ ပြန်တောင်းချင်ရင်

ရွေဘိုသားလေး: အညားသားများတို့ရေ ကျွန်တော့် facebook password ကိုမေ့နေလို့ ဖွင့်မရဖြစ်နေပါတယ် အဲဒါလေးကို ဘယ်လိုလုပ်ရမလဲဆိုတာ တစ်ဆိတ်ကူညီပေးပါခင်ဗျာ။
စီဘောက်စ် မှာ ကိုရွှေဘိုသားလေး မေးသွားတာလေးပါ။
Facebook ရဲ့ Password မေ့သွားလို့ ပြန်တောင်းချင်ရင်
ပထမဆုံး Facebook webpage ကို ဦးဆုံးဖွင့်လိုက်ပါ။ ပြီးရင် အောက်က ပုံလေးမှာ ပြထားတဲ့ အတိုင်း
Forgot your password? ဆိုတဲ့ လင့်ကို ကလစ်နှိပ်လိုက်ပါ။
ထိုသို့ ကလစ်နှိပ်ပြီးပါက အောက်ပါပုံလေး ပေါ်လာပါလိမ့်မယ်။

အပေါ်ဆုံးမှာ ပါတဲ့ Enter your email or phone number ဆိုတဲ့ အကွက်ကလေးမှာ မိမိတို့
ဖေ့ဘုတ်ဖွင့်တုန်းက သုံးခဲ့တဲ့ မေးလ်ကို ရိုက်ထည့်ပေးရပါမယ်။ ပြီးရင် Search ကို ကလစ်နှိပ်လိုက်ပါ။
ပြီးလျှင် security check ဆိုတဲ့ ဘောက်စ်ကလေး ကျလာပါလိမ့်မယ်။ အဲဒီထဲမှာ
ရှိတဲ့စာတွေကိုအောက်ကဘောက်စ်လေးထဲကို ဖြည့်ပေးလိုက်ပါ။ ပြီးရင် Submit ကိုကလစ်ပါ။

အဲဒီနောက်မှာ Reset your password? ဆိုတဲ့ ဘောက်စ်ကလေး တစ်ခု ထပ်ကျလာပါလိမ့်မယ်။ အဲဒီမှာ
မေးလ်နာမည်နဲ့ ဖေ့ဘုတ်မှာ သုံးတဲ့နာမည်ပေါ်နေပါလိမ့်မယ့် ။ ကိုယ့် အကောင့်မှန်တယ် ဆိုရင်တော့
Reset password ကို ကလစ်နှိပ်လိုက်ပါ။

အဲဒီမှာ Password reset code ဆိုပြီး တောင်းလာပါလိမ့်မယ်။ အောက်ကပုံလေးကိုကြည့်ပါ။

အဲလိုတောင်းလာပြီဆိုရင် အဲဒီ စာမျက်နှာကို ဒီတိုင်းထားပြီး ကိုယ်ဖွင့်ထားတဲ့ Browser ကနေ New tab
ခေါ်ပြီး ဖေ့စ်ဘုတ် အကောင့်သုံးထားတဲ့ မေးလ်ကို ဖွင့်ပါ။ အဲဒီမှာ ဖေ့စ်ဘုတ်ကနေပို့ထားတဲ့
မေးလ်တစ်စောင်ရောက်နေပါလိမ့်မယ်။ ခေါင်းစဉ်ကတော့ You requested a new Facebook password
ဆိုပြီးရောက်နေပါလိမ့်မယ်။ အဲဒီမေးလ်ကို ဖွင့်ပြီး ကုတ်ကိုကူးယူလိုက်ပါ။

အဲဒီကုတ်ကို ခုနက ကျတော်ဖွင့်ထားခဲ့တဲ့ ဖေ့စ်ဘုတ် စာမျက်နှာကိုသွားပြီး ကုတ်တွေကို ထည့်ပေးလိုက်ပါ။
ပြီးလျှင် Submit Code ကို ကလစ်နှိပ်လိုက်ပါ။

အဲဒီမှာ Enter a new password ဆိုတဲ့ ဘောက်စ်ကလေးကျလာပြီး နဂို ပတ်စ်ဝေါ့
အဟောင်းထည့်ပေးစရာမလိုပဲ။ ပတ်စ်ဝေါ့ အသစ်ရိုက်ထည့်ဖို့ အကွက်ကလေး
နှစ်ကွက်ပေါ်လာပါလိ့မ်မယ်။ ပြီးရင်တော့ Change password ကို ကလစ်နှိပ်လိုက်ယုံပါပဲ။

အဲဒီအဆင့်တွေ အားလုံးပြီးသွားပြီဆိုရင်တော့ ပတ်ဝေါ့အသစ်ပြန်ရလို့ ဖေ့စ်ဘုတ် အကောင့်ကိုလည်း
ပြန်သုံးလို့ ရပါပြီ။
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Naywoonnini




Source>http://www.anyartargroup.com/2011/07/facebook-password.html

Monday, July 25, 2011

Facebook တွင်အသစ်တင်သမျှကို Gmail ကနေကြည့်ရအောင်



Facebook သုံးသူများအတွက်ပါ။ မိမိရဲ့ Facebook ကို မိမိရဲ့ Gmail window မှာကြည့်နိုင်ပါတယ်။ သူငယ်ချင်း။တစ်ယေက်ယောက်က အသစ်တင်တာနဲ့ သင့်ရဲ့ Gmail window ထဲက Facebook gadget မှာတန်းဝင်လာမှာပါ။ အသစ်မတင်လျှင် ယခင်တင်ပြီးသား အကြောင်အရာများ ပေါ်နေမှာပါ။
Gmail မှာ Facebook gadget တင်ရန် သင့် Gmail ကိုဖွင့်ပါ။ ထို့နောက် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Setting ကိုနှိပ်ပါ။ Gadgets ဆိုတဲ့ menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကိုသွားပါ။ ထို့နောက် Add any gadget by URL ကို Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs menu ရဲ့အောက်ဆုံးမှာရှိပါတယ်။ ပြီးလျှင် Gadgets menu ကို Setting menu ရဲ့အောက်မှာတွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add a gadget by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်က စာကြောင်းကို copy ကူးပြီးထည့်ပါ။

http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml



ပြီးလျှင် Add ကိုနှိပ်ပါ။ သင့် Gmail window က reload ပြန်လုပ်ပြီး Facebook window လေးက သင့် Gmail ရဲ့ဘယ်ဘက် side bar မှာပေါ်လာပါလိမ့်မယ်။ သင့် Facebook account နဲ့ log in လုပ်လိုက်ပါ။ သင့် Gmail window မှနေပြီး သင့် Facebook status ကိုအလွယ်တကူ ကြည့်နိုင်ပါပြီ။

http://www.komyat.com/ မှ

Facebook အကောင့်ကိုအသုံးမလိုတော့လို့ဖျက်ချင်သူများအတွက်

ကျွန်တော်တို့တွေအသုံးပြုနေတဲ့ Facebook အကောင့်တွေကိုအကြောင်းအမျိုးအမျိုးကြောင့်ဖျက်ချင်တဲ့သူများ
အတွက်နည်းလမ်းလေးပါ။အောက်မှာကျွန်တော်ပုံလေးတွေနဲ့လဲပြထားပေးပါတယ်။
  • အ၇င်ဆုံးမိမိဖျက်ချင်တဲ့အကောင့်ကိုဝင်လိုက်ပါ။ပြီး၇င် ဒီလင့် လေးကိုသွားလိုက်ပါ။ Submit ကိုနှိပ်လိုက်ပါ။
  • Permanently Delete Account ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်။အဲ့ဒီဘောက်လေးထဲမှမိမိတို့

    ဖျက်ချင်တဲ့အကောင့်၇ဲ့ password နဲ့ Txet in the box ထဲမှာသူပေးထာတဲ့စာလုံးလေးတွေကို၇ိုက်

    ထည့်ပြီး Okay ပေးလိုက်ပါ။နောက်ထပ်တခါထပ်ပြီးတော့ Okay ပေးလိုက်ပါ။ဒါဆို၇င်အကောင့်ကို

    ဖျက်လိုက်ပါလိမ့်မယ်။တကယ်လို့ အဲ့ဒီအကောင့်လေးကိုပဲပြန်လိုချင်တယ်ဆို၇င်တော့ 14 ၇က်အတွင်း

    အကောင့်နဲ့ပတ်ဝတ်ကို၇ိုက်ပြီးပြန်ယူလို့ပါတယ်။ 14 ၇က်ကျော်သွား၇င်တော့အကောင့်ကလုံးဝပျက်

    သွားပြီဖြစ်တဲ့အတွက်ပြန်ယူလို့၇မှာမဟုတ်တော့ပါဘူး။ 





အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ......



http://nayminmaungmaung.sbsangpi.com မှ

Facebook တွင် ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းနိုင်ရန်ပြုလုပ်ခြင်း

Facebook ဆိုတာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအများစုအသုံးပြုနေကြတဲ့ Social Network တစ်ခုဆိုတာ လူတိုင်းသိပါတယ်။ တစ်ခုရှိလာတာက လူတွေအများကြီးအသုံးပြုလာတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းသိမ်းနိုင်ဖို့လိုအပ်လာပါတယ်။ ဒီလိုထိန်းသိမ်းနိုင်ဖို့အတွက် Facebook ရဲ့ Privacy Setting ကိုအသုံးပြုနိုင်ဖို့လိုအပ်ပါတယ်။ Privacy Setting ဆိုတာကတော့ Home Page ရဲ့ ညာဘက်ထောင့်ဆုံးက Account အောက်မှာရှိပါတယ်။ Privacy Setting ကိုမိမိစိတ်ကြိုက်ပြင်ဆင်တဲ့အခါမှာ ၎င်းရဲ့အောက်မှာရှိတဲ့ Costomize setting မှာ ၀င်ရောက်ပြင်ဆင်ရမှာဖြစ်ပါတယ်။

Customize settings ရဲ့အောက်မှာတော့ Things I Share, Things other share နဲ့ Contact Information ဆိုပြီးသုံးမျိုးရှိပါတယ်။ အဲ့ဒီသုံးမျိုးအနက်က အရေးကြီးတဲ့ အချက်အလက်လေးတွေကိုပဲပြောသွား ပေးပါမယ်။

Things I Share ထဲမှာ မိမိရဲ့ကိုယ်ရေးအချက်အလက်တွေကို လူတိုင်းမမြင်တွေ့စေချင်ရင် Friends Only ကိုသာရွေးထားပေးရမှာဖြစ်ပါတယ်။

Things other Share မှာတော့
- သူတစ်ပါး မိမိကို Video & Photo တွေမှာ Tag လုပ်လို့မရအောင်ပြုလုပ်လိုတဲ့အခါ “ Photos and Videos I’m tagged in ’’ မှာပိတ်ထားနိုင်ပါတယ်။
- မိမိရဲ့ ရေးသားထားတဲ့ စာသားတွေကို ထိန်းချုပ်လိုရင်တော့ “ Can Comment on Posts ’’ မှာပြုလုပ်နိုင်ပါ တယ်။
- မိမိရဲ့စာမျက်နှာမှာ ဘယ်သူမှစာလာရေးလို့မရအောင်ပြုလုပ်လိုရင်တော့ “ Friends can post on my Wall ’’ ရှိ “ Enable ’’ ဘေးကအမှန်ခြစ်ကိုဖြတ်ခြင်းဖြင့် ပိတ်ထားနိုင်ပါတယ်။
မိမိရဲ့ပတ်သက်တဲ့ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေနဲ့အီးမေးလ်လိပ်စာတွေအထိ ဘယ်သူမှ မမြင်နိုင်အောင် ပြုလုပ်လိုရင်တော့ “ Contact information ’’ မှာပိတ်ထားနိုင်ပါတယ်။

Source >> Myanmar Internet Journal, April (28)

http://www.thaungyinriver.co.cc/ မှ

SK.LINTAN@2011